News

“ဒုဗိုလ်မှူးကြီးလည်ပတ်နှင့် နွေဦးကျန်းမာရေး ရဲဘော် Buddy”

မဲခေါင်၊ ဇူလိုင် ၆

ကရင်နီဒေသ နန်းဖဲ – ထားလဲ စစ်ကောင်စီထောက်ပို့ယာဥ်တန်း တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သည့် ဒုဗိုလ်မှူးကြီးတစ်ဦး၏ အပွင့်အခက်များ တပ်ဆင်ပေးထားသည့် ရဲဘော် Buddy သည် နွေဦးကျန်းမာရေးဆေးရုံ ရဲဘော်တစ်ဦးဖြစ်သည်။

ရဲဘော် Buddy ကို လက်တစ်ဝါးစာအရွယ်ကတည်းက ဆရာဝန်များ လူနာကြည့်လည်းလိုက် ၊ စစ်ရှောင်သွားလည်းလိုက် ၊ အကုန် အားကိုးရသည့် ရဲဘော်ဖြစ်သည်ဟုဆိုသည်။

လက်နက်ကြီး ကျခါနီးဆို အကုန်ပတ်ဟောင်ပြီးနှိုးပေး ဆရာဝန်များ မအိပ်လျှင် သူမအိပ် သည့်ရဲဘော်တစ်ဦးဖြစ်သည်။

တိုက်ပွဲမှာပါခဲ့ကြသည့် တပ်ရင်းများကို ပြန်လည်ထောက်ပို့ပေးနိုင်ရန်အတွက် ရဲဘော် Buddy လည်ပတ်အား ရံပုံငွေအတွက် ရောင်းချရန်စီစဥ်နေကြောင်း သိရသည်။

Fundraiser ညီကိုမောင်နှမများခင်ဗျာ ရဲဘော် Buddy ရဲ့ လည်ပတ်လေးကို ရန်ပုံငွေရှာဖွေပေးကြနိုင်ဖို့ ကူညီပေးစေလိုပါတယ် ။ တိုက်ပွဲမှာပါခဲ့ကြတဲ့ တပ်ရင်းတွေကို ပြန်လည်ထောက်ပို့ပေးနိုင်ဖို့ပါခင်ဗျာ ။

Photo: UM2 YSC

#MeKongNews