News

“ဝက်ကောင်လုံးအကင် (၆၀) နဲ့ ဆွမ်းကပ်ခဲ့တဲ့ ဝန်ကြီးဟောင်းရဲ့အသုဘအခမ်းအနား”

အသက် ၉၂ နှစ်အရွယ်ရှိ ထိုင်းပါလီမန်ဝန်ကြီးဟောင်း မစ္စတာ ယွန်း တန်ဆွမ်ရဲ့ အသုဘအခမ်း အနားက တရမ်ပြည်နယ်မှာ ကုန်ကျစရိတ်အများဆုံး အခမ်းအနားဖြစ်လာတယ်လို့ ထိုင်းသတင်း စာမျက်နှာတွေက ရေးသားဖော်ပြလာပါတယ်။

သားသမက်တော်စပ်သူ အမျိုးအစားအစုအဝေးက အကြီးအကဲ မစ္စတာ ချွန်းအန် လက်ပိုင် ဟာ သူ့ရဲ့ ယောက္ခထီးတော်စပ်သူ ရဲ့ အသုဘမှာ ဘတ် ၆ သိန်းကျော် တန်ဖိုးရှိတဲ့ ဝက်ကောင်လုံးအကင် ၆၀ နဲ့ ဆွမ်းကပ်ပေးခဲ့တယ်လို့ သိရပါတယ်။

မောင်း တရန် ခရိုင်၊ နောင်ပရူ သုဿန်မှာ ပြုလုပ်တဲ့ အဆိုပါ အသုဘအခမ်းအနားမှာ ကွယ်လွန်သူ နိုင်ငံရေးသမားဟောင်း အကြီးအကဲ ရဲ့ ဆွေမျိုး၊ မိသားစုဝင်တွေနဲ့ သားသမီးမြေးမြစ်တွေများစွာ တက်ရောက်ခဲ့ပြီး ပြည်နယ်မှာ အကြီးမားဆုံး အခမ်းအနားလည်းဖြစ်လိမ့်မယ်လို့ ထင်ရပါတယ်။

တရုတ်ရိုးရာကိုးကွယ်မှုဓလေ့အရ ရိုးရာကန်တော့တဲ့ အခမ်းအနားလိုမျိုး ဝက်သားတွေကို အကောင် လိုက်အကင်လုပ်ပြီး ဆွမ်းကပ်ကြကာ တစ်ကောင်လျှင် ဘတ် ၈ ထောင်ကနေ ၁ သောင်းကြားကျ သင့်တယ်လို့သိရပါတယ်။ ကွယ်လွန်သူအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုပြုလုပ်ကာ ဆွမ်းကပ်တဲ့ ဝက်ကောင်လုံး ကင်တွေရဲ့ တန်ဖိုးက ဘတ် ၆ သိန်း ကျော်ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: 77kaoded

credit : ဘန်ကောက်လမ်ညွန်ကိုစိုင်း