ဗဟုသုတ

အမှိုက်အိတ်ထဲ မတော်တဆပစ်ထည့်မိတဲ့ လက်ဝတ်ရတနာများကိုပြန်လည်ရယူနိုင်ခဲ့လို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ အမျိုးသမီး

အမှိုက်အိတ်ထဲ မတော်တဆပစ်ထည့်မိတဲ့ လက်ဝတ်ရတနာများကိုပြန်လည်ရယူနိုင်ခဲ့လို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ အမျိုးသမီး (ရုပ်သံ)

ယမန်နေ့ ဗီဒီယိုထဲမှာ အမှိုက်ပုံကောက်သူအနည်းငယ်ရဲ့အကူအညီဖြင့် Facebook အသုံးပြုသူ Idda Melisa လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးက တုတ်ရှည်များ သုံးပြီး အမှိုက်များ စစ်ဆေးနေတာကို တွေ့ရပါတယ် ။

၎င်းအမျိုးသမီးက RM ၇၀၀၀၀ တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေကို အမှိုက်အိတ်ထဲ မတော်တဆပစ်မိခဲ့တဲ့အတွက် ပြန်လည်ဆည်ယူနေခဲ့တာ ဖြစ်ပါတယ် ။ နောက်ဆုံးမှာ အမှိုက်အိတ်များထဲမှ အစိမ်းရောင်သေတ္တာကိုတွေ့ပြီး အမျိုးသမီးက ပြုံးရွှင်စွာနဲ့ သေတ္တာအတွင်းမှ ရွှေလက်စွပ်များကိုထုတ်ပြခဲ့ပါတယ် ။

“ ငါ့ရဲ့ရွှေလေးတွေ ပြန်ရှာတွေ့ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်” လို့ သူမကဆိုပါတယ် ။ ၎င်းဗီဒိယိုကို ဝေမျှတဲ့အခါမှာ ၎င်းအမျိုးသမီးက သူမရဲ့ရွှေကို တွေ့ရှိခဲ့ခြင်းကြောင့် လူအများကလည်း စိတ်သက်သာရာရခဲ့ပါတယ် ။အခြားသူများက အမှိုက်ပုံအများကြီးကို မွှေနှောက်ပြီး သူမရဲ့အဖိုးတန်ပစ္စည်းကို ပြန်လည်တွေ့ရှိခဲ့လို့ အထင်ကြီးလေးစားကြောင်း ပြောကြားခဲ့ကြပါတယ် ။

“သူမဟာသူမရဲ့ရွှေကိုမတော်တဆဘယ်လိုလုပ်ပစ်နိုင်ခဲ့တာလဲ” လို့ Netizen တစ်ဦးက စဉ်းစားမိခဲ့ပါတယ် ။ ဒါပေမဲ့ ရွှေကို ဘယ်လိုအကြောင်းကြောင့် အမှိုက်ထဲပစ်ထည့်မိတာကို သူမက ပြောပြထားခြင်းမရှိခဲ့ပါဘူး ။

crd

Zawgyi






crd