ဗဟုသုတ

ပိုက်ဆံအစား သစ်ရွက်လေးတစ်ရွက် ကိုက်ချီလာပြီး ကွတ်ကီးများနေ့တိုင်းဝယ်စားခဲ့သော လိမ်မာပါးနပ်သည့်ခွေးလေး

ပိုက်ဆံအစား သစ်ရွက်လေးတစ်ရွက် ကိုက်ချီလာပြီး ကွတ်ကီးများနေ့တိုင်းဝယ်စားခဲ့သော လိမ်မာပါးနပ်သည့်ခွေးလေး

ခွေးလေးများသည် လူတို့နှင့်အနီးဆုံးနေရသော တိရစ္ဆာန်လေးများဖြစ်ပြီး လူတို့အပြုအမူအတိုင်းသင်ယူရာတွင် တတ်မြောက်လွယ်ပြီး အသိဥာဏ်ကြွယ်လွန်းသူများအဖြစ် သတ်မှတ်ထားသည်။သို့ဖြစ်၍ ကိုလံဘီယာရှိ နည်းပညာကျောင်းတစ်ကျောင်းတွင် Negroအမည်ပေးထားသောခွေးနက်လေးသည် ဝန်ထမ်းများဧ။် ကျွေးမွေးစောင့်ရှောက်မှု အောက်တွင် ကြီးပြင်းလာခဲ့ပြီး ကျောင်းစောင့်အဖြစ်ရှိနေခဲ့သည်။

ခွေးလေးသည် ကျောင်းလာတက်သော ကျောင်းသားလေးများဧ။် နေ့စဥ်ပြုမူသွားလာပုံကိုလိုက်ကြည့်ထားပြီး အနီးနားရှိစတိုးဆိုင်တစ်ခုတွင်ကလေးများကျောင်းဆင်းချိန်၌ ပိုက်ဆံပေးကာကွတ်ကီးမုန့်လေးများဝယ်စားနေကြသည်ကို တွေ့ခဲ့သည်။ခွေးလေးသည်ကျောင်းသားလေးတွေကွတ်ကီးရဖို့တစ်ခုခုနှင့် အလဲအလှယ်လုပ်သည်ကို စဥ်းစားကြည့်ရင်း သူကိုယ်တိုင် စမ်းသပ်ချင်လာသည်။

ထို့ကြောင့် ခွေးလေးသည် သစ်ပင်အောက်တွင် ကြွေကျထားသော သစ်ရွက်လေးတစ်ရွက်အား ကိုက်ချီကာ စတိုးဆိုင်ထဲသို့သွား၍ ကွတ်ကီးများ စပြီးဝယ်စားခဲ့တော့သည်။ဆိုင်ရှင်မှလည်း ခွေးလေးအား အလွန်ပါးနပ်ခြင်းကြောင့်အံ့အားသင့်ရကာနေ့စဥ်သစ်ရွက်နှင့်ကွတ်ကီးလာဝယ်ခြင်းကိုနှစ်ကြိမ်သာခွင့်ပြုထားသည်။

Zawgyi

ပိုက္ဆံအစား သစ္႐ြက္ေလးတစ္႐ြက္ ကိုက္ခ်ီလာၿပီး ကြတ္ကီးမ်ားေန႔တိုင္းဝယ္စားခဲ့ေသာ လိမ္မာပါးနပ္သည့္ေခြးေလး

ေခြးေလးမ်ားသည္ လူတို႔ႏွင့္အနီးဆုံးေနရေသာ တိရစာၦန္ေလးမ်ားျဖစ္ၿပီး လူတို႔အျပဳအမူအတိုင္းသင္ယူရာတြင္ တတ္ေျမာက္လြယ္ၿပီး အသိဥာဏ္ႂကြယ္လြန္းသူမ်ားအျဖစ္ သတ္မွတ္ထားသည္။သို႔ျဖစ္၍ ကိုလံဘီယာရွိ နည္းပညာေက်ာင္းတစ္ေက်ာင္းတြင္ Negroအမည္ေပးထားေသာ ေခြးနက္ေလးသည္ ဝန္ထမ္းမ်ားဧ။္ ေကြၽးေမြးေစာင့္ေရွာက္မႈ ေအာက္တြင္ ႀကီးျပင္းလာခဲ့ၿပီး ေက်ာင္းေစာင့္အျဖစ္ရွိေနခဲ့သည္။

ေခြးေလးသည္ ေက်ာင္းလာတက္ေသာ ေက်ာင္းသားေလးမ်ားဧ။္ ေန႔စဥ္ျပဳမူသြားလာပုံကို လိုက္ၾကည့္ထားၿပီး အနီးနားရွိစတိုးဆိုင္တစ္ခုတြင္ ကေလးမ်ားေက်ာင္းဆင္းခ်ိန္၌ ပိုက္ဆံေပးကာ ကြတ္ကီးမုန္႔ေလးမ်ား ဝယ္စားေနၾကသည္ကို ေတြ႕ခဲ့သည္။ေခြးေလးသည္ ေက်ာင္းသားေလးေတြ ကြတ္ကီးရဖို႔ တစ္ခုခုႏွင့္ အလဲအလွယ္လုပ္သည္ကို စဥ္းစားၾကည့္ရင္း သူကိုယ္တိုင္ စမ္းသပ္ခ်င္လာသည္။

ထို႔ေၾကာင့္ ေခြးေလးသည္ သစ္ပင္ေအာက္တြင္ ေႂကြက်ထားေသာ သစ္႐ြက္ေလးတစ္႐ြက္အား ကိုက္ခ်ီကာ စတိုးဆိုင္ထဲသို႔သြား၍ ကြတ္ကီးမ်ား စၿပီး ဝယ္စားခဲ့ေတာ့သည္။ဆိုင္ရွင္မွလည္း ေခြးေလးအား အလြန္ပါးနပ္ျခင္းေၾကာင့္ အံ့အားသင့္ရကာ ေန႔စဥ္သစ္႐ြက္ႏွင့္ကြတ္ကီးလာဝယ္ျခင္းကို ႏွစ္ႀကိမ္သာခြင့္ျပဳထားသည္။

crd