News

“စွန့်ပစ်ပလပ်စတစ်မှ ဒီဇယ်ထုတ်လုပ်နိုင်တဲ့နည်းပညာကို လက်တွေ့ပြသပေးလိုက်တဲ့ အညာသားလေး”

စစ်ကိုင်တိုင်းဒေသကြီး၊ ဘုတလင်မြို့က BE(Chemical) ဘွဲ့ရ ကိုသန့်ဇင်ထွန်း ဆိုသူဟာ၂၀၁၅ ခုနှစ်မှာ စွန့်ပစ် ဂျွတ်ဂျွတ်အိတ်၊ ပီနံအိတ် နဲ့ အခြားစွန့်ပစ်ပလပ်စတစ်တွေကနေ ဒီဇယ်ဆီ တစ်နေ့ ဂါလံ ၂၀ ထုတ်လုပ်ထဲ့ Pilot Plant လေးကိုတည်ဆောက်ပြီး သူ့ရဲ့ထုတ်လုပ်မှုကို သရုပ်ပြခဲ့ရာမှာ သူ့ရဲ့ ဒီဇယ်ဆီ Product တွေထည့်ပြီး လယ်ယာသုံးစက်များကို မောင်းနှင်ပြခဲ့ပါတယ်။

တိုင်းဒေသကြီးအစိုးရကိုလည်း သူ့ရဲ့ Plan ကိုရှင်းပြကာ စက်ရုံအကြီးတည်ဆောက်နိုင်ရေး Investment အတွက် SME ချေးငွေ သိန်း ၅ထောင်လိုအပ်ကြောင်း တင်ပြခဲ့ပါတယ်။

အဲဒီတုန်းက စည်ပင်ကလည်း ပလပ်စတစ်စွန့်ပစ်အမှိုက်ကိစ္စ ဖြေရှင်းနိုင်မယ့်နည်းလမ်းဖြစ်လို့ အတော်စိတ်ဝင်စားကာ သူကို ချေးငွေ သိန်းငါးရာ ချေးပေးဖို့ အစီအစဉ်ရှိခဲ့သော်လည်း နောက်တော့အစီအစဉ်က ပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဘဏ်တွေမှာ ငွေချေးဖို့ကလည်း သူမှာ အာမခံအပေါင်ပစ္စည်း များများစားစားမရှ်ိခဲ့တော့ အလုပ်မဖြစ်ခဲ့ပါဘူး ကြာတော့လည်း သူ့ plant လေးက ထုတ်လုပ်မှုတွေ ကြာလာတာနဲ့အမျှ ပျက်စီးသွားခဲ့ပါတယ်။

ဒါပေမယ့် လက်တော့မလျှော့သေးပါဘူး ယခင် Pllot Plant ထက်တော်တော်လေးသေးတဲ့ တစ်နေ့ တစ်ဂါလံခွဲလောက်ထွက်တဲ့ အသေးစားလေးနဲ့ စမ်းသပ်ထုတ်နေပါတယ်ဆိုတဲ့အတွက် မနေ့ကသွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ပိုသေးသွားတော့ ဘာဖြစ်လဲ စီးပွားရေးမကိုက်တော့ဘူးပေါ့။

Process အချိန်တွေ အလုပ်သမားသုံးရတဲ့အချိန်တွေက အတူတူဘဲကိုး

ဝါသနာအရသာထုတ်နေတာ ထုတ်သမျှရှုံးနေတော့မှာပေါ့။ သူပြောတာကတော့ ပထမအဆင့် ချေးငွေ သိန်းငါးရာ- တစ်ထောင်ရမယ်ဆို တစ်နေ့ ဂါလံ ၂၅၀ – ၃၀၀ ထွက်မယ့် Mini Plant တည်မယ်ါ ။ဒုတိယအဆင့် ချေးငွေ သိန်းငါးထောင် – တစ်သောင်း ရရင်

တစ်နေ့ ဂါလံ ၂၅၀၀ ထွက်မယ့် Plant အကြီးလိုမယ်၊ နောက်သူလိုနေတာ မြေနေရာMini အတွက် ၂ဧက Plant အကြီးအတွက် ၅ ဧကလိုမယ်။

သူ့ရဲ့ နည်းပညာ၊ Plan နဲ့ Investment အတွက် ချေးငွေရရှိရေးကို ကျွန်တော်တို့ DG နဲ့ ဝန်ကြီးထံကို သင်္ကြန်မကျခင်က သွားတင်ပျြထားပါတယ်လို သူကဆိုပါတယ်။

ကဲ သူ့ရဲ့ နည်းပညာနဲ့ Innovation ကိုကြည့်လိုက်ရအောင်

၁။ စွန့်ပစ်ပလပ်စတစ်ကုန်ကြမ်းတွေကို Compact ဖြစ်သွားအောင် နှစ်ပေပတ်လည် ဘလောက်တုံးတွေအဖြစ် ဖိသိပ်လိုက်မယ်။

၂။ အဲဒီဘလောက်တုန်းတွေကို လေမဲ့မီးရှို့တဲ့စနစ်ဖြစ်တဲ့ Pyrolysis Reactor ထဲထည့်လိုက်တဲ့အခါ Plastoleum Oil လို့ခေါ်တဲ့ (မီးထိုးဆီ FO လို )ပလပ်စတစ်ဆီကို ရရှိမယ်( ဆီကြမ်းပေါ့)

၃။ အဲဒီ Plastoleum Oil ကို ပိုသန့်စင်သွားအောင် Chemical Treatment ထပ်လုပ်မယ်၊(အချို့ပလပ်စတစ်တွေက ပုံနှိပ်ဆေးတွေမှာပါတဲ့Chemical တွေကို သန့်စင်ပေးရတဲ့သဘော)

၄။ အဲဒီသန့်သွားတဲ့ Plastoleum Oil ကိုCatalytic Cracking Uint ထဲထည့်ပြီး အပူချိန်အမြင့်မှာDepolymerlization လုပ်ပြီးထပ်ဖြိုခွဲသန့်စင်ရပါတယ်။

(Depolymerlization ဆိုတာကတော့ သံကွင်းဆက်ကြိုးအရှည်ကြီးတစ်ခုကို သံကြိုးကွင်းတစ်ခုချင်းစီ ကွဲထွက်သွားအောင်လုပ်တဲ့သဘောမျိုး ယူဆလို့ရပါတယ်။

အဲဒီအဆင့်မှာ ဓါတ်ကူပစ္စည်း ( Catalyst) တစ်မျိုးသုံးရပါတယ်။

အဲဒီ Catalyst က နိုင်ငံခြားကဝယ်မယ်ဆို အင်မတန်စျေးကြီးပါတယ်။ဒါပေမယ့် ကိုသန့်ဇင်ထွန်းက အဲဒီ Catalyst ကို သူကိုယ်တိုင်ဖန်တီးတီထွင်ထုတ်လုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ထုတ်လုပ်မှုကုန်ကျစရိတ် အလွန်သက်သာသွားပါတယ်။

၅။ Catalytic Cracking Uint ထဲကထွက်လာတဲ့ဆီဟာ ဓါတ်ဆီ၊ ဒီဇယ်အရောမျိုးဖြစ်ပြီးအဲဒီဆီကို Refinery Unit ( ရေနံချက်စက်ရုံအသေးစားမျိုး) နဲ့ သန့်စင်ချက်လုပ်ကာ ဒီဇယ် ၊ဓါတ်ဆီ ခွဲထုတ်ကာ သိုလှောင်ပြီး Chamical Treatment ထပ်မံပြုလုပ်ကာ Standard အဆင့်ထိပြုပြင်ထုတ်လုပ် ရောင်းချသွားမည့် အစီအစဉ်ပင်ဖြစ်ပါသည်။

စွမ်းအင်အကျိုးရှိစွာအသုံးချနိုင်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်ဖြင့်ကြည့်လျင် လေမဲ့မီးရှို့တဲ့စနစ်ဖြစ်သော Pyrolysis Reactor အားစတင်ပူပေးရာတွင် Diesel Burner ဖြင့် အပူစပေးရပြီး ပလပ်စတစ်များမှ ထွက်လာသော မီသိန်း၊ အီသိမ်း ဓါတ်ငွေ့များအား အပူပေးရာတွင်ပြန်သုံးနိုင်ပြီး ကျန် flu ဓါတ်ငွေ့များ(ဆာဖာဒိုင်အောက်ဆိုဒ်၊ နိုင်ထရိုဂျင်အောက်ဆိုဒ်၊

ကလိုရင်း နှုင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ပါဝင်နိုင်) အားလည်း Flu Gas Cleaning System ဆိုသည့် Chemical Treatment ပြုလုပ်ကာ အတတ်နိုင်ဆုံး ဖယ်ထုတ်သန့်စင်ပြီးမှ လေထဲသို့ ပြန်လည်စွန့်ထုတ်မည့်စနစ်အသုံးပြုခြင်း၊ စက်ရုံ Process ပြုလုပ်ရာမှာထွက်ရှိလာမည့် Chemical များပါသည့်စွန့်ပစ်ရေများအားလည်း Waste water Treatment System တစ်ခုတည်ဆောက်ကာ Chemical များအား Recovery ရယူကာ Process တွင်ပြန်လည်အသုံးချနိုင်ခြင်း၊ ရေများကိုလည်း ပြန်လည်အသုံးပြုနိုင်ခြင်းတို့အပြင်

ထိုစနစ်မှ By Product အဖြစ် ကယ်လစီယမ်ကာဘွန်နိတ် သာထွက်ရှိမည်ဖြစ်ပြီး ၄င်း By Product မှာလည်း ရောင်ချနိုင်သည့်စျေးကွက်ရှိခြင်း၊ မီးထိုးစနစ်မှလည်း ကာဗွန်များသာ ပြန်လည်ထွက်ရှိလာမည်ဖြစ်ရာ ၄င်းကာဗွန်များက်ိုလည်း ထင်းအစားထိုးလောင်စာပြုလုပ်ရန် ကုန်ကြမ်းအဖြစ်သုံးနိုင်ခြင်းစသည် အားသာချက်များရှိကြောင်းသိရပါသည်။

တစ်ကယ်သာ အနေနဲ့ Investment အတွက် အစိုးရကဖြစ်စေ၊ INGOတစ်ခုခုကဖြစ်စေ ၊ပြည်တွင်းပြည်ပ Invester တစ်ဦးဦးဆီကနေ အထောက်အပံ့တစ်ခုခုရခဲ့ရင် သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးနေတဲ့ စွန့်ပစ်အမှိုက်တွေတောင် စျေးကွက်တစ်ခုဖြစ်သွားနိုင်ပါတယ်။

ဒီနည်းပညာကို သူများလိုက်လုပ်ဖို့တော့ မလွယ်ပါဘူး။Process မှာအဓိကသုံးရတဲ့ Catalyst ထုတ်လုပ်မှုနည်းပညာကလည်း သူရဲ့ Trade Secret ဖြစ်နေတာကိုး။ဘယ်လိုဘဲဖြစ်ဖြစ် စွမ်းအင်ထုတ်လုပ်ရေး SME လုပ်ငန်းတစ်ခုအဖြစ် ဖြစ်တည်လာနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။

ကျွန်တော်ရေးတာတော့ မပြည့်စုံနိုင်ပါဘူး။အသေးစိတ်သိချင်ရင်တော့

ကိုသန့်ဇင်ထွန်းကို မေးပါ Ph 09400524677, 09794794082ကျွန်တော်နဲ့လည်း FB friend ပါ။

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။ တဆင့်ပြန်လည်မျှဝေပါသည်။

Zawgyi ဖြင့်ဖတ်ရန်

စြန္႔ပစ္ပလပ္စတစ္မွ ဒီဇယ္ထုတ္ႏိုင္တဲ့နည္းပညာ

စစ္ကိုင္တိုင္းေဒသႀကီး၊ ဘုတလင္ၿမိဳ႕က BE(Chemical) ဘြဲ႕ရ ကိုသန္႔ဇင္ထြန္း ဆိုသူဟာ၂၀၁၅ ခုႏွစ္မွာ စြန္႔ပစ္ ဂြၽတ္ဂြၽတ္အိတ္၊ ပီနံအိတ္ နဲ႔
အျခားစြန္႔ပစ္ပလပ္စတစ္ေတြကေန ဒီဇယ္ဆီ တစ္ေန႔ ဂါလံ ၂၀ ထုတ္လုပ္ထဲ့ Pilot Plant ေလးကိုတည္ေဆာက္ၿပီး သူ႔ရဲ႕ထုတ္လုပ္မႈကို သ႐ုပ္ျပခဲ့ရာမွာ သူ႔ရဲ႕ ဒီဇယ္ဆီ Product ေတြထည့္ၿပီး လယ္ယာသုံးစက္မ်ားကို ေမာင္းႏွင္ျပခဲ့ပါတယ္။

တိုင္းေဒသႀကီးအစိုးရကိုလည္း သူ႔ရဲ႕ Plan ကိုရွင္းျပကာ စက္႐ုံအႀကီးတည္ေဆာက္ႏိုင္ေရး Investment အတြက္ SME ေခ်းေငြ သိန္း ၅ေထာင္လိုအပ္ေၾကာင္း တင္ျပခဲ့ပါတယ္။

အဲဒီတုန္းက စည္ပင္ကလည္း

ပလပ္စတစ္စြန္႔ပစ္အမႈိက္ကိစၥ ေျဖရွင္းႏိုင္မယ့္နည္းလမ္းျဖစ္လို႔ အေတာ္စိတ္ဝင္စားကာ သူကို ေခ်းေငြ သိန္းငါးရာ ေခ်းေပးဖို႔ အစီအစဥ္ရွိခဲ့ေသာ္လည္း ေနာက္ေတာ့အစီအစဥ္က ပ်က္သြားခဲ့တယ္လို႔ ဆိုပါတယ္။

ဘဏ္ေတြမွာ ေငြေခ်းဖို႔ကလည္း သူမွာ အာမခံအေပါင္ပစၥည္း မ်ားမ်ားစားစားမရွ္ိခဲ့ေတာ့ အလုပ္မျဖစ္ခဲ့ပါဘူး ၾကာေတာ့လည္း သူ႔ plant ေလးက ထုတ္လုပ္မႈေတြ ၾကာလာတာနဲ႔အမွ် ပ်က္စီးသြားခဲ့ပါတယ္။

ဒါေပမယ့္ လက္ေတာ့မေလွ်ာ့ေသးပါဘူး ယခင္ Pllot Plant ထက္ေတာ္ေတာ္ေလးေသးတဲ့ တစ္ေန႔ တစ္ဂါလံခြဲေလာက္ထြက္တဲ့ အေသးစားေလးနဲ႔ စမ္းသပ္ထုတ္ေနပါတယ္ဆိုတဲ့အတြက္ မေန႔ကသြားေရာက္ေလ့လာျဖစ္ခဲ့ပါတယ္။

ပိုေသးသြားေတာ့ ဘာျဖစ္လဲ စီးပြားေရးမကိုက္ေတာ့ဘူးေပါ့။

Process အခ်ိန္ေတြ အလုပ္သမားသုံးရတဲ့အခ်ိန္ေတြက အတူတူဘဲကိုး

ဝါသနာအရသာထုတ္ေနတာ ထုတ္သမွ်ရႈံးေနေတာ့မွာေပါ့။

သူေျပာတာကေတာ့ ပထမအဆင့္ ေခ်းေငြ သိန္းငါးရာ- တစ္ေထာင္ရမယ္ဆို တစ္ေန႔ ဂါလံ ၂၅၀ – ၃၀၀ ထြက္မယ့္ Mini Plant တည္မယ္
ဒုတိယအဆင့္ ေခ်းေငြ သိန္းငါးေထာင္ – တစ္ေသာင္း ရရင္

တစ္ေန႔ ဂါလံ ၂၅၀၀ ထြက္မယ့္ Plant အႀကီးလိုမယ္၊ ေနာက္သူလိုေနတာ ေျမေနရာMini အတြက္ ၂ဧက Plant အႀကီးအတြက္ ၅ ဧကလိုမယ္
သူ႔ရဲ႕ နည္းပညာ၊ Plan နဲ႔ Investment အတြက္ ေခ်းေငြရရွိေရးကို

ကြၽန္ေတာ္တို႔ DG နဲ႔ ဝန္ႀကီးထံကို သၾကၤန္မက်ခင္က သြားတင္ပ်ၾထားပါတယ္လို သူကဆိုပါတယ္။

ကဲ သူ႔ရဲ႕ နည္းပညာနဲ႔ Innovation ကိုၾကည့္လိုက္ရေအာင္

၁။ စြန္႔ပစ္ပလပ္စတစ္ကုန္ၾကမ္းေတြကို Compact ျဖစ္သြားေအာင္

ႏွစ္ေပပတ္လည္ ဘေလာက္တုံးေတြအျဖစ္ဖိသိပ္လိုက္မယ္။

၂။ အဲဒီဘေလာက္တုန္းေတြကို ေလမဲ့မီးရႈိ႕တဲ့စနစ္ျဖစ္တဲ့

Pyrolysis Reactor ထဲထည့္လိုက္တဲ့အခါ

Plastoleum Oil လို႔ေခၚတဲ့ (မီးထိုးဆီ FO လို )

ပလပ္စတစ္ဆီကို ရရွိမယ္( ဆီၾကမ္းေပါ့)

၃။ အဲဒီ Plastoleum Oil ကို ပိုသန္႔စင္သြားေအာင္

Chemical Treatment ထပ္လုပ္မယ္

(အခ်ိဳ႕ပလပ္စတစ္ေတြက ပုံႏွိပ္ေဆးေတြမွာပါတဲ့

Chemical ေတြကို သန္႔စင္ေပးရတဲ့သေဘာ)

၄။ အဲဒီသန္႔သြားတဲ့ Plastoleum Oil ကိုCatalytic Cracking Uint ထဲထည့္ၿပီး အပူခ်ိန္အျမင့္မွာDepolymerlization လုပ္ၿပီးထပ္ၿဖိဳခြဲသန္႔စင္ရပါတယ္။

(Depolymerlization ဆိုတာကေတာ့ သံကြင္းဆက္ႀကိဳးအရွည္ႀကီးတစ္ခုကို သံႀကိဳးကြင္းတစ္ခုခ်င္းစီ ကြဲထြက္သြားေအာင္လုပ္တဲ့သေဘာမ်ိဳး ယူဆလို႔ရပါတယ္။

အဲဒီအဆင့္မွာ ဓါတ္ကူပစၥည္း ( Catalyst) တစ္မ်ိဳးသုံးရပါတယ္။

အဲဒီ Catalyst က ႏိုင္ငံျခားကဝယ္မယ္ဆို အင္မတန္ေစ်းႀကီးပါတယ္

ဒါေပမယ့္ ကိုသန္႔ဇင္ထြန္းက အဲဒီ Catalyst ကို သူကိုယ္တိုင္

ဖန္တီးတီထြင္ထုတ္လုပ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း ထုတ္လုပ္မႈကုန္က်စရိတ္ အလြန္သက္သာသြားပါတယ္။

၅။ Catalytic Cracking Uint ထဲကထြက္လာတဲ့ဆီဟာ ဓါတ္ဆီ၊ ဒီဇယ္အေရာမ်ိဳးျဖစ္ၿပီးအဲဒီဆီကို Refinery Unit ( ေရနံခ်က္စက္႐ုံအေသးစားမ်ိဳး) နဲ႔ သန္႔စင္ခ်က္လုပ္ကာ ဒီဇယ္ ၊ဓါတ္ဆီ ခြဲထုတ္ကာ သိုေလွာင္ၿပီး Chamical Treatment ထပ္မံျပဳလုပ္ကာ Standard အဆင့္ထိျပဳျပင္ထုတ္လုပ္ ေရာင္းခ်သြားမည့္ အစီအစဥ္ပင္ျဖစ္ပါသည္။

စြမ္းအင္အက်ိဳးရွိစြာအသုံးခ်ႏိုင္မႈႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးအျမင္ျဖင့္ၾကည့္လ်င္ ေလမဲ့မီးရႈိ႕တဲ့စနစ္ျဖစ္ေသာ Pyrolysis Reactor အားစတင္ပူေပးရာတြင္ Diesel Burner ျဖင့္ အပူစေပးရၿပီး ပလပ္စတစ္မ်ားမွ ထြက္လာေသာ မီသိန္း၊ အီသိမ္း ဓါတ္ေငြ႕မ်ားအား အပူေပးရာတြင္ျပန္သုံးႏိုင္ၿပီး က်န္ flu ဓါတ္ေငြ႕မ်ား(ဆာဖာဒိုင္ေအာက္ဆိုဒ္၊ ႏိုင္ထ႐ိုဂ်င္ေအာက္ဆိုဒ္၊ ကလိုရင္း ႏႈင့္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္တို႔ပါဝင္ႏိုင္) အားလည္း Flu Gas Cleaning System ဆိုသည့္ Chemical Treatment ျပဳလုပ္ကာ အတတ္ႏိုင္ဆုံး ဖယ္ထုတ္သန္႔စင္ၿပီးမွ ေလထဲသို႔ ျပန္လည္စြန္႔ထုတ္မည့္စနစ္အသုံးျပဳျခင္း၊

စက္႐ုံ Process ျပဳလုပ္ရာမွာထြက္ရွိလာမည့္ Chemical မ်ားပါသည့္စြန္႔ပစ္ေရမ်ားအားလည္း Waste water Treatment System တစ္ခုတည္ေဆာက္ကာ Chemical မ်ားအား Recovery ရယူကာ Process တြင္ျပန္လည္အသုံးခ်ႏိုင္ျခင္း၊ ေရမ်ားကိုလည္း ျပန္လည္အသုံးျပဳႏိုင္ျခင္းတို႔အျပင္

ထိုစနစ္မွ By Product အျဖစ္ ကယ္လစီယမ္ကာဘြန္နိတ္ သာထြက္ရွိမည္ျဖစ္ၿပီး ၄င္း By Product မွာလည္း ေရာင္ခ်ႏိုင္သည့္ေစ်းကြက္ရွိျခင္း၊ မီးထိုးစနစ္မွလည္း ကာဗြန္မ်ားသာ ျပန္လည္ထြက္ရွိလာမည္ျဖစ္ရာ ၄င္းကာဗြန္မ်ားက္ိုလည္း ထင္းအစားထိုးေလာင္စာျပဳလုပ္ရန္ ကုန္ၾကမ္းအျဖစ္သုံးႏိုင္ျခင္းစသည္ အားသာခ်က္မ်ားရွိေၾကာင္းသိရပါသည္။

တစ္ကယ္သာ အေနနဲ႔ Investment အတြက္ အစိုးရကျဖစ္ေစ၊ INGOတစ္ခုခုကျဖစ္ေစ ၊ျပည္တြင္းျပည္ပ Invester တစ္ဦးဦးဆီကေနအေထာက္အပံ့တစ္ခုခုရခဲ့ရင္သဘာဝပတ္ဝန္းက်င္ကို ဒုကၡေပးေနတဲ့ စြန္႔ပစ္အမႈိက္ေတြေတာင္ ေစ်းကြက္တစ္ခုျဖစ္သြားႏိုင္ပါတယ္။

ဒီနည္းပညာကို သူမ်ားလိုက္လုပ္ဖို႔ေတာ့ မလြယ္ပါဘူး။Process မွာအဓိကသုံးရတဲ့ Catalyst ထုတ္လုပ္မႈနည္းပညာကလည္း သူရဲ႕ Trade Secret ျဖစ္ေနတာကိုး။ဘယ္လိုဘဲျဖစ္ျဖစ္ စြမ္းအင္ထုတ္လုပ္ေရး SME လုပ္ငန္းတစ္ခုအျဖစ္ ျဖစ္တည္လာႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေမွ်ာ္လင့္မိပါတယ္။

ကြၽန္ေတာ္ေရးတာေတာ့ မျပည့္စုံႏိုင္ပါဘူး။အေသးစိတ္သိခ်င္ရင္ေတာ့

ကိုသန္႔ဇင္ထြန္းကို ေမးပါ

Ph 09400524677, 09794794082

ကြၽန္ေတာ္နဲ႔လည္း FB friend ပါ။