Local News

ဆေးကုသမှုခံယူရန် ငွေမရှိတာကြောင့် ငွေရဖို့ သူစိမ်းတွေကို သီချင်းသီဆိုပြလေ့ရှိတဲ့ ကောင်လေး (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံက လူငယ်လေးတစ်ဦးဟာ သူ့ရဲ့ ရွှေရောင်အသံကြောင့် လူကြိုက်များပြီး သဘောကျနေကြပါတယ် ။ဆိုရှယ်မီဒီယာသုံးစွဲသူ Elisa Regalario Secillano မှ မျှဝေထားတဲ့ ပို့စ်တစ်ခုအရ Sta မြို့ရှိ Robinson’s Mall ရဲ့ food court မှာ သူတို့အဖွဲထမင်းစားနေစဉ် ထိုလူငယ်လေးက သူတို့အဖွဲ့နဲ့ချဉ်းကပ်ခဲ့ပြီး Rosaနဲ့ Laguna က အစပိုင်းမှာ ကောင်လေးကို လျစ်လျူရှုခဲ့ကြပေမယ့် Elisa ရဲ့သူငယ်ချင်းတစ်ယောက်က Tristan Dynel Gogit လို့ခေါ်တဲ့ ထိုကောင်လေးဟာ ပုံမှန်ကျောက်ကပ်ဆေးရန်လိုအပ်တာကြောင့် ဆေးကုသမှုခံယူရန် သူစိမ်းတွေကို သီချင်းများသီဆိုပြတယ်ဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ် ။

ကောင်လေးကလည်း သူ့မိဘတွေက ခွဲခွာပြီး သူ့မှာညီငယ်တွေရှိနေတာကြောင့် သူ့ကိုဆေးရုံပို့ဖို့ ငွေအလုံအလောက်မရှိခဲ့ပါဘူး ။ဒါ့ကြောင့် သူက သူကိုယ်တိုင် Dialysis စင်တာသို့ သွားခဲ့တယ်လို့ ဆိုပါတယ် ။ အဲဒီမှာ သူကတစ်ခါတစ်လေ အော်ပရေတာတွေကို သီချင်းအခမဲ့ဆိုသလို သူတို့က သူ့ကိုအခမဲ့ ဆေးစစ်ပေးကြပါတယ် ။ ကောင်လေးကို သနားသောအားဖြင့် Elisa တို့အဖွဲ့က ကောင်လေးကို ငွေပေးပြီး သီချင်းဆိုခွင့်ပြုခဲ့ပါတယ် ။ ကောင်လေးက“ Hesus” ဆိုတဲ့ ဓမ္မတေးသီချင်းကို စတင်သီဆိုတဲ့အခါ ထိုအဖွဲ့က သဘောကျသွားခဲ့ပါတယ် ။ Elisa က သီချင်းဆိုနေတဲ့ ကောင်လေးကို Video ရိုက်ထားပြီး ၎င်းကို Facebook မှာ မျှဝေလိုက်ပါတယ် ။

Tristan သီချင်းဆိုပြီးတဲ့အခါ Elisa နဲ့ သူမရဲ့သူငယ်ချင်းတွေက သူ့ကိုဆေးဝယ်ဖို့ ငွေလေးတွေ တစ်ယောက်နည်းနည်းပေးခဲ့ပြီးကောင်လေးကိုသူခံစားနေရတဲ့ ရောဂါတွေပျောက်ကင်းပြီး ခက်ခဲတဲ့ ဘဝမှ လွတ်မြောက်နိုင်ရန် မျှော်လင့်နေကြပါတယ် ။

Zawgyi

ေဆးကုသမႈခံယူရန္ ေငြမရွိတာေၾကာင့္ ေငြရဖို႔ သူစိမ္းေတြကို သီခ်င္းသီဆိုျပေလ့ရွိတဲ့ ေကာင္ေလး (႐ုပ္သံ)

ဖိလစ္ပိုင္ႏိုင္ငံက လူငယ္ေလးတစ္ဦးဟာ သူ႔ရဲ႕ ေ႐ႊေရာင္အသံေၾကာင့္ လူႀကိဳက္မ်ားၿပီးသေဘာက်ေနၾကပါတယ္ ။ ဆိုရွယ္မီဒီယာသုံးစြဲသူ Elisa Regalario Secillano မွ မွ်ေဝထားတဲ့ ပို႔စ္တစ္ခုအရ Sta ၿမိဳ႕ရွိ Robinson’s Mall ရဲ႕ food court မွာ သူတို႔အဖြဲထမင္းစားေနစဥ္ ထိုလူငယ္ေလးကသူတို႔အဖြဲ႕နဲ႔ခ်ဥ္းကပ္ခဲ့ၿပီး Rosaနဲ႔ Laguna က အစပိုင္းမွာ ေကာင္ေလးကို လ်စ္လ်ဴရႈခဲ့ၾကေပမယ့္ Elisa ရဲ႕သူငယ္ခ်င္းတစ္ေယာက္က Tristan Dynel Gogitလို႔ေခၚတဲ့ ထိုေကာင္ေလးဟာ ပုံမွန္ေက်ာက္ကပ္ေဆးရန္လိုအပ္တာေၾကာင့္ ေဆးကုသမႈခံယူရန္ သူစိမ္းေတြကို သီခ်င္းမ်ားသီဆိုျပတယ္ဆိုတဲ့ အေၾကာင္း ေျပာျပခဲ့ပါတယ္ ။

ေကာင္ေလးကလည္း သူ႔မိဘေတြက ခြဲခြာၿပီး သူ႔မွာညီငယ္ေတြရွိေနတာေၾကာင့္ သူ႔ကိုေဆး႐ုံပို႔ဖို႔ ေငြအလုံအေလာက္မရွိခဲ့ပါဘူး ။ ဒါ့ေၾကာင့္ သူက သူကိုယ္တိုင္ Dialysis စင္တာသို႔ သြားခဲ့တယ္လို႔ ဆိုပါတယ္ ။ အဲဒီမွာ သူကတစ္ခါတစ္ေလ ေအာ္ပေရတာေတြကို သီခ်င္းအခမဲ့ဆိုသလို သူတို႔ကသူ႔ကိုအခမဲ့ ေဆးစစ္ေပးၾကပါတယ္ ။ ေကာင္ေလးကို သနားေသာအားျဖင့္ Elisa တို႔အဖြဲ႕က ေကာင္ေလးကို ေငြေပးၿပီး သီခ်င္းဆိုခြင့္ျပဳခဲ့ပါတယ္ ။ ေကာင္ေလးက“ Hesus”ဆိုတဲ့ ဓမၼေတးသီခ်င္းကို စတင္သီဆိုတဲ့အခါ ထိုအဖြဲ႕ကသေဘာက်သြားခဲ့ပါတယ္ ။ Elisa ကသီခ်င္းဆိုေနတဲ့ ေကာင္ေလးကို Video႐ိုက္ထားၿပီး ၎ကို Facebook မွာ မွ်ေဝလိုက္ပါတယ္ ။

Tristan သီခ်င္းဆိုၿပီးတဲ့အခါ Elisa နဲ႔ သူမရဲ႕သူငယ္ခ်င္းေတြက သူ႔ကိုေဆးဝယ္ဖို႔ ေငြေလးေတြ တစ္ေယာက္နည္းနည္းေပးခဲ့ၿပီး ေကာင္ေလးကို သူခံစားေနရတဲ့ ေရာဂါေတြေပ်ာက္ကင္းၿပီး ခက္ခဲတဲ့ ဘဝမွ လြတ္ေျမာက္ႏိုင္ရန္ ေမွ်ာ္လင့္ေနၾကပါတယ္ ။

crd