ဒီနေ့ ဒါယကာမတစ်ယောက် လာလိမ်ပုံကတော့ အတည်ပေါက်ဖြင့် ရဲတင်းလွန်း၏
ဖြစ်ရပ်မှန်ကအောက်ပါအတိုင်းဖြစ်ပါ၏
ဘုန်းဘုန်းကျောင်းအတွက် ဆန်အကောင်းစား(10)အိတ်လှူမယ်ဘုရားဟု လာလျှောက်တယ် ဆန် ၁၀အိတ်မလှူနဲ့ ၅အိတ်ဘဲလှူပါဟု ဘုန်းဘုန်းကပြော၏
ဆန်အကောင်းစား(12)အိတ်ဖြင့် ရောက်လာ၏
ဆန်ဆိုင်ပိုင်ရှင်ကလဲ ဘုန်းဘုန်း၏အရင်နှီးဆုံးဒါယကာမ၏ အကိုဆိုင်ဖြစ်နေ၏
အဲဒီဆိုင်မှ ဆန်(12)အိပ်ရောက်လာ၏
ဆန်လှူပြီးရင် ဆီပုံးလဲလှူမယ်
သက်န်း ၁၂စုံလှူမယ်ဘုရား
ငွေကလဲ ငါးသိန်းလှူမယ်ဘုရား
ဦးဇင်းကိုရင်တွေအားလုံးကိုနဝကမ္မလှူမယ်ဘုရား
အရှင်ဘုရားအခန်းအတွက်
အဲယားကွန်းလဲ လှူချင်တယ်ဘုရားဟုလျှောက်၏ ။
၄နာရီဆိုရင် တပည့်တော်အဖွဲ့လာပြီး
ရေစက်ချလှူမယ်ဘုရား
အခု တပည့်အဖွဲ့မရောက်ခင် ဆီပုံးသွားဝယ်မလို ငွေနှစ်သိန်းခွဲလောက်ရှိရင် ခဏပေးပါ
ဆီပုံးသွားဝယ်မလို့ဟုပြော၏။
၄နာရီဆိုရင် တပည့်အဖွဲ့ အကုန်ရောက်လာပြီး ရေစက်ချမည်ဟုလျှောက်၏
တပည့်တော်အဖွဲ့မရောက်ခင်တော့ ဆီပုံးတပည့်တော်သွားဝယ်ချင်ဘုရား
ဘုန်းဘုန်းကခဏ ပိုက်ဆံနှစ်သိန်းခွဲချီးပါဘုရား
တပည့်တော်အဖွဲ့လာရင် ပြန်လှူမယ်ဟုပြော၏
ဘုန်းဘုန်းကပိုက်ဆံမရှိဘူးလို့ပြောလိုက်တယ် မရှိလဲ ရတယ် စောင့်နေပါဘုရား
၄နာရီဆို တပည့်တော်အဖွဲ့ရောက်လာမယ်ဟုပြောပြီးထွက်သွား၏
ဘုန်းဘုန်းလဲ ညနေ၄နာရီထိုးသည့်အထိ စောင့်
ပေါ်မလာတော့ ဒီကတမျော်မျော်နဲ့ လူလဲရောက်မလာ ဆန် လိုက်ပို့တဲ့ကလေးတွေကလဲ ဆန်ဖိုးရှင်းမည့်ဒါယကာမ၏ဖုံးကိုပြောပါဆိုတော့ ဘုန်းဘုန်းကမသိကြောင်းပြောပြ၏
အရှင်ဘုရားနဲ့ကော အဲဒီဒါယကာမကို သိလားဆိုတော့ ဘုန်းဘုန်းလဲ မသိဘူးဟုပြောလိုက်၏
ဆန်အိတ်လိုက်ပို့သည့်ကလေးတွေလဲသဘောက်ပေါက်ပြီး ကျောင်းပေါ်တင်ထားသည့် ဆန် ၁၂အိပ်ပြန်ချ၍ ဆန် ၁၂အိတ်လုံးပြန်ယူသွားကြ၏
ဆန်၁၂အိတ်ကတော့ ပစ်တိုင်းထောင် ဆန်ပွဲရုံက ဆန်အိတ်တွေပါ။
ဆန်ဆိုင်ကိုလဲ အားနာပါသည်။
ဆန်ဆိုင်ကလဲ ဘုန်းဘုန်းကျောင်းနာမည်ကြောင့် ပေးလိုက်သည်ဟုထင်ပါ၏
တော်သေးတယ် ဆန်ဆိုင်က ကလေးတွေပါလို့
မပါရင်တော့ သူတို့လဲ ဆန်အိတ်တွေ ဆုံးရှုံးမည်ကိန်းပါ။
ထို့ကြောင့် ဘုန်းဘုန်း၏ဒါယကာ ဒါယိကာမများအနေဖြင့် ဘုန်းဘုန်းနာမည်နဲ့အကူညီတောင်းလျှင် ဘာမှမလုပ်ပေးဖို့ အသိပေးကြေငြာပါသည်။
ဇာတ်လမ်း ဇာတ်ကွက်မဟုတ် တကယ့်ဖြစ်ရပ်မှန်ပါဗျာ ကျောင်းရှိဦးဇင်း ကိုရင်အားလုံးသိပါသည်။
ကံဆိုးတာက အဲဒီဒါယကာမပုံကို ဓာတ်ပုံမရိုက်မိတာ ဘုန်းဘုန်း၏ ဟာကွက်ဖြစ်သွား၏
(3-7-2022)တနဂ်နွေနေ့
ဦးဇာဂရ