ဗဟုသုတ

မသန်စွမ်းဖြစ်သွားသော သူငယ်ချင်းဖြစ်သူကို ကျောပိုးပြီး ၆နှစ်ကြာသည်ထိ ကျောင်းတူတူတက်ခဲ့သော ၁၂နှစ်အရွယ် ကောင်လေး

မသန်စွမ်းဖြစ်သွားသော သူငယ်ချင်းဖြစ်သူကို ကျောပိုးပြီး ၆နှစ်ကြာသည်ထိ ကျောင်းတူတူတက်ခဲ့သော ၁၂နှစ်အရွယ် ကောင်လေး

လူတိုင်းတွင် အခင်တွယ်ရဆုံး အချစ်ရဆုံး သူငယ်ချင်းတစ်ယောက်တော့ ရှိကြပြီး အခက်အခဲဖြစ်နေချိန် ရှောင်ဖယ်မနေပဲ ရှေ့ကနေမားမားမတ်မတ်ရပ်တည်ရင်း အဆင်ပြေအောင် ကူညီပေးသောသူများကသာ ကိုယ့်အတွက် သူငယ်ချင်းကောင်း အစစ်အမှန်ဟု ဆိုရမည်။သို့ဖြစ်၍ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် နေထိုင်သော Xu Bingyang အမည်ရှိ အသက် ၁၂အရွယ်ကောင်လေးသည်သူငယ်ချင်းဖြစ်သူကိုနေ့တိုင်း ကျောပိုးပြီး ကျောင်းပညာသင်ကြားစေခဲ့သည်။

သူငယ်ချင်းဖြစ်သူသည် အသက် ၄နှစ်အရွယ် မူလတန်းကျောင်းတက်စဉ် ကြွက်သားများချို့ယွင်းချက်ကြောင့် လမ်းမလျှောက်နိုင်၍မသန်စွမ်းဘဝသို့ ရောက်သွားခဲ့ရသည်။သို့သော် Xuသည် မသန်စွမ်း သူငယ်ချင်းဖြစ်သူအား ရှောင်ဖယ်သွားခြင်းမျိုးမရှိပဲ လိုအပ်သည်ထက်ကို ပိုပြီးတော့ ညီအစ်ကိုရင်းတစ်ယောက်လို ဂရုစိုက်ပေးကာ ၆နှစ်ကြာသည်ထိ ကျောပိုးသွားခဲ့သည်။

ကိုယ်နှင့်တစ်ရွယ်တည်းကို နေ့စဉ်ကျောပိုးသွားလာရသည်မှာမလွယ်လှသော်လည်း ကောင်လေးဧ။်သူငယ်ချင်းအပေါ်ထားသောစိတ်လေးသည်အလွန်မွန်မြတ်ပြီး လေးစားဖွယ်ကောင်းလှသည်။

Zawgyi





crd