ဗဟုသုတ

“အလွန် နုညံ့သိမ်မွေ့တဲ့ လင်းပိုင်တွေကို ရက်စက်တတ်တဲ့ ငါးမန်းတွေက ကြောက်ရွံ့ကြရတဲ့ အကြောင်းရင်း

လင်းပိုင်တွေဟာ အမြဲတန်း အုပ်စုနဲ့သွားလာ နေထိုင်ကြပြီး အချင်းချင်း စည်းလုံးပါတယ်။ တစ်ကောင်နဲ့ တစ်ကောင် ကူညီတတ်ကြတဲ့ သဘာဝလည်းရှိပါတယ်။

ငါးမန်းတွေဟာ အကောင်ကြီးတဲ့ လင်းပိုင်တွေထက် အကောင်သေးတဲ့ လင်းပိုင်ငယ်လေးတွေကို ပစ်မှတ်ထား ကာ တိုက်ခိုက်ချင်ကြပါတယ်။

များသောအားဖြင့် လင်းပိုင်ငယ်လေးတွေ ကို တိုက်ခိုက်တဲ့ အခါမှာ အခြားသောလင်းပိုင်အုပ်က ဝိုင်းဝန်း တိုက်ခိုက်တာ ကြောင့် မလွတ်နိုင်ပါဘူး။ လင်းပိုင်တွေ ရဲ့ အကြီးဆုံး အားသာချက်ကတော့ ဉာဏ်ကောင်းနေတာပါပဲ။

ရေထဲက ငါးမန်းရဲ့ အသံလှိုင်း ရွေ့လျားတာကို အာရုံခံပြီး ရှောင်သွားတာ၊တိုက်ခိုက်တာတွေကို ပြုလုပ်ပါတယ်။ ငါးမန်းတွေကပဲ လင်းပိုင်တွေကိုကြောက်ရတာမျိုး မဟုတ်ပါဘူး။ Florida မှာနေထိုင်တဲ့ လင်းပိုင်တွေရဲ့ကိုယ်ပေါ်မှာ ငါးမန်းနဲ့ တိုက်ခိုက်ထားတဲ့ ဒဏ်ချက်တွေကို တွေ့ရတတ်ပါတယ်။

ဒါကြောင့် လင်းပိုင်တွေအတွက်လည်း ငါးမန်းတွေက ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခုပါပဲ။ လင်းပိုင်တွေဟာ အုပ်စုဖွဲ့ စုပေါင်း နေထိုင်ကြပြီး ဉာဏ်ကောင်းတဲ့ ရေနေ နို့တိုက်သတ္တဝါ အမျိုးအစား ဖြစ်ပါတယ်။

ငါးမန်းတွေရဲ့ သဘာဝက တစ်ကောင်တည်း နေတတ်ကြပြီး သားရဲတိရစ္ဆာန်အမျိုးအစားပါ။ ငါးမန်းတွေဟာ လင်းပိုင်အုပ်ကို မြင်တဲ့အခါမှာ ရှောင်သွားတတ် ကြပြီး အထူးသဖြင့် Grampus dolphin နဲ့ Killer whales များကို ပိုပြီး ကြောက်ကြပါတယ်။

ဘာကြောင့် ရက်စက်တတ်တဲ့ ငါးမန်းတွေက နှစ်လိုဖွယ်အသွင် နဲ့ လင်းပိုင်တွေကို ကြောက်ရတာလဲ။ လင်းပိုင်တွေ ဟာ ငါးမန်းကို တွေ့တာနဲ့ ချက်ချင်းဆိုသလို အုပ်စုလိုက် တိုက်ခိုက်ကြပါတယ်။ ဒါက ငါးမန်းတွေက လင်းပိုင်တွေကို ရှောင်ရှားကြတဲ့ အဓိကအချက်ပါပဲ။

လင်းပိုင်တွေဟာ ဉာဏ်ရည်မြင့်မားတဲ့ အပြင် သူတို့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် အခြားသော အားသာချက်တွေလည်း ရှိပါတယ်။

လင်းပိုင်တွေရဲ့ အပေါ်ဖက်ရေယပ်ဟာ နူးညံ့တဲ့ အရေပြားနဲ့ ဖွဲ့စည်းထားတာကြောင့် သားကောင်ကို တိုက်ခိုက်တဲ့အခါမှာ အတော်မြန်ပါတယ်။ လင်းပိုင်တွေရဲ့ ဒေါင်လိုက်အမြီးကြောင့် ရေကူးတဲ့အခါမှာ မြန်ဆန်စေပြီး direction ပြောင်းတဲ့ အချိန်မှာလည်း မြန်စေပါတယ်။

ခေါင်းဖက်မှာရှိတဲ့ အရေပြားဟာ ထူပြီး သန်မာတာကြောင့် ငါးမန်းကို မြင်တဲ့အခါမှာ သူတို့ရဲ့နှုတ်သီးနဲ့ အရင်ဆုံး ငါးမန်းရဲ့ ပါးဟပ်ကို တိုက်လိုက်ပါတယ်။ နောက်မှ ငါးမန်း ရဲ့ ဝမ်းဗိုက်ကို အားပြင်းပြင်းတိုက်ခိုက် တတ်ကြပါတယ်။

ထိုကဲ့သို့ တိုက်ခိုက်ခြင်းဟာ ငါးမန်းကို သေစေနိုင်လောက်တဲ့ အတွင်းဒဏ်ရာကို ဖြစ်စေပါတယ်။

ဒါ့အပြင် လင်းပိုင်အမျိုးအစားတွေထဲမှာ အပါအဝင် ဖြစ်တဲ့ Killer whale တွေဟာ စားစရာ ရှားတဲ့အခါမှာ white shark တွေကို အမဲလိုက် တတ်ကြပါသေးတယ်။

Credit – panpyoelat