ဗဟုသုတ

တစ်နှစ်အတွင်း အဌားကိုယ်ဝန်ဖြင့် ကလေးအယောက် ၂၀ ကိုမွေးကာ ကလေးထိန်းများအတွက် ဒေါ်လာ ၁၀၀,၀၀၀ နီးပါးအထိ သုံးစွဲခဲ့ကြတဲ့ ဇနီးမောင်နှံ

တစ်နှစ်အတွင်း အဌားကိုယ်ဝန်ဖြင့် ကလေးအယောက် ၂၀ ကိုမွေးကာ ကလေးထိန်းများအတွက် ဒေါ်လာ ၁၀၀,၀၀၀ နီးပါးအထိ သုံးစွဲခဲ့ကြတဲ့ ဇနီးမောင်နှံ

အသက် ၂၃ နှစ်အရွယ် Kristina üztürk အမည်ရှိအမျိုးသမီးဟာ ဂျော်ဂျီယာသမ္မတနိုင်ငံသို့ ခရီးထွက်ခဲ့စဉ် သူ့ရဲ့ဇာတိမှထွက်ခွါလာတဲ့ အသက် ၅၇ နှစ်အရွယ် သန်းကြွယ်သူဌေး Galip üztürk နှင့် တွေ့ဆုံကာလက်ထပ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်က ၎င်းတို့စုံတွဲဟာ ၎င်းတို့ရဲ့မိသားစုကို လူများလာအောင် ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပေါင် ၁၃၈၀၀၀ (ဒေါ်လာ ၁၉၅,၀၀၀ ကျော်) ကို အငှါးကိုယ်ဝန်ဆောင်အတွက် သုံးခဲ့ကြပြီးနောက် ၎င်းတို့ရဲ့မိသားစုဝင်များဟာလျင်မြန်စွာကြီးထွားများပြားလာခဲ့ပြီး ယခုအခါ Kristina ရဲ့သမီးအရင်းတစ်ဦးအပါအဝင် သားသမီးပေါင်း ၂၁ ဦး ရှိနေပါတယ်။ ၎င်းတို့ဇနီးမောင်နှံဟာ ၎င်းတို့ရဲ့ကလေးတွေကို ပြုစုဖို့တစ်နှစ်ကို ပေါင် ၆၇,၇၀၀ (ဒေါ်လာ ၉၆,၀၀၀) အထိ ကုန်ကျစေခဲ့ပါတယ်။ ရုရှားသူ Kristina ဟာတစ်ချိန်ကလက်ထပ်ခဲ့ဖူးတဲ့ Mr. Galip နှင့်တွေ့ဆုံတဲ့အခါ ၎င်းတို့နှစ်ဦး ရဲ့ကြီးမားတဲ့မိသားစုတစ်စုရှိတဲ့အိမ်မက်ကို အချင်းချင်းမျှဝေခဲ့ပါတယ်။

လက်ရှိ Kristina ဟာ သူမရဲ့အချိန်တွေကို ကလေးများနှင့်အတူ အချိန်ဖြုန်းနေပြီး အမေတွေလုပ်လေ့ရှိတဲ့အရာသမျှအရာအားလုံးကိုလုပ်နေပါတယ်။ Galip နှင့် Kristina တို့ဟာ ပြီးခဲ့တဲ့နှစ် မတ်လက ၎င်းတို့ရဲ့ပထမဆုံးအငှါးကိုယ်ဝန်ဆောင်ကလေး Mufasa ကို ကြိုဆိုခဲ့ကြပါတယ်။ ၎င်းတို့ဟာ အငှားမိခင်တစ်ဦးကို ငှားရမ်းသည့်အခါတိုင်းဒေါ်လာ ၁၁,၀၀၀ သုံးစွဲခဲ့ပါတယ်။

အခုဆိုရင် ၎င်းတို့ရဲ့ကလေးအယောက် ၂၀ ဟာ အသက် ၄ လကနေ ၁၄ လကြားရှိနေပါပြီ။ ယခုသုံးထပ်စံအိမ်ကြီးမှာနေထိုင်တဲ့ သန်းကြွယ်သူဌေးမိသားစုဟာ တစ်ပတ်လျှင် အနှီးအိတ် ၂၀ နှင့် ကလေးနို့ထုပ် ၅၃ ထုပ်ကို အသုံးပြုရပါတယ်။ အပတ်တိုင်း ကလေးများရဲ့လိုအပ်ချက်များအတွက် ဒေါ်လာ ၅,၀၀၀ မှ ၆,၀၀၀ ခန့် ကုန်ကျကြောင်းသိရပါတယ်။

Kristina က သူမဟာ အနာဂတ်မှာအငှါးကိုယ်ဝန်ဖြင့်ကလေးမွေးရန်အစီအစဉ်မရှိတော့ပေမဲ့လည်းသဘာဝနည်းလမ်းများဖြင့်ရလာတဲ့ကလေးကိုတော့တားမြစ်မှာမဟုတ်ကြောင်း ဆိုခဲ့ပါတယ်။ အများအားဖြင့် ကလေးတွေဟာ ည ၈ နာရီကနေမနက် ၆ နာရီအထိအိပ်ကြပြီးငယ်ရွယ်တဲ့မိခင်အတွက်အိပ်ချိန်မလုံလောက်ပေမဲ့ မိသားစုကြီးကြီးတစ်ခုလိုချင်ခဲ့တဲ့သူမအတွက်တော့ ဒါကအရေးမကြီးပါဘူး။

ခင်ပွန်း Galip ဟာ ကလေးတွေရဲ့ဓာတ်ပုံများကို follower 213k ရှိတဲ့သူ့ရဲ့Instagram accတွင် ပုံမှန်မျှဝေပေးလေ့ရှိပါတယ်။စီးပွါးရေးလုပ်ငန်းရှင်ခင်ပွန်းဟာ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ငွေကြေးကဏ္ဍာတို့ဖြင့် အလုပ်လုပ်ကိုင်တဲ့ Metro Holding ကိုတည်ထောင်သူဖြစ်ပြီး လက်ရှိမှာ ဂျော်ဂျီယာတွင် ဒေါ်လာသန်း ၅၀၀ ဖြင့်ရင်းနှီးမြှုပ်နှံထားသူလည်းဖြစ်ပါတယ်။

Zawgyi

တစ္ႏွစ္အတြင္း အဌားကိုယ္ဝန္ျဖင့္ ကေလးအေယာက္ ၂၀ ကိုေမြးကာ ကေလးထိန္းမ်ားအတြက္ ေဒၚလာ ၁၀၀,၀၀၀ နီးပါးအထိ သုံးစြဲခဲ့ၾကတဲ့ ဇနီးေမာင္ႏွံ

အသက္ ၂၃ ႏွစ္အ႐ြယ္ Kristina üztürk အမည္ရွိအမ်ိဳးသမီးဟာ ေဂ်ာ္ဂ်ီယာသမၼတႏိုင္ငံသို႔ ခရီးထြက္ခဲ့စဥ္ သူ႔ရဲ႕ဇာတိမွထြက္ခြါလာတဲ့ အသက္ ၅၇ ႏွစ္အ႐ြယ္ သန္းႂကြယ္သူေဌး Galip üztürk ႏွင့္ ေတြ႕ဆုံကာလက္ထပ္ခဲ့ၾကပါတယ္။ လြန္ခဲ့တဲ့တစ္ႏွစ္က ၎တို႔စုံတြဲဟာ ၎တို႔ရဲ႕မိသားစုကို လူမ်ားလာေအာင္ ျပဳလုပ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ေပါင္ ၁၃၈၀၀၀ (ေဒၚလာ ၁၉၅,၀၀၀ ေက်ာ္) ကို အငွါးကိုယ္ဝန္ေဆာင္အတြက္ သုံးခဲ့ၾကၿပီးေနာက္၎တို႔ရဲ႕မိသားစုဝင္မ်ားဟာ လ်င္ျမန္စြာႀကီးထြားမ်ားျပားလာခဲ့ၿပီး ယခုအခါ Kristina ရဲ႕သမီးအရင္းတစ္ဦးအပါအဝင္ သားသမီးေပါင္း ၂၁ ဦး ရွိေနပါတယ္။ ၎တို႔ဇနီးေမာင္ႏွံဟာ ၎တို႔ရဲ႕ကေလးေတြကို ျပဳစုဖို႔တစ္ႏွစ္ကို ေပါင္ ၆၇,၇၀၀ (ေဒၚလာ ၉၆,၀၀၀) အထိ ကုန္က်ေစခဲ့ပါတယ္။ ႐ုရွားသူ Kristina ဟာတစ္ခ်ိန္ကလက္ထပ္ခဲ့ဖူးတဲ့ Mr. Galip ႏွင့္ေတြ႕ဆုံတဲ့အခါ ၎တို႔ႏွစ္ဦး ရဲ႕ႀကီးမားတဲ့မိသားစုတစ္စုရွိတဲ့အိမ္မက္ကို အခ်င္းခ်င္းမွ်ေဝခဲ့ပါတယ္။

လက္ရွိ Kristina ဟာ သူမရဲ႕အခ်ိန္ေတြကို ကေလးမ်ားႏွင့္အတူ အခ်ိန္ျဖဳန္းေနၿပီး အေမေတြလုပ္ေလ့ရွိတဲ့အရာသမွ်အရာအားလုံးကို လုပ္ေနပါတယ္။ Galip ႏွင့္ Kristina တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ မတ္လက ၎တို႔ရဲ႕ပထမဆုံးအငွါးကိုယ္ဝန္ေဆာင္ကေလး Mufasa ကို ႀကိဳဆိုခဲ့ၾကပါတယ္။ ၎တို႔ဟာ အငွားမိခင္တစ္ဦးကို ငွားရမ္းသည့္အခါတိုင္းေဒၚလာ ၁၁,၀၀၀ သုံးစြဲခဲ့ပါတယ္။

အခုဆိုရင္ ၎တို႔ရဲ႕ကေလးအေယာက္ ၂၀ ဟာ အသက္ ၄ လကေန ၁၄ လၾကားရွိေနပါၿပီ။ ယခုသုံးထပ္စံအိမ္ႀကီးမွာေနထိုင္တဲ့သန္းႂကြယ္သူေဌးမိသားစုဟာ တစ္ပတ္လွ်င္ အႏွီးအိတ္ ၂၀ ႏွင့္ ကေလးႏို႔ထုပ္ ၅၃ ထုပ္ကို အသုံးျပဳရပါတယ္။ အပတ္တိုင္း ကေလးမ်ားရဲ႕လိုအပ္ခ်က္မ်ားအတြက္ ေဒၚလာ ၅,၀၀၀ မွ ၆,၀၀၀ ခန႔္ ကုန္က်ေၾကာင္းသိရပါတယ္။

Kristina က သူမဟာ အနာဂတ္မွာ အငွါးကိုယ္ဝန္ျဖင့္ကေလးေမြးရန္အစီအစဥ္မရွိေတာ့ေပမဲ့လည္း သဘာဝနည္းလမ္းမ်ားျဖင့္ ရလာတဲ့ကေလးကိုေတာ့တားျမစ္မွာမဟုတ္ေၾကာင္း ဆိုခဲ့ပါတယ္။ အမ်ားအားျဖင့္ ကေလးေတြဟာ ည ၈ နာရီကေနမနက္ ၆ နာရီအထိအိပ္ၾကၿပီး ငယ္႐ြယ္တဲ့မိခင္အတြက္ အိပ္ခ်ိန္မလုံေလာက္ေပမဲ့ မိသားစုႀကီးႀကီးတစ္ခုလိုခ်င္ခဲ့တဲ့သူမအတြက္ေတာ့ ဒါကအေရးမႀကီးပါဘူး။

ခင္ပြန္း Galip ဟာ ကေလးေတြရဲ႕ဓာတ္ပုံမ်ားကို follower 213k ရွိတဲ့ သူ႔ရဲ႕Instagram acc တြင္ ပုံမွန္မွ်ေဝေပးေလ့ရွိပါတယ္။ စီးပြါးေရးလုပ္ငန္းရွင္ခင္ပြန္းဟာ ခရီးသြားလုပ္ငန္း၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ ေငြေၾကးက႑ာတို႔ျဖင့္ အလုပ္လုပ္ကိုင္တဲ့ Metro Holding ကိုတည္ေထာင္သူျဖစ္ၿပီး လက္ရွိမွာ ေဂ်ာ္ဂ်ီယာတြင္ ေဒၚလာသန္း ၅၀၀ ျဖင့္ရင္းႏွီးျမႇဳပ္ႏွံထားသူလည္းျဖစ္ပါတယ္။

crd