ဗဟုသုတ

“မုန့်တွေ လုပ်တဲ့အခါ ထည့်ရတဲ့ တဆေး(yeast)အကြောင်း နှင့် ကိုယ်တိုင် တဆေး(yeast) ပြုလုပ်နိုင်မယ့် နည်းလမ်း”

Yeast ဝယ်ရခက်ခဲခဲ့သော် တဆေး(yeast) ဖော်စပ်နည်း

(အီကြာကွေး/ပေါက်ဆီ/ပေါင်မုန့် စသည့်မုန့်လုပ်ရာတွင် ပွအောင်ထည့်သည့်တဆေး)

တဆေး ထည့်ပါလို့ပြောခြင်းက အချဉ်ဖေါက်ခြင်းလုပ်ငန်းမြန်စေခြင်လို့ပါ

တဆေးဆိုတာYeast လို့အင်္ဂလိပ်လို ခေါ်ပါတယ်

အဲ့ဒီ Yeast ရအောင် နည်းလမ်းတွေက ဒီလိုရှိမယ်ဗျ

ကဲ စမ်းကြည့်ရအောင် ဂျူံ မုန့် နို့ဆီ ဗူးထက်ဝက်

သကြား ထမင်းစား ဇွန်း ၄ ဇွန်းပျားရည် ရနိုင်ရင် ၁ ဇွန်းထည့်

ဒိန်ချဉ်ရနိုင်ရင် ၂ ဇွန်းထည့်

ရေ ခပ်နွေးနွေးလေးနဲ့ မပျစ် မကြဲ မွှေ ပြီးရင်ဇကာလေးတစ်ခုနဲ့ အုပ်ထားလိုက်

၂၄ နာရီ ဆို တဆေး ဖြစ်ပြီ

သူ့သက်တမ်းက ၇ ရက်အလွန်ဆုံးဘဲ

အဲ့ဒီအတောအတွင်း ကုန်အောင်သုံးပေတော့

နောက်တနည်းက

ထန်းရေ စစ်စစ် ပင်ကျကို နို့ဆီ တစ်ခွက်ခပ်ယူ

ရေသန့်ဗူးထဲထည့် သကြား ၄ ဇွန်းထည့်

အဖုံး လုံအောင်မဖုံးနဲ့

လျံကျမယ် ၂ ရက် နေရင် အာ့လဲYeastဘဲ

၅ ရက်အတွင်း အသုံးပြု

နောက်တနည်းက

မှည့်နေတဲ့ အရည်ရွှမ်းတဲ့ ဘယ်အသီးကို မဆို၂၀ သားလောက်ယူ အတုံးသေးလေးတွေ တုံး သကြားအစိပ်သားထည့်

ဆန်ဆေးရည် နို့ဆီဗူး နှစ်ဗူး ထည့် ၇ ရက်ကြာရင် အာ့လဲ yeastဘဲ

နေပူလေ မြန်လေ ကောင်းလေ နေပူထဲတော့မထားနဲ့ပေါ့ဗျာ

ဒီကောင်ကျတော့ အကြာကြီးထားလို့ရတယ်

၆ လ လောက်ထိ ထားလို့ရပါတယ်။

credit to

တောင်သူဦးကြီး

Yeast ဝယရြခကခြဲခဲ့သောြ

တဆေး(yeast) ဖောစြပနြညြး

(အီကှာကှေး/ပေါကဆြီ/ပေါငမြုန့ြ စသည့မြုန့လြုပရြာတှငြ ပှအောငထြည့သြည့တြဆေး)




























credit to
