News

“ခန္ဓာကိုယ်နာကျင်ကိုက်ခဲသူများကို ထူးဆန်းတဲ့နည်း နဲ့ ကုသပေးတဲ့ လမ်းဘေးကုထုံးဆရာ(ရုပ်သံ)”

ယခင်က ဆရာဝန်များဟာ စုပ်ယူရန် အပေါက်ရှိတဲ့ တိရစ္ဆာန်ဦးချိုများကို သုံးခဲ့ကြပြီးမကြာသေးမီအချိန်များကပင်ဝါးနဲ့ဖန်ခွက်များခေတ်စားလာခဲ့သော်လည်း လမ်းဘေးက ကုထုံးဆရာအချို့ဟာ သူတို့ရဲ့ ဆေးပညာများ ဆက်လက်တည်ရှိရန် ကျွဲချိုကို အားကိုးနေဆဲဖြစ်ပါတယ် ။လမ်းပေါ်ကုထုံးဆရာများထံ လာရောက်ကုသတဲ့ လူများဟာ များသောအားဖြင့် သူတို့ရဲ့ အဆစ်များ နာကျင်ခြင်း၊ ခေါင်းမူးခြင်း၊ တုပ်ကွေးနဲ့ နာကျင်ခြင်းများခံစားရတဲ့ သူများဖြစ်ပါတယ် ။

“ စုပ်ခွက်အတွက် ဖန် (သို့) ဝါးခွက်ကိုသုံးတဲ့ အခြားကုထုံးဆရာများရှိသော်လည်း ဂျကာတာမှာတော့ ကျွဲချိုကိုသုံးတယ်။ ဦးချိုကို သုံးတာ နှစ်ထောင်ချီကြာပြီမို့ အန္တရာယ်မရှိနိုင်ဘဲ ခန္ဓာကိုယ်ကို နွေးထွေးစေပြီးသွေးလည်ပတ်မှုကောင်းစေတယ်”လို့လမ်းကုထုံးဆရာAwin Saksena ကဂုဏ်ယူစွာ Storytrender သို့ ပြောကြားခဲ့ပါတယ် ။အချို့သော cupping ကျွမ်းကျင်သူ ကုထုံးဆရာများက ကျွဲချိုကိုအသုံးပြုခြင်းဟာ လူနာကို ရောဂါကူးစက်စေတဲ့အပြင် ပိုးကူးစက်ခြင်းကိုဖြစ်စေတယ်လို့ ယုံကြည်သောကြောင့် လမ်းကုထုံးဆရာ Awin Saksena ရဲ့ပြောဆိုချက်ကိုအချို့ကသဘောမတူပါ ။

၎င်းဟာ အမှန်တကယ် ဆေးဝါးထက်အများကြီးစျေးသက်သာပြီး ကုသနည်းဟာ အချိန်နဲ့ ငွေ အနည်းငယ်သက်သာစေရုံမက ၎င်းကုထုံးနည်းနဲ့ ကုသလို့ အကိုက်အခဲရောဂါမှ သက်သာလာတဲ့ သူတွေလည်း အများကြီးရှိပါတယ် ။ ထို့ပြင် ကျွဲချိုနဲ့ အသုံးပြုသူများကို Super Mario ဇာတ်ကောင်နဲ့လည်း တူစေပါတယ် ။

Zawgyi

ခႏၶာကိုယ္နာက်င္ကိုက္ခဲသူမ်ားကို ကြၽဲခ်ိဳနဲ႔ စုပ္ယူတဲ့ ကုထုံးကုနည္းကို သုံးေနဆဲျဖစ္တဲ့ လမ္းေဘးကုထုံးဆရာ(႐ုပ္သံ)

ယခင္က ဆရာဝန္မ်ားဟာ စုပ္ယူရန္ အေပါက္ရွိတဲ့ တိရစာၦန္ဦးခ်ိဳမ်ားကို သုံးခဲ့ၾကၿပီး မၾကာေသးမီအခ်ိန္မ်ားကပင္ ဝါးနဲ႔ဖန္ခြက္မ်ားေခတ္စားလာခဲ့ေသာ္လည္း လမ္းေဘးက ကုထုံးဆရာအခ်ိဳ႕ဟာ သူတို႔ရဲ႕ ေဆးပညာမ်ား ဆက္လက္တည္ရွိရန္ ကြၽဲခ်ိဳကို အားကိုးေနဆဲျဖစ္ပါတယ္ ။ လမ္းေပၚကုထုံးဆရာမ်ားထံ လာေရာက္ကုသတဲ့ လူမ်ားဟာ မ်ားေသာအားျဖင့္ သူတို႔ရဲ႕ အဆစ္မ်ား နာက်င္ျခင္း၊ ေခါင္းမူးျခင္း၊ တုပ္ေကြးနဲ႔ နာက်င္ျခင္းမ်ားခံစားရတဲ့ သူမ်ားျဖစ္ပါတယ္ ။

“ စုပ္ခြက္အတြက္ ဖန္ (သို႔) ဝါးခြက္ကိုသုံးတဲ့ အျခားကုထုံးဆရာမ်ားရွိေသာ္လည္း ဂ်ကာတာမွာေတာ့ ကြၽဲခ်ိဳကိုသုံးတယ္။ ဦးခ်ိဳကို သုံးတာ ႏွစ္ေထာင္ခ်ီၾကာၿပီမို႔ အႏၲရာယ္မရွိႏိုင္ဘဲ ခႏၶာကိုယ္ကို ေႏြးေထြးေစၿပီး ေသြးလည္ပတ္မႈေကာင္းေစတယ္” လို႔ လမ္းကုထုံးဆရာ Awin Saksena က ဂုဏ္ယူစြာ Storytrender သို႔ ေျပာၾကားခဲ့ပါတယ္ ။အခ်ိဳ႕ေသာ cupping ကြၽမ္းက်င္သူ ကုထုံးဆရာမ်ားက ကြၽဲခ်ိဳကိုအသုံးျပဳျခင္းဟာ လူနာကို ေရာဂါကူးစက္ေစတဲ့အျပင္ ပိုးကူးစက္ျခင္းကိုျဖစ္ေစတယ္လို႔ ယုံၾကည္ေသာေၾကာင့္ လမ္းကုထုံးဆရာ Awin Saksena ရဲ႕ေျပာဆိုခ်က္ကိုအခ်ိဳ႕ကသေဘာမတူပါ ။

၎ဟာ အမွန္တကယ္ ေဆးဝါးထက္အမ်ားႀကီးေစ်းသက္သာၿပီး ကုသနည္းဟာ အခ်ိန္နဲ႔ ေငြ အနည္းငယ္သက္သာေစ႐ုံမက၎ကုထုံးနည္းနဲ႔ ကုသလို႔အကိုက္အခဲေရာဂါမွ သက္သာလာတဲ့ သူေတြလည္း အမ်ားႀကီးရွိပါတယ္ ။ ထို႔ျပင္ ကြၽဲခ်ိဳနဲ႔ အသုံးျပဳသူမ်ားကို Super Mario ဇာတ္ေကာင္နဲ႔လည္း တူေစပါတယ္ ။

crd