ဗဟုသုတ

အသိုက်နှင့်ဥများအား ဖျက်စီးခံလိုက်ရ၍ ဝမ်းနည်းပူဆွေးကာ ရင်ခွဲနာကျပြီး သေဆုံးသွားခဲ့သော မိခင်ငန်းမကြီး

မိဘမေတ္တာမည်မျှ နက်ရှိုင်းသည်ကို ကိုယ့်ကိုယ်တိုင် မိဘအရွယ် ရောက်သည့်အခါမှ အသိဆုံးဖြစ်ပြီး တိရစ္ဆာန်လေးများကအစ သူတို့ဧ။် သားသမီးများ ဆုံးရှုံးလိုက်ရသည့်ချိန် ဘယ်လိုမှမခံစားနိုင်ပဲ သေဆုံးကြရသည်။

သို့ဖြစ်၍ ယူကေရှိ Bolton မှ ကန်ရေပြင်နားတွင် နေထိုင်ကျက်စားနေသော ငန်းမကြီးသည် မွေးဖွားချိန်ရောက်၍ အသိုက်လေးလုပ်ပြီး ဥများပေါက်ခဲ့သည်။

မိခင်ဖြစ်သူငန်းမကြီးသည် တစ်နေ့တစ်နေ့ ဥလေးတွေကို ဝပ်ပေးနေရင်း အကောင်လေးပေါက်လာမည့်ချိန်ကို မျှော်နေခဲ့သည်။ထိုအချိန်မှာပဲ ကံမကောင်းစွာဖြင့် လက်တရမ်းသော ဆယ်ကျော်သက်အရွယ် ကောင်လေးများမှ သူမဧ။် အသိုက်အား အုတ်ခဲများနှင့် ပစ်ပေါက်ခဲ့ရာ အသိုက်လေးမှာ ပျက်စီးသွားခဲ့သည်။

အသိုက်လေးပျက်စီးသည့်နောက်မှာတော့ ငန်းဥလေးများလည်း ကွဲကြေသွားခဲ့ရာ မိခင်ငန်းမကြီးသည် သူ့မဧ။် ဥလေးများကို ဝမ်းနည်းအကြည့်လေးများနှင့် ကြည့်ခဲ့ရသည်။

ထို့နောက် ငန်းမကြီးသည် သားသမီးစိတ်နှင့် လွမ်းဆွတ်ပူဆွေးပြီး တစ်ရက် နှစ်ရက်အကြာတွင် မခံစားနိုင်တော့သည့် နောက်ဆုံးမှာတော့ ရင်ကွဲနာကျပြီး သေဆုံးသွားခဲ့ရတော့သည်။

Zawgyi







crd