News

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာ ဘုရားကြီး ပြိုကျပျက်စီး

EPN

ပခုက္ကူ ၊ ဇူလိုင် ၇

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ နှုံးပို့ကျေးရွာမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာ ဘုရားကြီဟာ ဒီကနေ့ ၊ နေ့လယ် ၁ နာရီဝန်းကျင်က ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ထဲကို ပြိုကျပျက်စီးသွားတယ်လို့ နှုံးပို့ရွာခံတွေဆီက သိရပါတယ်။

” နေ့လယ် ၁ နာရီက ဘုရားကြီး ရေတိုက်စားပြီး မြစ်ထဲကို ပြိုကျပျက်စီးသွားတယ် ၊ ရှေးဟောင်းသမိုင်းဝင် ဘုရားကြီးဖြစ်တယ် ” လို့ နှုံးပို့ရွာခံတယောက်က ပြောပါတယ် ။

ဒါ့အပြင် နှုံးပို့ကျေးရွာ ဘုန်းကြီးကျောင်းဟာလည်း မြစ်ကမ်းနဲ့ ပေ ၂၀ အကွာတာ ရှိတော့တဲ့အတွက် ကျောင်းဆောင်တချို့ကို ရွာရဲ့တောင်ဘက်ကို အရေးပေါ် ပြောင်းရွှေ့ထားရတယ်လို့ သိရပါတယ်။

အခုလို ဧရာဝတီ နဲ့ ချင်းတွင်း ၊ မြစ်ရေကြီးတဲ့ကာလတွေမှာ နှစ်တိုင်းလိုလို မကွေးတိုင်ထဲက ရေစကြို ၊ ပခုက္ကူ ၊ ပွင့်ဖြူ ၊ မင်းဘူး ၊ စတဲ့မြို့နယ်တွေက မြစ်နားနေ ကျေးရွာတချို့ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုတာကြောင့် ပြောင်ရွေ့ရတယ်လို့ သိရပါတယ်။

သွန်းသွန်း