Local News

ဖခင်နဲ့လမ်းလျှောက်နေရင်း လမ်းဘေးမှာတွေ့လိုက်တဲ့ အိုးမဲ့အိမ်မဲ့ကလေးငယ်အတွက် သူ့ရဲ့ဖိနပ်ကိုချွတ်ပြီး ပေးခဲ့တဲ့ 2 နှစ်သားအရွယ်ကလေးငယ်

ဖခင်နဲ့လမ်းလျှောက်နေရင်း လမ်းဘေးမှာတွေ့လိုက်တဲ့ အိုးမဲ့အိမ်မဲ့ကလေးငယ်အတွက် သူ့ရဲ့ဖိနပ်ကိုချွတ်ပြီး ပေးခဲ့တဲ့ 2 နှစ်သားအရွယ်ကလေးငယ်

မလေးရှားနိုင်ငံ ၊ Kuala Lumpur မြို့မှာနေထိုင်တဲ့ အသက် 2 နှစ်အရွယ် ၊ Faizal အမည်ရှိတဲ့ ကလေးငယ်ဟာ ဖခင်နဲ့အတူ လမ်းလျှောက်နေရင်း လမ်းဘေးမှာထိုင်နေတဲ့ အိုးမဲ့အိမ်မဲ့ မိသားစုကို တွေ့ခဲ့ပါတယ် ။ Faizal ဟာ ချက်ချင်းရပ်လိုက်ပြီး ထီးနောက်ကွယ်မှာရှိနေတဲ့ ကလေးငယ်ကို လှမ်းကြည့်လိုက်ပါတယ် ။

နောက်တော့ ကလေးငယ်ဟာ ဖိနပ်မရှိမှန်းသတိထားမိခဲ့လို့ ‘ မဖြစ်ဘူး ‘ ဆိုပြီး Faizal လေးကပြောဆိုနေရင်း သူ့ရဲ့ဖိနပ်နဲ့ ခြေအိတ်တွေကို ချွတ်ကာ အိုးမဲ့အိမ်မဲ့ ကလေးငယ်ကို ပေးပြီး ဖိနပ်တွေဝတ်ပေးခဲ့တဲ့အပြင် ပွေ့ဖက်ကာ အနမ်းတွေပါ ပေးခဲ့ပါသေးတယ် ။နောက်တော့ ဖခင်ဆီကနေ ပိုက်ဆံယူပြီး အဆိုပါမိသားစုကို ပေးခဲ့တဲ့အပြင် ကားအရုပ်လေးကိုမြင်တော့ အဆိုပါ ကလေးငယ်တွေနဲ့အတူ ရင်းရင်းနှီးနှီး ထိုင်ဆော့နေခဲ့ပါတယ် ။

နောက်တော့ Faizal ဟာ အဆိုပါကလေးငယ်တွေနဲ့အတော်လေးရင်းနှီးသွားပုံရပြီးလိုက်တမ်းပြေးတမ်းအတူဆော့ကစားခဲ့ပါတယ် ။အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရင်တောင် လူတိုင်းက အတူတူပဲ ၊ တန်းတူဆက်ဆံသင့်တယ်ဆိုတာကို Faizal က ရည်ညွန်းပြပေးခဲ့တာပါပဲ ။

Zawgyi

ဖခင္နဲ႔လမ္းေလွ်ာက္ေနရင္း လမ္းေဘးမွာေတြ႕လိုက္တဲ့ အိုးမဲ့အိမ္မဲ့ကေလးငယ္အတြက္ သူ႔ရဲ႕ဖိနပ္ကိုခြၽတ္ၿပီး ေပးခဲ့တဲ့ 2 ႏွစ္သားအ႐ြယ္ကေလးငယ္

မေလးရွားႏိုင္ငံ ၊ Kuala Lumpur ၿမိဳ႕မွာေနထိုင္တဲ့ အသက္ 2 ႏွစ္အ႐ြယ္ ၊ Faizal အမည္ရွိတဲ့ ကေလးငယ္ဟာ ဖခင္နဲ႔အတူ လမ္းေလွ်ာက္ေနရင္း လမ္းေဘးမွာထိုင္ေနတဲ့ အိုးမဲ့အိမ္မဲ့ မိသားစုကို ေတြ႕ခဲ့ပါတယ္ ။ Faizal ဟာ ခ်က္ခ်င္းရပ္လိုက္ၿပီး ထီးေနာက္ကြယ္မွာရွိေနတဲ့ ကေလးငယ္ကို လွမ္းၾကည့္လိုက္ပါတယ္ ။

ေနာက္ေတာ့ ကေလးငယ္ဟာ ဖိနပ္မရွိမွန္းသတိထားမိခဲ့လို႔ ‘ မျဖစ္ဘူး ‘ ဆိုၿပီး Faizal ေလးကေျပာဆိုေနရင္း သူ႔ရဲ႕ဖိနပ္နဲ႔ ေျခအိတ္ေတြကို ခြၽတ္ကာ အိုးမဲ့အိမ္မဲ့ ကေလးငယ္ကို ေပးၿပီး ဖိနပ္ေတြဝတ္ေပးခဲ့တဲ့အျပင္ ေပြ႕ဖက္ကာ အနမ္းေတြပါ ေပးခဲ့ပါေသးတယ္ ။ေနာက္ေတာ့ ဖခင္ဆီကေန ပိုက္ဆံယူၿပီး အဆိုပါမိသားစုကို ေပးခဲ့တဲ့အျပင္ ကားအ႐ုပ္ေလးကိုျမင္ေတာ့ အဆိုပါ ကေလးငယ္ေတြနဲ႔အတူ ရင္းရင္းႏွီးႏွီး ထိုင္ေဆာ့ေနခဲ့ပါတယ္ ။

ေနာက္ေတာ့ Faizal ဟာ အဆိုပါကေလးငယ္ေတြနဲ႔ အေတာ္ေလးရင္းႏွီးသြားပုံရၿပီး လိုက္တမ္းေျပးတမ္းအတူ ေဆာ့ကစားခဲ့ပါတယ္ ။ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရင္ေတာင္ လူတိုင္းက အတူတူပဲ ၊ တန္းတူဆက္ဆံသင့္တယ္ဆိုတာကို Faizal က ရည္ၫြန္းျပေပးခဲ့တာပါပဲ ။

crd