ဗဟုသုတ

မြို့ပြမှထွက်ခွာပြီး ကျေးလက်မှာ အိမ်ငယ်လေးကို မြေနဲ့ ဆောက်လုပ်ပြီး ရိုးရှင်းတဲ့ဘဝကို နေထိုင်ကြတဲ့ ဇနီးမောင်နှံနှစ်ဦး

မစ္စတာ Tran Bao Tan နဲ့ Long An မှ အသက် 30 နှစ်အရွယ် ဇနီး Thuy My တို့ဟာ ဟိုချီမင်းမြို့မှာ 10 နှစ်ကြာ နေထိုင်ပြီး အလုပ်လုပ်ခဲ့ကြပါတယ် ။ သူ့ဆန္ဒကတော့ သာယာလှပတဲ့ အိမ်ကလေးတစ်လုံး၊ ဇနီး၊ သားသမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တာပါ ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူဟာ မိမိလက်ဖြင့် အိမ်ဆောက်ပြီး ပျော်ရွှင်အေးချမ်းတဲ့ ဘဝနေထိုင်ရန် ဇာတိမြို့သို့ ပြန်သွားရန် စိတ်ကူးပေါ်လာခဲ့ပါတယ် ။

သူ့မွေးရပ်မြေကို ပြန်ရောက်တဲ့အခါ သူနဲ့ သူ့မိန်းမက ပိုက်ဆံ သိပ်မရှိတာကြောင့်သူတို့အဘိုးထားခဲ့တဲ့မြေမှာနေဖို့အသုံးစရိတ်ကိုအသက်သာဆုံးနည်းဖြင့် စီစဉ်ခဲ့ပါတယ် ။ သူတို့ဇနီးမောင်နှံဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း၊ မြေကြီးပေါ်မှ အိမ်တစ်လုံးဆောက်ခြင်း၊နေ့စဥ်ဘဝနေထိုင်မှုပုံစံများကို မှတ်တမ်းတင်ပြခဲ့ပါတယ် ။

မစ္စတာ Tan နဲ့ မစ္စစ် Thuy တို့က နေ့တိုင်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချရန်နဲ့ အိမ်ဆောက်ရန် ၂ နာရီမှ ၃ နာရီခန့်အချိန်ပေးပြီးညနေပိုင်းမှာ အင်္ဂလိပ်စာကို အခမဲ့သင်ပေးပါတယ် ။

4 လကြာပြီးနောက် အိမ်က 70% ပြီးစီးပြီး သေချာစေရန်အလုပ်သမားများကို ငှားရမ်းကာ အိမ်က နောက်ဆုံးတော့ ပြီးသွားပါတယ် ။ မြေနဲ့လုပ်ထားပြီး အိမ်က အရမ်းရိုးရှင်းပေမဲ့ သူနဲ့ သူ့ဇနီးက အဲဒါကို တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုလို့ မှတ်ယူပါတယ် ။

Zawgyi




crd