ဗဟုသုတ

“တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်းချိီဝင်တဲ့ အစ္စရေးပြည်က လယ်သမားများနှင့် ရွှေမြန်မာပြည်ကလယ်သမားတို့ရဲ့ ကွာခြားချက်များ”

“အစ္စရေးပြည်ကလယ်သမားများနှင့် ရွှေမြန်မာပြည်ကလယ်သမား ဘယ်လိုကွာခြားသွားသလဲ”

လယ်သမားတစ်ယောက်အတွက် တစ်နှစ်ကိုကန်ဒေါ်လာသန်းချီဝင်ဖို့ဆိုတာ ကျွန်တော်တို့ရွှေမြန်မာပြည်မှာတော့ မဖြစ်နိုင်ဘူးလို့ ပြောရင်မှားမယ်မထင်ပါဘူး။ဒါပေမဲ့ ကမ္ဘာ့အရှေ့အလယ်ပိုင်းက အစ္စရေးပြည်မှာတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်းချိီဝင်တဲ့ လယ်သမားတွေအများကြီးတွေ့ရပါတယ်။များတာမှ တကယ်အများကြီးတွေ့ခဲ့ဖူးတာပါ။

အစ္စရေးမှာ လယ်သမားဖြစ်ဖို့ဆိုတာကလည်း သိပ်တော့မလွယ်လှပါဘူး။ရွှေမြန်မာပြည်မှာ လယ်သမားတစ်ယောက်ဖြစ်ချင်ရင် ဘာမှထွေထွေထူးထူး သိစရာ တက်စရာ သိပ်မလိုဘဲ လွယ်လွယ်ကူကူ လယ်သမားလုပ်လို့ရပေမဲ့ အစ္စရေးမှာတော့ လယ်သမားလုပ်ဖို့ ထင်သလောက်မလွယ်ပါဘူး။

အစ္စရေးမှာ လယ်သမားတစ်ယောက်ဖြစ်ချင်ရင် သက်ဆိုင်ရာလူပုဂ္ဂိုလ်တွေ ကောင်စီအဖွဲ့အစည်းတွေရဲ့ ထောက်ခံချက်တွေ အများကြီးလိုအပ်တာပါ။ အစ္စရေးက စိုက်ပျိုးရေးလုပ်ငန်းခွင်တွေအားလုံးနီးပါးဟာ သဲကန္တာရထဲ စိုက်ပျိုးရတာဖြစ်တဲ့အတွက် သီးနှံပင်တွေစိုက်ပျိုးထုတ်လုပ်ရတာ တကယ်မလွယ်ကူပါဘူး။ဒါကြောင့်အစ္စရေးကလယ်သမားတွေဟာ စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ အဆင့်မြင့် နည်းပညာတွေ၊အသိပညာအထွေထွေဗဟုသုတတွေ၊လယ်ယာသုံးစက်ပစ္စည်းတွေ စတဲ့ လယ်ယာလုပ်ငန်းခွင့်နဲ့ဆိုင်တဲ့အရာအားလုံးကို နားလည်သိကျွမ်းထားဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့ရွှေမြန်မာပြည်မှာတော့ ကိုယ်စိုက်ချင်တဲ့သီးနှံကို စိုက်ချင်တဲ့နေရာ အလွယ်တကူ စိုက်လို့ရနိုင်ပေမဲ့ အစ္စရေးမှာတော့ အပင်တစ်ပင်ရှင်သန်ကြီးထွားလာအောင်စိုက်ပျိုးထုတ်လုပ်ဖို့ရာ အရမ်းခက်ခဲလွန်းလှတာပါ။အထူးသဖြင့် အစ္စရေးမှာ ရေအရင်းမြစ်ရှားပါးလွန်းလှတဲ့ပြသနာက အစ္စရေးလယ်သမားတွေအတွက် စိန်ခေါ်မှု အရမ်းကြီးမားလွန်းလှပါတယ်။အစ္စရေးမှာ ဟင်းသီးဟင်းရွက်ပင် ၊နှစ်ရှည်ပင် ၊အရိပ်ရအပင် ဘယ်လိုအပင်ပဲ့စိုက်စိုက် ရေပေးနိုင်မှ အသက်ရှင်တာပါ။ဒါကြောင့် အစ္စရေးမှာ ဘာအပင်ပဲ့စိုက်စိုက် အပင်ခြေရင်းမှာ ရေပိုက်ကို အမြဲတမ်းသွယ်တန်းထားရတာပါ။

အစ္စရေးရဲ့ စိုက်ပျိုးမြေတွေဟာ ကန္တာရထဲက သဲမြေတွေဖြစ်တဲ့အတွက် ရေထိန်းနိုင်မှုစွမ်းရည် (water maintaining )က အရမ်းနည်းပါးလွန်းလှတာပါ။ဒါကြောငိ့အစ္စရေးက လယ်သမားတွေဟာစိုက်ပျိုးထားတဲ့အပင်အမျိုးအစားတွေအပေါ်မူတည်ပြီး တစ်နေ့ကို အကြိမ်ပေါင်းများစွာ အစက်ချရေပေးဝေတဲ့စနစ် (drip irrigation )ဖြင့် စိုက်ခင်းတွေကို ရေပေးဝေရပါတယ်။

မြန်မာပြည်လို ရေအရင်းမြစ် ပေါများလှတာမဟုတ်တဲ့အတွက် အစ္စရေးကလယ်သမားတွေဟာ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ရေတွေကိုလည်း မိုင်ပေါင်းများစွာ အဝေးကြီးကနေ မြေအောက်ပိုက်လိုင်းတွေဖြင့် သွယ်တန်းပြီး ဝယ်ယူအသုံးပြုခဲ့ရတာပါ။အစ္စရေးမှာ စိုက်ပျိုးရေးအတွက်ကုန်ကျတဲ့ကုန်ကျစရိတ်အများစုဟာ ရေအတွက်ကုန်ကျတာပါ။

အစ္စရေးကလယ်သမားတွေဟာ အရည်သွေးမြင့်တဲ့ စိုက်ပျိုးရေးသွင်းအားစု မြေဆီဩဇာဆေးဝါတွေကို အသုံးပြုကြပေမဲ့ ဘယ်လယ်သမားမှ မြေဆီဩဇာဆေးဝါးတွေစျေးကြီးတယ်လို့ မငြင်းငြူးကြပါဘူး။အစ္စရေးမှာ စိုက်ပျိုးထုတ်ကုန်တွေရဲ့ စျေးနှုန်းတွေက အရမ်းမြင့်မားလွန်းတဲ့အတွက် စိုက်ပျိုးရေးအတွက် အသုံးပြုရတဲ့ မြေဆီဩဇာတွေရဲ့ ကုန်ကျစရိတ်တွေကလည်း သင့်သင့်မျှတတဲ့ အနေထားတစ်ခုမှာရှိပါတယ်။အစ္စရေးကလယ်သမားတေဟာ ရေကိုမဖြုန်းတီးပဲ ဂရုတစိုက်သုံးဖို့ကိုတော့ အမြဲတမ်းပြောကြပါတယ်။

လူတန်းစားအချင်းချင်း ဝင်ငွေကွာခြားမှုကျဉ်းမြောင်းလွန်းလှသောအစ္စရေးမှာ ဘယ်လူတန်းစားတွေကိုမှလည်း ဖိနှိပ်ဆက်ဆံထားတာမျိုးမရှိပါဘူး။လူတန်းစားအားလုံးကိုကြီးပွါးချမ်းသာနိုင်တဲ့ အခွင့်အရေးညီညီမျှပေးထားတာပါ။ဒါကြောင့် အစ္စရေးမှာ လယ်သမားတစ်ယောက်ရဲ့ဝင်ငွေနဲ့ မြို့ပေါ်က စီးပွါးရေးလုပ်ကိုင်နေတဲ့ လူတွေရဲ့ဝင်ငွေတွေဟာ မကွာလှပါဘူး။အစ္စရေးကလယ်သမားတွေဟာ လုပ်ရင်လုပ်သလောက် ကြီးပွါးချမ်းသာနိုင်တဲ့ အခွင့်အရေးတွေ အရမ်းများပါတယ်။

မြန်မာပြည်မှာတော့ လယ်သမားတွေဟာ တစ်နှစ်ပြီးတစ်နှစ် သမင်မွေးလိုက် ကျားစားလိုက်နဲ့ပဲ့ အချိန်ကုန်နေခဲ့ပြီး ဘာမှထူးခြားတိုးတက်မလာပါဘူး။ ဒါပေမဲ့ အစ္စရေးမှာတော့ လယ်သမားတွေဟာ တစ်နှစ်ပြီးတစ်နှစ် အများကြီး တိုးတက်ကြီးပွါးလာတာပါ။အစ္စရေးက လယ်သမားတစ်ယောက်ဟာ ဒီနှစ်စိုက်ပျိုးတဲ့ green house တစ်ခုရှိရင် ဒီနှစ်စိုက်ပျိုးပြီးရလာတဲ့အကြိုးအမြတ်တွေနဲ့ နောက်နှစ်မှာ green house နှစ်ခုဖြစ်အောင်ချဲ့ထွင်လို့ရတာ ကိုယ်တွေ့မြင်ဖူးပါတယ်။အစ္စရေးလယ်သမားတွေဟာ ဆန္ဒရှိရင်ရှိသလောက် ၎င်းတို့ရဲ့လယ်ယာလုပ်ငန်းခွင်ကို အများကြီးချဲ့ထွင်လုပ်ကိုင်လို့ရကြပါတယ်။

လယ်သမားတွေတိုးတက်ကြီးပွါးဖို့ဆိုတာကလည်း သက်ဆိုင်ရာတိုင်းပြည်တွေရဲ့ အခြေနေတွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။အစ္စရေးမှာ ဟင်းသီးဟင်းရွက်အပင်လေးတွေ စိုက်ပျိုးလုပ်ကိုင်တဲ့လယ်သမားတွေလည်း တခြားလူတန်းစားတွေနည်းတူ BMW တို့ Mercedes တို့ ဝယ်စီးနိုင်ပေမဲ့ ရွှေမြန်မာပြည်မှာတော့ လယ်သမားတွေဆိုတာ ဆင်းရဲချုံ့တဲ့လွန်းလှတာပါ။ကျွန်တော်တို့ ရွှေမြန်မာပြည်က လယ်သမားတွေဟာ အရမ်းရိုးသားကြသလို အရမ်းလည်းဆင်းရဲလွန်းလှပါတယ်။နေတိုင်းထမင်းနပ်မှန်အောင်မနည်းရုန်းကန်နေကြရတဲ့ လယ်သမားတွေ ကျွန်တော်တို့ရွှေမြန်မာပြည်မှာအများကြီးတွေ့ဖူးပါတယ်။ကျွန်တော်တို့ရွှေမြန်မာပြည်က လယ်သမားတွေဟာ အာဆီယံဒေသအတွင်းက အဆင်းရဲဆုံးလယ်သမားတွေထဲမှာပါပါတယ်လို့ပြောရင် မှားမယ်မထင်ပါဘူး။

ခေတ်အဆက်ဆက် ကျွန်တော်တို့ရွှေမြန်မာပြည်မှာ ပြည်တွင်းကထွက်တဲ့ လယ်ယာထုတ်ကုန်ပစ္စည်းတွေက စျေးအရမ်းနည်းလွန်းလှပီး ပြည်ပကပြနလည်တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေမှန်သမျှကစျေးအရမ်းကြီးလွန်းလှတာပါ။ဒါကလည်း ရွှေမြန်မာပြည်က လယ်သမားတွေ ဆင်းရဲမွဲတေခြင်းရဲ့အဓိကအချက်လို့ပြောလို့ရပါလိမ့်မယ်။ရွှေမြန်မာပြည်လူဦးရေရဲ့တစ်ဝက်ကျော်လောက်က ကျေးလက်ဒေသမှာနေကြတဲ့ လယ်သမားတွေပါ။ဒါကြောင့် ကျွန်တော်တို့ ရွှေမြန်မာပြည်ရဲ့ စီးပွါးရေး ၊လူမှုရေးတွေတိုးတက်ပြောင်းလဲချင်ရင်တော့ လူဦးရေရဲ့ထက်ဝက်ကျော်သော လယ်သမားတွေရဲ့ဘဝတွေကို တိုးတက်ပြောင်းလဲအောင်လုပ်ဖို့လိုမယ်ထင်ပါတယ်။

လူထုမွဲနေရင် တိုင်းပြည်လည်းမွဲနေမှာပါ။အာဏာရှိတဲ့လူအနည်းငယ်သာကြီးပွါးချမ်းသာနေရုံနဲ့ တိုင်းပြည်မချမ်းသာဘူးဆိုတာ လက်ရှိအခြေအနေတွေက သက်သေခံနေတာပါ။ရွှေမြန်မာပြည်ကြီးတိုးတက်ကြီးပွါးဖို့ရာ လူအများစုဖြစ်တဲ့ လုပ်သမား လယ်သမားတွေရဲ့ ဘဝတွေကိုတိုးတက်ပြောင်းလဲလာအောင် ကြံဆလုပ်ဆောင်ပေးသင့်နေတာပါ။လူအများစုဖြစ်တဲ့အလုပ်သမား၊လယ်သမားတွေ ဆင်းရဲမွဲတေနေသေးသမျှ တိုင်းပြည်လည်း တိုးတက်ကြီးပွါးလာမယ်မထင်ပါဘူး။

အစ္စရေးရောက်ရွှေမြန်မာတစ်ယောက် ကျေးဇူးတင်ရှိပါသည်။

#ကိုဝေယံဦး နှစ်ရှည်ပင် စိုက်ပျိုးရေး ဝန်ဆောင်မှု့ လုပ်ငန်း