ဗဟုသုတ

သမုဒ္ဒရာအတွင်းမှ မှန်ကနေ သူတို့ရဲ့ ရောင်ပြန်ဟပ်မှုများကို စိတ်ဝင်တစားကြည့်နေခဲ့တဲ့ ပင်လယ်ဖျံများ

သမုဒ္ဒရာအတွင်းမှ မှန်ကနေ သူတို့ရဲ့ ရောင်ပြန်ဟပ်မှုများကို စိတ်ဝင်တစားကြည့်နေခဲ့တဲ့ ပင်လယ်ဖျံများ

အသက် ၃၂ ​​နှစ်အရွယ် David နဲ့ Alice Edgar တို့စုံတွဲနှစ်ဦးဟာ သြစတေးလျနိုင်ငံ Baird Bay သမုဒ္ဒရာမှာ ပင်လယ်ဖျံများနဲ့အတူ ရေကူးကြတာကို ဝေမျှလာခဲ့ပါတယ် ။ ရေအောက်ဓာတ်ပုံဆရာ David က သူတို့စုံတွဲနဲ့အတူ ယူဆောင်လာတဲ့ မှန်တစ်ချပ်ကို ပင်လယ်ဖျံများသို့ ပြလိုက်တဲ့အခါမှာ ၎င်းသတ္တဝါက သူတို့ကိုယ်သူတို့ စိုက်ကြည့်နေတဲ့ ကြည်နူးစရာပုံများနဲ့ ဗွီဒီယိုကို ထိုစုံတွဲနှစ်ဦးက ပြသလာခဲ့ပါတယ် ။

ရေငုပ်သမား Alice က ပင်လယ်ဖျံတွေဟာ သူတို့ရဲ့ထင်ဟပ်မှုများ ပြနေတာကို မြင်တွေ့နိုင်ပါတယ် ။ David က သတ္တဝါများဟာသူတို့ကို သူတို့ မြင်တွေ့အခါ ဘယ်လိုတုန့်ပြန်မယ်ဆိုတာသိချင်တဲ့အတွက်ကြောင့်မှန်တစ်ချက်ယူသွားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ် ။ ပင်လယ်ဖျံတွေက သူတို့ကိုယ်သူတို့ အသိ အမှတ်ပြုပုံ မပေါ်ပါဘူး။ ဒါပေမယ့် သူတို့က တောက်ပတဲ့ အရာဝတ္ထုကို ရှင်းရှင်းလင်းလင်းစိတ်ဝင်တစားရှိခဲ့ပြီး အနီးကပ်ကြည့်နေခဲ့တယ် လို့ ထိုစုံတွဲနှစ်ဦးက ဆိုပါတယ် ။

David က “ ပင်လယ်ဖျံများဟာ ခွေးပေါက်လေးများကဲ့သို့ ပြုမူတက်ကြတယ်။ သူတို့က သင့်ရဲ့ စွမ်းအင်ကို ကုန်ဆုံးစေတဲ့အထိ သင်တို့နဲ့အတူ ကစားရန်နှစ်သက်ကြတယ် ” လို့ ဆိုခဲ့သေးပါတယ် ။ နောက်ပြီး ပင်လယ်ဖျံများက အလွန်မယုံနိုင်လောက်အောင် သင့်ကို စက္ကန့်ပိုင်းအတွင်း လှည့်ပတ်နိုင်ခဲ့ပါတယ် ။

Zawgyi

သမုဒၵရာအတြင္းမွ မွန္ကေန သူတို႔ရဲ႕ ေရာင္ျပန္ဟပ္မႈမ်ားကို စိတ္ဝင္တစားၾကည့္ေနခဲ့တဲ့ ပင္လယ္ဖ်ံမ်ား

အသက္ ၃၂ ​​ႏွစ္အ႐ြယ္ David နဲ႔ Alice Edgar တို႔စုံတြဲႏွစ္ဦးဟာ ၾသစေတးလ်ႏိုင္ငံ Baird Bay သမုဒၵရာမွာ ပင္လယ္ဖ်ံမ်ားနဲ႔အတူ ေရကူးၾကတာကို ေဝမွ်လာခဲ့ပါတယ္ ။ ေရေအာက္ဓာတ္ပုံဆရာ David က သူတို႔စုံတြဲနဲ႔အတူ ယူေဆာင္လာတဲ့ မွန္တစ္ခ်ပ္ကို ပင္လယ္ဖ်ံမ်ားသို႔ ျပလိုက္တဲ့အခါမွာ ၎သတၱဝါက သူတို႔ကိုယ္သူတို႔ စိုက္ၾကည့္ေနတဲ့ ၾကည္ႏူးစရာပုံမ်ားနဲ႔ ဗြီဒီယိုကို ထိုစုံတြဲႏွစ္ဦးက ျပသလာခဲ့ပါတယ္ ။

ေရငုပ္သမား Alice က ပင္လယ္ဖ်ံေတြဟာ သူတို႔ရဲ႕ထင္ဟပ္မႈမ်ား ျပေနတာကို ျမင္ေတြ႕ႏိုင္ပါတယ္ ။ David က သတၱဝါမ်ားဟာ သူတို႔ကိုသူတို႔ ျမင္ေတြ႕အခါ ဘယ္လိုတုန္႔ျပန္မယ္ဆိုတာ သိခ်င္တဲ့အတြက္ေၾကာင့္ မွန္တစ္ခ်က္ယူသြားဖို႔ ဆုံးျဖတ္ခဲ့တာလို႔ ဆိုပါတယ္။ပင္လယ္ဖ်ံေတြကသူတို႔ကိုယ္သူတို႔အသိအမွတ္ျပဳပုံ မေပၚပါဘူး။ ဒါေပမယ့္ သူတို႔က ေတာက္ပတဲ့ အရာဝတၳဳကို ရွင္းရွင္းလင္းလင္းစိတ္ဝင္တစားရွိခဲ့ၿပီး အနီးကပ္ၾကည့္ေနခဲ့တယ္ လို႔ ထိုစုံတြဲႏွစ္ဦးက ဆိုပါတယ္ ။

David က “ ပင္လယ္ဖ်ံမ်ားဟာ ေခြးေပါက္ေလးမ်ားကဲ့သို႔ ျပဳမူတက္ၾကတယ္။ သူတို႔က သင့္ရဲ႕ စြမ္းအင္ကို ကုန္ဆုံးေစတဲ့အထိ သင္တို႔နဲ႔အတူ ကစားရန္ႏွစ္သက္ၾကတယ္ ” လို႔ ဆိုခဲ့ေသးပါတယ္ ။ ေနာက္ၿပီး ပင္လယ္ဖ်ံမ်ားက အလြန္မယုံႏိုင္ေလာက္ေအာင္ သင့္ကို စကၠန႔္ပိုင္းအတြင္း လွည့္ပတ္ႏိုင္ခဲ့ပါတယ္ ။

crd