News

“အိမ်မှာမွေးထားတဲ့ ယုန်လေးတွေကို သခင်ဖြစ်သူကိုယ်စား အစာကျွေးပေးနေတဲ့ ခွေးလေးတစ်ကောင်ရဲ့ချစ်စဖွယ်မြင်ကွင်း (ရုပ်သံ)”

Unicode

ခွေးလေးတွေကို လူသားတို့အပေါ် မည်မျှသစ္စာစောင့်သိပြီး ဘယ်လောက်ကြီးမြတ်တဲ့တိရိစ္ဆာန်ဖြစ်ကြောင်းပြသရန် ” လူသားတို့ရဲ့အကောင်းဆုံးသူငယ်ချင်း”လို့ မကြာခဏအသုံးပြုဖော်ပြလေ့ရှိပေမဲ့လည်း ဤချစ်စဖွယ်ခွေးလေးတစ်ကောင်ကတော့၎င်းတို့ဟာအပေါင်းအသင်းကောင်းတစ်ခုထက်ပိုပြီး

၎င်းရဲ့ပိုင်ရှင်အားပိုမိုပေးဆောင်နိုင်ကြောင်း ပြသနေခဲ့ပါတယ်။Kalle လို့ခေါ်တဲ့ဒီခွေးလေးဟာသူ့ပိုင်ရှင်အတွက်လိမ္မာသိတတ်တဲ့အိမ်မွေးခွေးတစ်ကောင်ဖြစ်ပြီး

သူ့ရဲ့ခြံထဲကသူငယ်ချင်းတွေကိုအစာကျွေးသည့်အခါမှာကူညီပေးရန်အမြဲအဆင်သင့်ဖြစ်နေပုံရပါတယ်။မကြာသေးမီကပျံ့နှံ့သွားခဲ့တဲ့

ကြည်နူးစရာဗီဒီယိုတစ်ခုမှာ၊ Kalleဟာခြံထဲကယုန်လေးများကိုမုန်လာဥနီဖြင့်အစာကျွေးနေသည်ကို တွေ့မြင်နိုင်ပါတယ်။

ဂရုစိုက်မှုနှင့် မေတ္တာဖြင့် Kalle လေးဟာမုန်လာဥနီများကိုပါးစပ်ဖြင့် ကောက်ယူကာယုန်လှောင်အိမ်သို့ယူဆောင်သွားခဲ့ပါတယ်။

သို့ပေမဲ့၊ မုန်လာဥနီတွေကို မြေကြီးပေါ်ချပေးလိုက်မည့်အစား Kalleဟာနူးညံ့သောတိရိစ္ဆာန်များကိုသူ့ဘာသာသူ ကျွေးရန် စေတနာအလျောက်

သူ့ပါးစပ်ဖြင့်ကိုက်ထားပြီး ကျွေးနေခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ Kalle လေးကဆာလောင်နေတဲ့ယုန်များကိုအစာကျွေးနေသည့်

၎င်းရဲပါးစပ်မှမုန်လာဥနီအချိုကိုချိတ်ဆွဲထားသည်ကို ပြသထားပါတယ်။ယုန်များကမုန်လာဥနီကိုစားနေစဉ်မှာတော့ Kalle လေးက၎င်းတို့ကိုချစ်တဲ့မျက်လုံးများဖြင့် ကြည့်နေခဲ့ပါတယ်။

ထို့ပြင် ဗိုက်ဆာနေတဲ့ ဝက်ကလေးတစ်ကောင်ကသူ့အတွက်မုန်လာဥနီတစ်လုံးကို ဖမ်းဖို့ လျှောက်လာချိန်မှာတောင် Kalle ဟာ သူ့ယုန်သူငယ်ချင်းတွေအတွက်

သိမ်းထားတဲ့အချိုသီးတွေကိုဝက်ကလေးဆီလွယ်လွယ်နဲ့မစွန့်ပေးဘဲမုန်လာဥနီတွေကို ကိုက်ရင်း မတ်တပ်ရပ်နေခဲ့ပါတယ်။ ကြည့်ပုံအရ

ချစ်စရာကောင်းတဲ့ Kalle လေးကယုန်လေးတွေရဲအလှည့်ရောက်နေချိန်မှာအခြားတိရိစ္ဆာန်များက ၎င်းတို့ရဲ့အလှည့်ကို စောင့်ရမည့်အချိန်ဖြစ်ကြောင်းဝက်ကလေးကို သိစေချင်ခဲ့ပုံရပါတယ်။

ဒီတော့ချစ်စရာကောင်းပြီးသိတတ်လွန်းတဲ့ Kalle လေးရဲ့ယုန်လေးတွေက်ုစိတ်ရှည်လက်ရှည်နဲ့အစာကျွေးနေတဲ့ဗီဒီယိုကို အောက်မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ဗျာ။

ရုပ္သံ ၾကည့္ရန္

Crd

Zawgyi

ေခြးေလးေတြကို လူသားတို႔အေပၚ မည္မွ်သစၥာေစာင့္သိၿပီး ဘယ္ေလာက္ႀကီးျမတ္တဲ့တိရိစာၦန္ျဖစ္ေၾကာင္းျပသရန္ ” လူသားတို႔ရဲ႕အေကာင္းဆုံးသူငယ္ခ်င္း”

လို႔ မၾကာခဏအသုံးျပဳေဖာ္ျပေလ့ရွိေပမဲ့လည္း ဤခ်စ္စဖြယ္ေခြးေလးတစ္ေကာင္ကေတာ့ ၎တို႔ဟာ အေပါင္းအသင္းေကာင္းတစ္ခုထက္ပိုၿပီး

၎ရဲ႕ပိုင္ရွင္အားပိုမိုေပးေဆာင္ႏိုင္ေၾကာင္း ျပသေနခဲ့ပါတယ္။Kalle လို႔ေခၚတဲ့ဒီေခြးေလးဟာ သူ႔ပိုင္ရွင္အတြက္လိမၼာသိတတ္တဲ့အိမ္ေမြးေခြးတစ္ေကာင္ျဖစ္ၿပီး

သူ႔ရဲ႕ၿခံထဲကသူငယ္ခ်င္းေတြကိုအစာေကြၽးသည့္အခါမွာကူညီေပးရန္ အၿမဲအဆင္သင့္ျဖစ္ေနပုံရပါတယ္။မၾကာေသးမီကပ်ံ႕ႏွံ႔သြားခဲ့တဲ့

ၾကည္ႏူးစရာဗီဒီယိုတစ္ခုမွာ၊ Kalleဟာ ၿခံထဲကယုန္ေလးမ်ားကိုမုန္လာဥနီျဖင့္အစာေကြၽးေနသည္ကို ေတြ႕ျမင္ႏိုင္ပါတယ္။

ဂ႐ုစိုက္မႈႏွင့္ ေမတၱာျဖင့္ Kalle ေလးဟာ မုန္လာဥနီမ်ားကို ပါးစပ္ျဖင့္ ေကာက္ယူကာ ယုန္ေလွာင္အိမ္သို႔ ယူေဆာင္သြားခဲ့ပါတယ္။

သို႔ေပမဲ့၊ မုန္လာဥနီေတြကို ေျမႀကီးေပၚခ်ေပးလိုက္မည့္အစား Kalle ဟာ ႏူးညံ့ေသာတိရိစာၦန္မ်ားကို သူ႔ဘာသာသူ ေကြၽးရန္ ေစတနာအေလ်ာက္

သူ႔ပါးစပ္ျဖင့္ကိုက္ထားၿပီး ေကြၽးေနခဲ့ပါတယ္။ ဗီဒီယိုထဲမွာေတာ့ Kalle ေလးကဆာေလာင္ေနတဲ့ယုန္မ်ားကို အစာေကြၽးေနသည့္

၎ရဲပါးစပ္မွမုန္လာဥနီအခ်ိဳကိုခ်ိတ္ဆြဲထားသည္ကို ျပသထားပါတယ္။ယုန္မ်ားကမုန္လာဥနီကို စားေနစဥ္မွာေတာ့ Kalle ေလးက၎တို႔ကိုခ်စ္တဲ့မ်က္လုံးမ်ားျဖင့္ ၾကည့္ေနခဲ့ပါတယ္။

ထို႔ျပင္ ဗိုက္ဆာေနတဲ့ ဝက္ကေလးတစ္ေကာင္က သူ႔အတြက္ မုန္လာဥနီတစ္လုံးကို ဖမ္းဖို႔ ေလွ်ာက္လာခ်ိန္မွာေတာင္ Kalle ဟာ သူ႔ယုန္သူငယ္ခ်င္းေတြအတြက္

သိမ္းထားတဲ့ အခ်ိဳသီးေတြကို ဝက္ကေလးဆီ လြယ္လြယ္နဲ႔ မစြန႔္ေပးဘဲ မုန္လာဥနီေတြကို ကိုက္ရင္း မတ္တပ္ရပ္ေနခဲ့ပါတယ္။ ၾကည့္ပုံအရ

ခ်စ္စရာေကာင္းတဲ့ Kalle ေလးကယုန္ေလးေတြရဲအလွည့္ေရာက္ေနခ်ိန္မွာ အျခားတိရိစာၦန္မ်ားက ၎တို႔ရဲ႕အလွည့္ကို ေစာင့္ရမည့္အခ်ိန္ျဖစ္ေၾကာင္းဝက္ကေလးကို သိေစခ်င္ခဲ့ပုံရပါတယ္။

ဒီေတာ့ခ်စ္စရာေကာင္းၿပီးသိတတ္လြန္းတဲ့ Kalle ေလးရဲ႕ယုန္ေလးေတြက္ုစိတ္ရွည္လက္ရွည္နဲ႔အစာေကြၽးေနတဲ့ဗီဒီယိုကို ေအာက္မွာဆက္လက္ၾကည့္ရႈႏိုင္ပါတယ္ဗ်ာ။

Crd