Local News

ကင်မ်ချီ ရေခဲသေတ္တာတစ်လုံးကိုဝယ်ခဲ့ပြီးနောက် ၎င်းထဲမှ ပလပ်စတစ်ဖြင့်အုပ်ထားတဲ့ မြန်မာငွေ သိန်းပေါင်း ၁,၅၅၀ ခန့်ရှိတဲ့ ငွေစက္ကူများကို တွေ့ရှိခဲ့ရတဲ့ အမျိုးသား(ရုပ်သံ)

Kimchi ရေခဲသေတ္တာတစ်လုံးကိုဝယ်ခဲ့ပြီးနောက် ၎င်းထဲမှ ပလပ်စတစ်ဖြင့်အုပ်ထားတဲ့ မြန်မာငွေ သိန်းပေါင်း ၁,၅၅၀ တန်ငွေစက္ကူများကို တွေ့ရှိခဲ့ရတဲ့ အမျိုးသား(ရုပ်သံ)

စျေးကြီးပေးပြီး ဝယ်ယူရတဲ့ပစ္စည်းတော်တော်များများမှာ ကျွန်တော်တို့မလိုအပ်ဘဲ အမြန်ပစ်ထုတ်လိုက်ရမဲ့ အရေးမကြီးတဲ့အရာများသာ ပါလာလေ့ရှိပါတယ်။သို့ပေမဲ့ ၎င်းထက်ပိုအဖိုးတန်နေတဲ့အရာတစ်ခုကို တွေ့လိုက်ရတဲ့ဒီတောင်ကိုးရီးယားအမျိုးသားတစ်ဦးအတွက်တော့ မဟုတ်နေခဲ့ပါဘူး။အဆိုပါအမျိုးသားဟာ online မှ၀ယ်ယူခဲ့တဲ့ Kimchi ရေခဲသေတ္တာရဲ့အောက်ခြေမှာ ဝမ် သန်း ၁၁၀ (သိန်း ၁,၅၅၀ကျော်)ကို ရှာဖွေတွေ့ရှိခဲ့ကြောင်းကို MBC News က ပြီးခဲ့တဲ့သြဂုတ် ၉ရက် တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ အိမ်သို့ရောက်လာတဲ့၎င်းရေခဲသေတ္တာအား သန့်ရှင်းနေလုပ်နေစဉ် ပလပ်စတစ်ဖြင့်လောင်းအုပ်ထားတဲ့ ဝမ် ၅၀,၀၀၀ ( ၇၀,၆၇၉ ကျပ် )တန် ငွေစက္ကူရွက်များကို ၎င်းရေခဲသေတ္တာရဲ့အောက်မှာတိပ်ဖြင့် ကပ်ထားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။၎င်းငွေများကိုထိန်းသိမ်းမဲ့အစား အဆိုပါအမျိုးသားဟာဩဂုတ်လ ၆ ရက်နေ့မှာရဲစခန်းသို့တိုင်ကြားခဲ့ပါတယ်။၎င်းအမှုကိုကိုင်တွယ်နေတဲ့ရဲအရာရှိတစ်ဦးကMBCသတင်းအား “ဒါက ငွေအမြောက်အမြားကြီးပါ ကျွန်တော်တို့မှာ ဒီလိုကိစ္စတွေ ဖြစ်ဖို့က မရှိသလောက် ရှားတယ်” ဟု ဖြေကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ရဲများက ၎င်းပစ္စည်းရောင်းသူနှင့်၎င်းပစ္စည်းကိုသယ်ယူပို့ဆောင်ပေးခဲ့တဲ့ကုန်တင်ကားကိုခြေရာခံရန်စုံစမ်းနေဆဲဖြစ်ပါတယ်။ယနေ့ခေတ်မှာ များစွာသောသူများဟာ Kimchi ရေခဲသေတ္တာထဲသို့ ၎င်းတို့ရဲ့ လျှို့ဝှက်တဲ့အရာများအားထားလေ့ရှိပေမဲ့ လွန်ခဲ့တဲ့၂၀၁၅ ခုနှစ်လောက်တုန်းက တောင်ကိုးရီးယားနိုင်ငံရှိ ဘဏ်များရဲ့အတိုးပေးမှုနှုန်းများဟာ နည်းပါးခဲ့တာကြောင့် ထိုခေတ်က လူများစွာက ၎င်းတို့ရဲ့ငွေစက္ကူများကို ရေခဲသေတ္တာထဲမှာစုပုံကာ သိမ်းထားခဲ့ကြကြောင်း The Korea Times သတင်းက ပြန်လည်ဖော်ပြပေးခဲ့ပါတယ်။

ဝမ် ၅၀၀၀၀ တန်ငွေစက္ကူနှင့်ပြည့်နေလျှင် ၎င်း kimchiရေခဲသေတ္တာဟာ ဝမ် ၁ ဘီလီယံကျော်အထိ ဆံ့နိုင်ကြောင်းအစီရင်ခံစာများအရ သိရပါတယ်။တောင်ကိုးရီးယားရဲ့ ပျောက်ဆုံးခြင်းနှင့်တွေ့ရှိခြင်း ဥပဒေအရ အကယ်လို့ ၎င်းငွေများရဲ့ပိုင်ရှင်အစစ်ကို ၆ လအတွင်း ခြေရာခံလို့မှမတွေ့ရှိပါက ၎င်းငွေရဲ့ ( ၂၂ ရာခိုင်နှုန်းကို နိုင်ငံတော်အား အခွန်ပေးဆောင်ပြီးနောက်)ကျန်ငွေများက ရှာဖွေတွေ့ရှိခဲ့သူနှင့်သာ သက်ဆိုင်တော့မှာဖြစ်ပြီး အကယ်လို့ ပိုင်ရှင်အစစ်ကို တွေ့ရှိခဲ့ပါက ပိုင်ရှင်က ရှာဖွေတွေ့ရှိခဲ့သူအား ၎င်းငွေထဲမှ ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျော်ကြေးပေးရမှာဘဲ ဖြစ်ပါတယ်။

အကယ်လို့သာ ၎င်းငွေများက ရာဇဝတ်မှုနှင့် ပတ်သက်ဆက်နွယ်နေပါက ၎င်းအား နိုင်ငံတော်သို့ လွှဲပြောင်းပေးရမှာဘဲ ဖြစ်ပါတယ်။ဒီအမှုကတော့ တကယ့်ကို တောင်ကိုးရီးယား movie ဆန်လွန်းသွားပါပြီဗျာ။

Zawgyi

Kimchi ေရခဲေသတၱာတစ္လုံးကိုဝယ္ခဲ့ၿပီးေနာက္ ၎ထဲမွ ပလပ္စတစ္ျဖင့္အုပ္ထားတဲ့ ျမန္မာေငြ သိန္းေပါင္း ၁,၅၅၀ တန္ေငြစကၠဴမ်ားကို ေတြ႕ရွိခဲ့ရတဲ့ အမ်ိဳးသား(႐ုပ္သံ)

ေစ်းႀကီးေပးၿပီး ဝယ္ယူရတဲ့ပစၥည္းေတာ္ေတာ္မ်ားမ်ားမွာ ကြၽန္ေတာ္တို႔မလိုအပ္ဘဲ အျမန္ပစ္ထုတ္လိုက္ရမဲ့ အေရးမႀကီးတဲ့အရာမ်ားသာ ပါလာေလ့ရွိပါတယ္။သို႔ေပမဲ့ ၎ထက္ပိုအဖိုးတန္ေနတဲ့အရာတစ္ခုကို ေတြ႕လိုက္ရတဲ့ဒီေတာင္ကိုးရီးယားအမ်ိဳးသားတစ္ဦးအတြက္ေတာ့ မဟုတ္ေနခဲ့ပါဘူး။အဆိုပါအမ်ိဳးသားဟာ online မွ၀ယ္ယူခဲ့တဲ့ Kimchi ေရခဲေသတၱာရဲ႕ေအာက္ေျခမွာ ဝမ္ သန္း၁၁၀ (သိန္း ၁,၅၅၀ေက်ာ္)ကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္းကို MBC Newsက ၿပီးခဲ့တဲ့ၾသဂုတ္ ၉ရက္ တနလၤာေန႔မွာ ေျပာၾကားခဲ့ပါတယ္။

အဆိုပါအမ်ိဳးသားဟာ အိမ္သို႔ေရာက္လာတဲ့၎ေရခဲေသတၱာအား သန္႔ရွင္းေနလုပ္ေနစဥ္ ပလပ္စတစ္ျဖင့္ေလာင္းအုပ္ထားတဲ့ ဝမ္ ၅၀,၀၀၀ ( ၇၀,၆၇၉ က်ပ္ )တန္ ေငြစကၠဴ႐ြက္မ်ားကို ၎ေရခဲေသတၱာရဲ႕ေအာက္မွာတိပ္ျဖင့္ ကပ္ထားခဲ့တာကို ေတြ႕ရွိခဲ့ရပါတယ္။၎ေငြမ်ားကို ထိန္းသိမ္းမဲ့အစား အဆိုပါအမ်ိဳးသားဟာ ဩဂုတ္လ ၆ ရက္ေန႔မွာ ရဲစခန္းသို႔တိုင္ၾကားခဲ့ပါတယ္။၎အမႈကို ကိုင္တြယ္ေနတဲ့ရဲအရာရွိတစ္ဦးက MBC သတင္းအား “ဒါက ေငြအေျမာက္အျမားႀကီးပါ ကြၽန္ေတာ္တို႔မွာ ဒီလိုကိစၥေတြ ျဖစ္ဖို႔က မရွိသေလာက္ ရွားတယ္” ဟု ေျဖၾကားခဲ့ပါတယ္။

လက္ရွိမွာေတာ့ ရဲမ်ားက ၎ပစၥည္းေရာင္းသူႏွင့္ ၎ပစၥည္းကို သယ္ယူပို႔ေဆာင္ေပးခဲ့တဲ့ကုန္တင္ကားကို ေျခရာခံရန္ စုံစမ္းေနဆဲျဖစ္ပါတယ္။ယေန႔ေခတ္မွာ မ်ားစြာေသာသူမ်ားဟာ Kimchi ေရခဲေသတၱာထဲသို႔ ၎တို႔ရဲ႕ လွ်ိဳ႕ဝွက္တဲ့အရာမ်ားအားထားေလ့ရွိေပမဲ့ လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ေလာက္တုန္းက ေတာင္ကိုးရီးယားႏိုင္ငံရွိ ဘဏ္မ်ားရဲ႕အတိုးေပးမႈႏႈန္းမ်ားဟာ နည္းပါးခဲ့တာေၾကာင့္ ထိုေခတ္က လူမ်ားစြာက ၎တို႔ရဲ႕ေငြစကၠဴမ်ားကို ေရခဲေသတၱာထဲမွာ စုပုံကာ သိမ္းထားခဲ့ၾကေၾကာင္း The Korea Times သတင္းက ျပန္လည္ေဖာ္ျပေပးခဲ့ပါတယ္။

ဝမ္ ၅၀၀၀၀ တန္ေငြစကၠဴႏွင့္ျပည့္ေနလွ်င္ ၎ kimchi ေရခဲေသတၱာဟာ ဝမ္ ၁ ဘီလီယံေက်ာ္အထိ ဆံ့ႏိုင္ေၾကာင္း အစီရင္ခံစာမ်ားအရ သိရပါတယ္။ေတာင္ကိုးရီးယားရဲ႕ ေပ်ာက္ဆုံးျခင္းႏွင့္ေတြ႕ရွိျခင္း ဥပေဒအရ အကယ္လို႔ ၎ေငြမ်ားရဲ႕ပိုင္ရွင္အစစ္ကို ၆ လအတြင္း ေျခရာခံလို႔မွမေတြ႕ရွိပါက ၎ေငြရဲ႕ ( ၂၂ ရာခိုင္ႏႈန္းကို ႏိုင္ငံေတာ္အား အခြန္ေပးေဆာင္ၿပီးေနာက္)က်န္ေငြမ်ားက ရွာေဖြေတြ႕ရွိခဲ့သူႏွင့္သာ သက္ဆိုင္ေတာ့မွာျဖစ္ၿပီး အကယ္လို႔ ပိုင္ရွင္အစစ္ကို ေတြ႕ရွိခဲ့ပါက ပိုင္ရွင္က ရွာေဖြေတြ႕ရွိခဲ့သူအား ၎ေငြထဲမွ ၅ ရာခိုင္ႏႈန္းမွ ၂၀ ရာခိုင္ႏႈန္းအထိ ေလ်ာ္ေၾကးေပးရမွာဘဲ ျဖစ္ပါတယ္။

အကယ္လို႔သာ ၎ေငြမ်ားက ရာဇဝတ္မႈႏွင့္ ပတ္သက္ဆက္ႏြယ္ေနပါက ၎အား ႏိုင္ငံေတာ္သို႔ လႊဲေျပာင္းေပးရမွာဘဲ ျဖစ္ပါတယ္။ဒီအမႈကေတာ့ တကယ့္ကို ေတာင္ကိုးရီးယား movie ဆန္လြန္းသြားပါၿပီဗ်ာ။

crd