Local News

တံတားအောက်မှာရှိတဲ့ ကားထဲမှာသာ အိပ်စက်ပြီး လမ်းဘေးကြောင်လေးတွေကိုပါ ကျွေးမွေးစောင့်ရှောက်ပေးတဲ့ သက်ကြီးရွယ်အို ဦးလေး

လူဖြစ်လာတာနဲ့အမျှ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ လူများစွာရှိပါတယ်။သို့သော်၎င်းတို့ရဲ့ရုန်းကန်မှုများအားဖြင့်၎င်းတို့ဟာလူ သို့မဟုတ် အသံမဲ့တိရိစ္ဆာန်များရဲ့အခက်အခဲကို စာနာနားလည်လာတတ်ကြပါတယ်။Ustaz Ebit Lew အမည်ရှိလူသိများတဲ့ပရဟိတသမားတစ်ဦးဟာ တံတားအောက်မှာ နှစ်လကြာနေထိုင်နေတဲ့ အသက်ကြီးတဲ့ ဦးလေးရဲ့အကြောင်းကို သူ့ရဲ့ Facebook page မှာ မျှဝေပေးခဲ့ပါတယ်။ဦးလေးဟာ ငွေရေးကြေးရေးအခက်အခဲရှိနေပေမဲ့ သူဟာ ကြောင်အမြောက်အမြားကို မွေးစားပြီး သူနေထိုင်တဲ့ သူ့ရဲ့ကားကို မျှဝေပေးခဲ့ပါတယ်။

Ebit Lew က “ အသက် ၇၅နှစ်အရွယ် ဦးလေးက ဈေးရဲ့အလယ်ဗဟိုတံတားအောက်က သူ့ရဲ့ကားလေးထဲမှာနှစ်လ ကြာနေထိုင်နေတာကိုကြားလိုက်ရတော့ ကျွန်တော် shock ရသွားခဲ့တယ်၊ဦးလေးက အရမ်းသဘောကောင်းတယ်၊ ကြောင်လေးတွေကို သူ့ရဲ့ကားထဲမှာ နေခိုင်းသေးတယ်” လို့ ရေးသားထားပါတယ်။

ထို့နောက် Ebit Lew ကအဆိုပါဦးလေးအားအခြားဆက်သွယ်ပေးလို့ရတဲ့မိသားစုဝင်တွေမရှိဘူးလားလို့မေးတော့ ဦးလေးကသူတစ်ယောက်တည်းသာ နေထိုင်ပြီး မိသားစုဝင်များက မရှိတော့ကြောင်း ပြောပြရင်း ငိုကြွေးနေခဲ့ပါတယ်။အထူးသဖြင့် Ebit Lew က အိမ်အတွင်းရှိလိုအပ်တဲ့ရေခဲသေတ္တာ၊အဝတ်လျှော်စက်နှင့်အိပ်ရာများကိုလည်းဝယ်ယူမည်ဟု ပြောလိုက်တဲ့အခါ ဦးလေးဟာ Ebit Lew ထံမှ ထိုကဲ့သို့သော အကူအညီများကို ရရှိခဲ့ခြင်းကြောင့် သူဟာ အားလည်းနာသလို သူ့ကိုယ်သူ အရှက်ရသလို ခံစားမိသွားခဲ့ပြီး “ အိမ်နဲ့တင် ကျေနပ်နေပါပြီ ၊ ငါ့ကိုယ်ငါ အရှက်ရမိတယ် ၊ ငါ ဘယ်လို ကျေးဇူးပြန်ဆပ်ရမလဲ ” လို့ ဆိုကာ မေးမြန်းနေခဲ့ပါတယ်။

သို့သော် Ebit Lew က ဦးလေးရရှိခဲ့တဲ့ဒီကြင်နာမှုက ကြောင်လေးတွေကို ပြုစုပေးခဲ့တဲ့ဦးလေးရဲ့ကြင်နာမှုအတွက်ကြောင့်ပါ လို့ ထို့ကဲ့သို့ ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။“ ဒါဟာ ကြောင်လေးတွေကို ချစ်တဲ့ဦးလေးအတွက် ကောင်းချီးတစ်ခုပါ ၊ ဘုရားသခင်က ဦးလေးရဲ့အသက်မွေးဝမ်းကျောင်းမှုကို ထောက်ပံ့ပေးလိမ့်မယ်” လို့ Ebit Lew က ထပ်မံပြောကြားခဲ့ပါသေးတယ်။

ကျွန်တော်တို့လည်း ဦးလေးရဲ့လိုအပ်နေတဲ့အကူအညီများကို ရရှိခဲ့ခြင်းကြောင့်ဦးလေးအတွက်အလွန်ဝမ်းမြောက်မိပါတယ်။အထူးသဖြင့် ဦးလေးဟာ အခက်အခဲများရှိနေသော်လည်း ကြောင်လေးတွေကို ရအောင် ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့အတွက်ကြောင့် ဦးလေးကို အထူးဘဲ ဂုဏ်ယူမိပါတယ်ဗျာ။

Zawgyi

တံတားေအာက္မွာရွိတဲ့ ကားထဲမွာသာ အိပ္စက္ၿပီး လမ္းေဘးေၾကာင္ေလးေတြကိုပါ ေကြၽးေမြးေစာင့္ေရွာက္ေပးတဲ့ သက္ႀကီး႐ြယ္အို ဦးေလး

လူျဖစ္လာတာနဲ႔အမွ် စားဝတ္ေနေရးအတြက္႐ုန္းကန္လႈပ္ရွားေနရတဲ့ လူမ်ားစြာရွိပါတယ္။သို႔ေသာ္၎တို႔ရဲ႕႐ုန္းကန္မႈမ်ားအားျဖင့္ ၎တို႔ဟာ လူ သို႔မဟုတ္ အသံမဲ့တိရိစာၦန္မ်ားရဲ႕အခက္အခဲကို စာနာနားလည္လာတတ္ၾကပါတယ္။ Ustaz Ebit Lew အမည္ရွိ လူသိမ်ားတဲ့ပရဟိတသမားတစ္ဦးဟာ တံတားေအာက္မွာ ႏွစ္လၾကာေနထိုင္ေနတဲ့ အသက္ႀကီးတဲ့ ဦးေလးရဲ႕အေၾကာင္းကို သူ႔ရဲ႕ Facebook page မွာ မွ်ေဝေပးခဲ့ပါတယ္။ဦးေလးဟာ ေငြေရးေၾကးေရးအခက္အခဲရွိေနေပမဲ့ သူဟာ ေၾကာင္အေျမာက္အျမားကို ေမြးစားၿပီး သူေနထိုင္တဲ့ သူ႔ရဲ႕ကားကို မွ်ေဝေပးခဲ့ပါတယ္။

Ebit Lew က “ အသက္ ၇၅ႏွစ္အ႐ြယ္ ဦးေလးက ေဈးရဲ႕အလယ္ဗဟိုတံတားေအာက္က သူ႔ရဲ႕ကားေလးထဲမွာ ႏွစ္လ ၾကာေနထိုင္ေနတာကိုၾကားလိုက္ရေတာ့ ကြၽန္ေတာ္ shock ရသြားခဲ့တယ္၊ဦးေလးက အရမ္းသေဘာေကာင္းတယ္၊ ေၾကာင္ေလးေတြကို သူ႔ရဲ႕ကားထဲမွာ ေနခိုင္းေသးတယ္”လို႔ ေရးသားထားပါတယ္။

ထို႔ေနာက္ Ebit Lew က အဆိုပါ ဦးေလးအား အျခားဆက္သြယ္ေပးလို႔ရတဲ့မိသားစုဝင္ေတြမရွိဘူးလားလို႔ ေမးေတာ့ ဦးေလးကသူတစ္ေယာက္တည္းသာ ေနထိုင္ၿပီး မိသားစုဝင္မ်ားက မရွိေတာ့ေၾကာင္း ေျပာျပရင္း ငိုေႂကြးေနခဲ့ပါတယ္။အထူးသျဖင့္ Ebit Lew က အိမ္အတြင္းရွိလိုအပ္တဲ့ ေရခဲေသတၱာ၊ အဝတ္ေလွ်ာ္စက္ႏွင့္အိပ္ရာမ်ားကိုလည္းဝယ္ယူမည္ဟု ေျပာလိုက္တဲ့အခါ ဦးေလးဟာ Ebit Lew ထံမွ ထိုကဲ့သို႔ေသာ အကူအညီမ်ားကိုရရွိခဲ့ျခင္းေၾကာင့္ သူဟာအားလည္းနာသလို သူ႔ကိုယ္သူ အရွက္ရသလို ခံစားမိသြားခဲ့ၿပီး “ အိမ္နဲ႔တင္ ေက်နပ္ေနပါၿပီ ၊ ငါ့ကိုယ္ငါ အရွက္ရမိတယ္ ၊ ငါ ဘယ္လို ေက်းဇူးျပန္ဆပ္ရမလဲ ” လို႔ ဆိုကာ ေမးျမန္းေနခဲ့ပါတယ္။

သို႔ေသာ္ Ebit Lew က ဦးေလးရရွိခဲ့တဲ့ဒီၾကင္နာမႈက ေၾကာင္ေလးေတြကို ျပဳစုေပးခဲ့တဲ့ဦးေလးရဲ႕ၾကင္နာမႈအတြက္ေၾကာင့္ပါ လို႔ ထို႔ကဲ့သို႔ ျပန္လည္ ေျဖၾကားေပးခဲ့ပါတယ္။“ ဒါဟာ ေၾကာင္ေလးေတြကို ခ်စ္တဲ့ဦးေလးအတြက္ ေကာင္းခ်ီးတစ္ခုပါ ၊ ဘုရားသခင္က ဦးေလးရဲ႕အသက္ေမြးဝမ္းေက်ာင္းမႈကို ေထာက္ပံ့ေပးလိမ့္မယ္” လို႔ Ebit Lew က ထပ္မံေျပာၾကားခဲ့ပါေသးတယ္။

ကြၽန္ေတာ္တို႔လည္း ဦးေလးရဲ႕လိုအပ္ေနတဲ့အကူအညီမ်ားကို ရရွိခဲ့ျခင္းေၾကာင့္ ဦးေလးအတြက္ အလြန္ဝမ္းေျမာက္မိပါတယ္။အထူးသျဖင့္ ဦးေလးဟာ အခက္အခဲမ်ားရွိေနေသာ္လည္း ေၾကာင္ေလးေတြကို ရေအာင္ ေကြၽးေမြးေစာင့္ေရွာက္ေပးခဲ့တဲ့အတြက္ေၾကာင့္ ဦးေလးကို အထူးဘဲ ဂုဏ္ယူမိပါတယ္ဗ်ာ။

crd