News

“ကမ္ဘာ့ နားရွက်အရှည်ဆုံး ဆိတ်ကလေးအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ဖို့ ကြိုးစားနေတဲ့ ဆိတ်ကလေး ဆင်ဘာ”(ရုပ်သံ)

မွေးကာစ ဆိတ်ကလေးတစ်ကောင်ဟာ ထူးထူးခြား နားရွက်တွေ အရမ်းရှည်လွန်းလို့ နေ့ချင်းညချင်းနာမည်ကြီးလာပါတယ်

ဒီဆိတ်ကလေးကတော့ ပါကစ္စတန်နိုင်ငံမှ​ာ ရှိနေတာဖြစ်ပြီး အခုဆိုရင် သူ့နိုင်ငံတွင်းမှာသာမက ကမ္ဘာ့သတင်း စာမျက်နှာ တွေပေါ်မှာပါ နာမည်ကြီးလာတာဖြစ်ပါတယ်

ဒီဆိတ်ကလေးဟာ ပုံမှန် ဆိတ်တွေနဲ့မတူဘဲ သူ့ရဲ့ နားရွက်က ၄၆ စင်တီမီတာထိ ရှည်လျားပါတယ်

သူ့ရဲ့ နားရွက်တွေဟာ သူ့ရဲ့ အရပ်လောက်ရှိနေတဲ့အတွက် လမ်းလျှောက်ချိန်မှာ မြေပြင်နဲ့ထိလုနီးပါးဖြစ်နေတာကို တွေ့ရှိရပါတယ်

ဒီဆိတ်ကလေးရဲ့ ပိုင်ရှင်ဟာ ပါကစ္စတန်နိုင်ငံ ဆင့်ဒ် ပြည်နယ်မှာ နေထိုင်တဲ့ မူဟာမတ် ဟက်ဆန် နာရန်ဂျို ဆိုသူဖြစ်ပါတယ်..သူက သူ့ရဲ့ ဆိတ်ပေါက်လေးကို “ဆင်ဘာ” ဆိုပြီး နာမည်ပေးထားပါတယ်

မူဟာမတ် ဟက်ဆန်ဟာ သူ့ဆိတ်ကလေးရဲ့ ထူးခြားမှုကို ကမ္ဘာကသိအောင်ကြိုးစားခဲ့တဲ့အပြင် ဂင်းနစ်စံချိန်တင်နိုင်အောင် ကြိုးစားနေတယ်လို့ သိရှိရပါတယ်

တကယ်လို့ ဂင်းနစ်စံချိန်ဝင်ခဲ့တယ်ဆိုရင် ဒီဆိတ်ကလေးဟာ ကမ္ဘာ့ နားရွက်အရှည်ဆုံး ဆိတ်လေး ဖြစ်လာမှာပါ

ဒီလိုထူးခြားတဲ့ ဆိတ်ကလေးဆင်ဘာကို ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က မွေး ဖွားခဲ့တာဖြစ်ဖြစ်ပါတယ် . .ပြီးတော့ ဆင်ဘာဟာ ဆိတ်မ လေးတစ်ကောင်ဖြစ်ပါတယ်

ဒီဆိတ်မလေး ဆင်ဘာဟာ nubian goats မျိုးနွယ်ဖြစ်ပြီး ဒီလို ဆိတ်မျိုးတွေဟာ နားရွက် ရှည်တဲ့ ဆိတ်မျိုးနွယ်တွေ ဖြစ်ပေမယ့် တခြားဆိတ်တွေက ဆင်ဘာလောက်တော့ နားရွက်မရှည်ကြပါဘူး

ရုပ်သံကြည့်ရန်

ဆင်ဘာလေးရဲ့ နားရွက်တွေကတော့ ဂင်းနစ်စံချိန်တင်နိုင်လောက်တဲ့အထိ ရှည်လျားလွန်းနေတာဖြစ်ပြီး တကယ်လည်း စံချိန်တင်နိုင်လောက်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်

Ref:economictimes

စွယ်စုံ သုတ