ဗဟုသုတ

မျိုးနွယ်စုကို ကိုယ်စားပြုကာ လှပတဲ့အပြုံးဖြင့် ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ၁၈၉၄ခုနှစ်ကမိန်းမပျိုမလေးတစ်ဦး

ကြည်လင်တဲ့အပြုံးနှင့်လှပနုပျိုတဲ့ဒီဓာတ်ပုံထဲက အမျိုးသမီးဟာ အမေရိကန်အမျိုးသမီးထုကို ကိုယ်စားပြုပါတယ်။၎င်းဓာတ်ပုံဟာ ၁၈၉၄ ခုနှစ်ကရိုက်ထားခဲ့တဲ့ဓာတ်ပုံဖြစ်တာကြောင့် ပို၍ပင် အဖိုးတန်နေပါတယ်။၎င်းဓာတ်ပုံကို ၂၀၁၉ ခုနှစ် George W. Brentz ရဲ့သီးသန့်စုဆောင်းမှုမှာ တွေ့ရှိခဲ့ရပြီး အလွန်ကြီးမားတဲ့လေလံပွဲကြီးအပြီးမှာ Smithsonian Institute မှ ၎င်းဓာတ်ပုံကို ဝယ်ယူခဲ့ပါတယ်။

၁၈၉၄ခုနှစ်ကရိုက်ထားတဲ့ဓာတ်ပုံများဟာအလွန်ရှားပါးတဲ့အပြင်၎င်းဓာတ်ပုံဟာအမေရိကန်ရဲ့ Kiowa မျိုးနွယ်စုရဲ့ဝတ်စားဆင်ယင်ပုံကိုအလေးပေးကာ ရိုက်ကူးထားပုံရပါတယ်။ပုံမှန်အားဖြင့် အရင်ရှေးခေတ်ကလူများက ဓာတ်ပုံရိုက်တဲ့အခါ ကင်မရာကို ကြောက်သလိုလိုနဲ့ ၎င်းတို့ရဲ့မျက်နှာထားကို တည်ထားတတ်ကြပြီး ပြုံးဖို့အတွက်ကို မတွေးထားတတ်ကြပါဘူး။အရင်က ဓာတ်ပုံတိုင်းလိုလိုမှာ ၎င်းတို့လိုပုံရိပ်များကို တွေ့ဖူးကြမှာပါ။

သို့ပေမဲ့ ဒီမိန်းမပျိုလေးရဲ့မျက်နှာပေါ်ရှိအပြုံးကတော့ အလွန်ကိုသဘာဝကျနေတာကို တွေ့မြင်နိုင်ပါတယ်။ဒါကြောင့် ၎င်းဓာတ်ပုံဟာ ယခုခေတ်ဓာတ်ပုံများနှင့်လည်း မတူနေပြန်ပါဘူး။အရိုးများဖြင့် တန်ဆာဆင်ထားတဲ့ သူမရဲ့ရိုးရာဝတ်စုံဖြစ်တဲ့ Deerskin dress ကသူမရဲ့ဇာတိမြစ်များကို ဂုဏ်ဆောင်စေသလို Kiowa မျိုးနွယ်စုရဲ့သေသပ်လှပတဲ့လက်ရာဖန်တီးနိုင်စွမ်းကိုလည်း ဖော်ဆောင်ပြသနေခဲ့ပါတယ်။အထူးသဖြင့်သူမရဲ့ရွှင်လန်းချမ်းမြေ့စေတဲ့အပြုံးဟာ တောက်ပပြီး ထူးခြားနေပါတယ်။၎င်းဓာတ်ပုံကို ပိုထူးခြားသွားအောင်ပြုလုပ်စေတာက သမိုင်းကြောင်းထဲမှာဘဲ ပျောက်ကွယ်သွားခဲ့ရတဲ့မျိုးနွယ်စုတစ်စုရဲ့လူတစ်ဦးအား မှတ်တမ်းတင်ထားခြင်းဘဲ ဖြစ်ပါတယ်။

ထို့အပြင် Smithsonian Institute က ဌာနေတိုင်းရင်းသားအမျိုးသမီးများဟာ ကိုယ့်သမိုင်းဇာတ်ကြောင်းအားစိတ်ဝင်စားမှုအားနည်းလာရခြင်းက အတော်ကိုဝမ်းနည်းစရာကောင်းကြောင်း ထိုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။သို့ပေမဲ့ ဒီတန်ဖိုးမဖြတ်နိုင်တဲ့ပုံတူဓာတ်ပုံနှင့်အတူ Kiowa မျိုးနွယ်စုတစ်စုရဲ့တောက်ပတဲ့အပြုံးပိုင်ရှင်က သမိုင်းကြောင်းရဲ့မှတ်ဉာဏ်မှာ ဆက်လက်တည်ရှိနေနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi

မ်ိဳးႏြယ္စုကို ကိုယ္စားျပဳကာ လွပတဲ့အၿပဳံးျဖင့္ ဓာတ္ပုံ႐ိုက္ကူးခဲ့တဲ့ ၁၈၉၄ခုႏွစ္ကမိန္းမပ်ိဳမေလးတစ္ဦး

ၾကည္လင္တဲ့အၿပဳံးႏွင့္လွပႏုပ်ိဳတဲ့ဒီဓာတ္ပုံထဲက အမ်ိဳးသမီးဟာ အေမရိကန္အမ်ိဳးသမီးထုကို ကိုယ္စားျပဳပါတယ္။၎ဓာတ္ပုံဟာ၁၈၉၄ ခုႏွစ္က႐ိုက္ထားခဲ့တဲ့ဓာတ္ပုံျဖစ္တာေၾကာင့္ ပို၍ပင္ အဖိုးတန္ေနပါတယ္။၎ဓာတ္ပုံကို ၂၀၁၉ ခုႏွစ္ George W. Brentz ရဲ႕သီးသန႔္စုေဆာင္းမႈမွာ ေတြ႕ရွိခဲ့ရၿပီး အလြန္ႀကီးမားတဲ့ေလလံပြဲႀကီးအၿပီးမွာ Smithsonian Institute မွ ၎ဓာတ္ပုံကို ဝယ္ယူခဲ့ပါတယ္။

၁၈၉၄ ခုႏွစ္က႐ိုက္ထားတဲ့ဓာတ္ပုံမ်ားဟာ အလြန္ရွားပါးတဲ့အျပင္ ၎ဓာတ္ပုံဟာ အေမရိကန္ရဲ႕ Kiowa မ်ိဳးႏြယ္စုရဲ႕ဝတ္စားဆင္ယင္ပုံကို အေလးေပးကာ ႐ိုက္ကူးထားပုံရပါတယ္။ပုံမွန္အားျဖင့္ အရင္ေရွးေခတ္ကလူမ်ားက ဓာတ္ပုံ႐ိုက္တဲ့အခါ ကင္မရာကို ေၾကာက္သလိုလိုနဲ႔ ၎တို႔ရဲ႕မ်က္ႏွာထားကို တည္ထားတတ္ၾကၿပီး ၿပဳံးဖို႔အတြက္ကို မေတြးထားတတ္ၾကပါဘူး။အရင္က ဓာတ္ပုံတိုင္းလိုလိုမွာ ၎တို႔လိုပုံရိပ္မ်ားကို ေတြ႕ဖူးၾကမွာပါ။

သို႔ေပမဲ့ ဒီမိန္းမပ်ိဳေလးရဲ႕မ်က္ႏွာေပၚရွိအၿပဳံးကေတာ့ အလြန္ကိုသဘာဝက်ေနတာကို ေတြ႕ျမင္ႏိုင္ပါတယ္။ဒါေၾကာင့္ ၎ဓာတ္ပုံဟာယခုေခတ္ဓာတ္ပုံမ်ားႏွင့္လည္း မတူေနျပန္ပါဘူး။အ႐ိုးမ်ားျဖင့္ တန္ဆာဆင္ထားတဲ့ သူမရဲ႕႐ိုးရာဝတ္စုံျဖစ္တဲ့ Deerskin dress က သူမရဲ႕ဇာတိျမစ္မ်ားကို ဂုဏ္ေဆာင္ေစသလို Kiowa မ်ိဳးႏြယ္စုရဲ႕ေသသပ္လွပတဲ့လက္ရာဖန္တီးႏိုင္စြမ္းကိုလည္း ေဖာ္ေဆာင္ျပသေနခဲ့ပါတယ္။အထူးသျဖင့္ သူမရဲ႕႐ႊင္လန္းခ်မ္းေျမ့ေစတဲ့အၿပဳံးဟာ ေတာက္ပၿပီး ထူးျခားေနပါတယ္။၎ဓာတ္ပုံကို ပိုထူးျခားသြားေအာင္ျပဳလုပ္ေစတာက သမိုင္းေၾကာင္းထဲမွာဘဲ ေပ်ာက္ကြယ္သြားခဲ့ရတဲ့မ်ိဳးႏြယ္စုတစ္စုရဲ႕လူတစ္ဦးအား မွတ္တမ္းတင္ထားျခင္းဘဲ ျဖစ္ပါတယ္။

ထို႔အျပင္ Smithsonian Institute က ဌာေနတိုင္းရင္းသားအမ်ိဳးသမီးမ်ားဟာ ကိုယ့္သမိုင္းဇာတ္ေၾကာင္းအား စိတ္ဝင္စားမႈအားနည္းလာရျခင္းက အေတာ္ကိုဝမ္းနည္းစရာေကာင္းေၾကာင္း ထိုကဲ့သို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။သို႔ေပမဲ့ ဒီတန္ဖိုးမျဖတ္ႏိုင္တဲ့ ပုံတူဓာတ္ပုံႏွင့္အတူ Kiowa မ်ိဳးႏြယ္စုတစ္စုရဲ႕ေတာက္ပတဲ့အၿပဳံးပိုင္ရွင္က သမိုင္းေၾကာင္းရဲ႕မွတ္ဉာဏ္မွာ ဆက္လက္တည္ရွိေနႏိုင္ခဲ့ၿပီျဖစ္ေၾကာင္းလည္း ထပ္မံေျပာၾကားခဲ့ပါတယ္။

crd