ဗဟုသုတ

နိုင်ငံခြားသို့ ၃နှစ်ကြာ အလုပ်သွားလုပ်ခဲ့ပြီး ပြန်လာချိန်တွင် ဝှီးချဲနှင့်ဖြစ်နေသောကြောင့် ကြေကွဲလိုက်ရသော မိဘနှစ်ပါး

လူသားတိုင်းတွင် အခက်အခဲဆိုတာ ရှိသော်လည်း စားဝတ်နေရေးအတွက် အဆင်ပြေမနေသော သူများအဖို့ တိုင်းတစ်ပါးတွင် သွားရောက်၍ငွေများများရရန် မိသားစုနှင့်ခွဲကာ လုပ်ကိုင်ဖို့ သွားရောက်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ကောင်လေးတစ်ယောက်သည်မိသားစုအားလုပ်ကျွေးချင်ခဲ့၍တစ်နယ်ရပ်ခြားသို့ဆင်းရဲဒုက္ခခံကာငွေများသွားရှာခဲ့စဥ် မတော်တဆ အလုပ်ထဲ၌ ထိခိုက်မိ၍ ခြေထောက်မှာ လှုပ်ရှား၍ မရပဲ ကျိုးသွားခဲ့သော်လည်း အဝေးကနေ အဖေအမေစိတ်ပူနေမည် စိုး၍ အကြောင်းမကြားပဲ ဆက်နေခဲ့သည်။

ထို့နောက် ကောင်လေးသည် သုံးနှစ်အကြာတွင် ပြန်လာတော့မည့်အကြောင်း အသိပေးခဲ့ရာ မိသားစုမှ လေဆိပ်တွင် သွားကြိုစောင့်နေခဲ့သည်။ထိုစဥ် ကောင်လေးသည် မိဘအားတွေ့၍ “သားဒီမှာ” ဟုဆိုကာ အပြေးသွားခဲ့စဥ် ဝှီးချဲနှင့်တွေ့ရပြီးအံ့လည်းအံ့သြစိတ်မကောင်းလည်းဖြစ်မိကာ သားလေးဧ။်အဖြစ်အားကြည့်ရင်း မျက်ရည်တွေ ဖြည်မဆည်နိုင်အောင် ကျလာခဲ့တော့သည်။

ထိုအဖြစ်အပျက်ကို တွေ့ရှိသောသူများမှာ ကောင်လေးအား သားလိမ်မာလေး အဖြစ်ချီးမွမ်းနေကြသည်။

Zawgyi






crd