Local News

တခါမှမသောက်ဖူးတဲ့ Milk Tea ကို အခမဲ့သောက်လိုက်ရတာကြောင့် ဝမ်းသာပျော်ရွှင်နေတဲ့ စျေးသည်အဘိုးအို

ကုန်ပစ္စည်းရောင်းတဲ့ အဘိုးအိုက နွားနို့လက်ဖက်ရည်ကို အခမဲ့ရရှိပြီး သူ့ရဲ့ ကုန်ပစ္စည်းဖြစ်တဲ့ တံမြက်စည်းနဲ့ သူရောင်းတဲ့အရာများကို ပြန်လည်ကမ်းလှမ်းပေးခဲ့ပါတယ် ။ Cavite ရှိDasmariñasရှိ Cabin Brew Milk Tea မှာ ရောင်းချနေတဲ့ Menu ပစ္စည်းများကို ကြည့်နေတဲ့အဘိုးအိုကို မြင်တွေ့ရပါတယ် ။

အဘိုးက သူဟာ ယခင်က နို့လက်ဖက်ရည်ကို တစ်ခါမှ မစမ်းဖူးကြောင်း ဝန်ခံခဲ့ပါတယ် ။ ဒါကြောင့်နို့လက်ဖက်ရည်စတိုးဆိုင်ကအမည်မဖော်လိုတဲ့ ကောင်လေးဟာ အဘိုးအိုကို သောက်စရာ မြည်းစမ်းရန် Menu ကိုကြည့်ပြီး အဖိုးကို ရွေးခိုင်းလိုက်ပါတယ် ။အဘိုးအိုက dark chocolate variant ကိုရွေးပြီး “ အများကြီး ကျေးဇူးတင်တယ်သားရယ်…” လို့ အဘိုးအိုက ပြန်ပြောခဲ့ပါတယ် ။

နောက်ဆက်တွဲဓာတ်ပုံထဲမှား အဘိုးအိုဟာ သူသောက်လိုက်ရတဲ့ နို့လက်ဖက်ရည်ကို အလွန်နှစ်သက်ကြောင်း သိသာထင်ရှားနေပါတယ် ။လူများစွာအတွက်တော့ နေ့စဉ်ပုံမှန်အချိုရည်ဘဲဖြစ်ပေမဲ့ ပထမဆုံးအကြိမ် မြည်းစမ်းလိုတဲ့ ဆင်းရဲတဲ့ အဘိုးအိုအတွက်တော့ ကြီးမားတဲ့ကိစ္စ ဖြစ်ခဲ့ပါတယ် ။သူ့ရဲ့ပျော်ရွှင်မှုအရ အဘိုးအိုဟာ သူ့တွန်းလှည်းထဲမှာပါတဲ့ ဘယ်ပစ္စည်းကိုမဆို လက်ဆောင်အဖြစ် သူ့ကို နို့လက်ဖက်ရည်တိုက်ပေးတဲ့လူငယ်ကို ပြန်ဆပ်ရန် ဆုံးဖြတ်လိုက်ပါတယ် ။

ကောင်လေးက အဘိုးရဲ့ ပစ္စည်းအားလုံးကို လိုချင်တယ်လို့ စနောက်ပြီး ရယ်ရယ်မောမောပြောနေချိန်မှာ ဒီpost က လူများစွာရဲ့နှလုံးသားကို ထိမိတဲ့အတွက် ပိုပျံ့သွားခဲ့ပါတယ် ။ အဲ့ဒီနောက် အဘိုးအိုက စတိုးဆိုင်ကနေ ပျော်ရွှင်စွာ ထွက်ခွာသွားလိုက်ပါတယ် ။

Zawgyi

ကုန္ပစၥည္းေရာင္းတဲ့ အဘိုးအိုက ႏြားႏို႔လက္ဖက္ရည္ကို အခမဲ့ရရွိၿပီး သူ႔ရဲ႕ ကုန္ပစၥည္းျဖစ္တဲ့ တံျမက္စည္းနဲ႔ သူေရာင္းတဲ့အရာမ်ားကို ျပန္လည္ကမ္းလွမ္းေပးခဲ့ပါတယ္ ။ Cavite ရွိDasmariñasရွိ Cabin Brew Milk Tea မွာ ေရာင္းခ်ေနတဲ့ Menu ပစၥည္းမ်ားကို ၾကည့္ေနတဲ့ အဘိုးအိုကို ျမင္ေတြ႕ရပါတယ္ ။

အဘိုးက သူဟာ ယခင္က ႏို႔လက္ဖက္ရည္ကို တစ္ခါမွ မစမ္းဖူးေၾကာင္း ဝန္ခံခဲ့ပါတယ္ ။ ဒါေၾကာင့္ ႏို႔လက္ဖက္ရည္စတိုးဆိုင္က အမည္မေဖာ္လိုတဲ့ ေကာင္ေလးဟာ အဘိုးအိုကို ေသာက္စရာ ျမည္းစမ္းရန္ Menu ကိုၾကည့္ၿပီး အဖိုးကို ေ႐ြးခိုင္းလိုက္ပါတယ္ ။အဘိုးအိုက dark chocolate variant ကိုေ႐ြးၿပီး “ အမ်ားႀကီး ေက်းဇူးတင္တယ္သားရယ္…” လို႔ အဘိုးအိုက ျပန္ေျပာခဲ့ပါတယ္ ။

ေနာက္ဆက္တြဲဓာတ္ပုံထဲမွား အဘိုးအိုဟာ သူေသာက္လိုက္ရတဲ့ ႏို႔လက္ဖက္ရည္ကို အလြန္ႏွစ္သက္ေၾကာင္း သိသာထင္ရွားေနပါတယ္ ။လူမ်ားစြာအတြက္ေတာ့ ေန႔စဥ္ပုံမွန္အခ်ိဳရည္ဘဲျဖစ္ေပမဲ့ ပထမဆုံးအႀကိမ္ ျမည္းစမ္းလိုတဲ့ ဆင္းရဲတဲ့ အဘိုးအိုအတြက္ေတာ့ ႀကီးမားတဲ့ကိစၥ ျဖစ္ခဲ့ပါတယ္။သူ႔ရဲ႕ေပ်ာ္႐ႊင္မႈအရအဘိုးအိုဟာ သူ႔တြန္းလွည္းထဲမွာပါတဲ့ ဘယ္ပစၥည္းကိုမဆို လက္ေဆာင္အျဖစ္ သူ႔ကို ႏို႔လက္ဖက္ရည္တိုက္ေပးတဲ့လူငယ္ကို ျပန္ဆပ္ရန္ ဆုံးျဖတ္လိုက္ပါတယ္ ။

ေကာင္ေလးက အဘိုးရဲ႕ ပစၥည္းအားလုံးကို လိုခ်င္တယ္လို႔ စေနာက္ၿပီး ရယ္ရယ္ေမာေမာေျပာေနခ်ိန္မွာ ဒီpost က လူမ်ားစြာရဲ႕ႏွလုံးသားကိုထိမိတဲ့အတြက္ ပိုပ်ံ႕သြားခဲ့ပါတယ္ ။ အဲ့ဒီေနာက္ အဘိုးအိုက စတိုးဆိုင္ကေန ေပ်ာ္႐ႊင္စြာ ထြက္ခြာသြားလိုက္ပါတယ္ ။

crd