ဗဟုသုတ

သမီးတွေကို ပြည်ပမှာကျောင်းထားပေးဖို့ အိမ်ကိုပါရောင်းပစ်ခဲ့ပေမဲ့ သမီးတွေရဲ့ ၁၀ နှစ်ကြာမေ့ပျောက်ထားခြင်းခံခဲ့ရတဲ့ ဖခင်

သမီးတွေကို ပြည်ပမှာကျောင်းထားပေးဖို့ အိမ်ကိုပါရောင်းပစ်ခဲ့ပေမဲ့ သမီးတွေရဲ့ ၁၀ နှစ်ကြာမေ့ပျောက်ထားခြင်းခံခဲ့ရတဲ့ ဖခင်

မိဘများအားလုံးဟာ ၎င်းတို့၏သားသမီးများနှင့်ပတ်သက်လာရင် အရာအားလုံးကို လိုလိုလားလား အနစ်နာခံတတ်ကြပါတယ်။ ဗီယက်နမ်ရှိအဖေတစ်ဦးဟာ ယခင်ကအလွန်ကောင်းတဲ့အလုပ်နှင့်ကောင်းတဲ့အိမ်တစ်လုံးရှိခဲ့သော်လည်း သူ၏သမီးနှစ်ယောက်ကိုအမေရိကန်ရှိကျောင်းသို့ပို့နိုင်ရန်သူ၏အိမ်ကိုပင် ရောင်းခဲ့ပါတယ်။

“ Duyen” ဟုလူသိများတဲ့ဤဖခင်ဟာ သူ့ရဲ့သမီးများကိုကောလိပ်တက်နိုင်ရန် သူ၏အိမ်ကိုရောင်းရဖို့ စိတ်ခုမနေခဲ့ပါဘူး။ နောက်ဆုံးတော့ သူဟာ သူ့သမီးတွေက သူ့ရဲ့အားကိုးရာဖြစ်လာတာကြောင့် သူတို့အတွက်အရာအားလုံးကိုလုပ်ပေးမယ်လို့အခိုင်အမာယုံကြည်ထားခဲ့ပါတယ်။ သို့ပေမယ့် သမီးဖြစ်သူတွေက ကောလိပ်ကဘွဲ့ရပြီးတဲ့အခါမှာ ၎င်းတို့နှစ်ယောက်ဟာ ဖခင်ဖြစ်သူကို မေ့ပျောက်ထားခဲ့ကြပါတယ်။

Duyen ရဲ့သမီးများက US တွင် အလုပ်အကိုင်များကိုရှာဖွေတွေ့ရှိခဲ့ကြပြီး တစ်ယောက်က အောင်မြင်တဲ့ဆရာဝန်တစ်ဦးဖြစ်ပြီး ကျန်တစ်ယောက်က အောင်မြင်တဲ့ပါမောက္ခတစ်ဦးဖြစ်လာခဲ့ပါတယ်။သမီးဖြစ်သူတို့ဟာ ၎င်းတို့ရဲ့အလုပ်တွေကြောင့် အရမ်းအလုပ်များလာခဲ့ကြပြီး ဗီယက်နမ်ရှိ၎င်းတို့ရဲ့ဖခင်ဆီသွားလည်ဖို့တောင် အချိန်မပေးနိုင်ခဲ့ကြပါဘူး။

ယခုအသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ Duyenဟာ သူ၏အလုပ်ဟောင်းတွင်အလုပ်မလုပ်နိုင်တော့ဘဲသူ၏သမီးငယ်များအားအလည်အပတ်သွားလည်နိုင်ရန် သူ၏အမေရိကန်ခရီးအတွက်စုဆောင်းငွေအလုံအလောက်ရရန်မျှော်လင့်ပြီးနေ့စဉ်လမ်းများပေါ်တွင်သူ့ရဲ့မော်တော်ဆိုင်ကယ်ဖြင့်ကဖင်းဓာတ်ပါတဲ့အဖျော်ယမကာများကို ရောင်းချနေရပါတယ်။

အရာရာကို ပုံအပ်ထားခဲ့တဲ့ ဖခင်ဖြစ်သူဟာ သမီးတွေကိုတွေ့ရဖို့ လက်မလျော့ဘဲ အကယ်လို့ သမီးတွေက ဗီယက်နမ်ကို မပြန်လာနိုင်ခဲ့ရင် သူကိုယ်တိုင် US သွားဖို့စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။အံ့သြစရာကောင်းသည်မှာ ဤချစ်လှစွာသောဖခင်ဟာ နောက်ဆုံးတွင်အမေရိကန်သို့သွားမည့်ခရီးအတွက်လုံလောက်တဲ့ငွေကို စုဆောင်းနိုင်ခဲ့ပြီးသူမောင်းနှင်တဲ့မော်တော်ဆိုင်ကယ်ပေါ်တွင် ၂၀၁၉ခုနှစ်မတ်လ ၅ရက်မှ ဧပြီ၂၁ရက်ထိ ၄၈ရက်အားလပ်ရက်ပိတ်မည်ဟု သူ၏သစ္စာရှိဖောက်သည်များအား ကြေငြာခဲ့ပါတယ်။

သူဟာ သမီးတွေအတွက် ဘာလက်ဆောင်ယူသွားပေးရမလဲဆိုတာကို အနည်းငယ်စိုးရိမ်နေခဲ့ပေမဲ့သေချာတာတစ်ခုကိုတော့သိနေခဲ့ပြီး သူဟာသမီးတွေအတွက် ကော်ဖီမုန့်တွေယူသွားပေးခဲ့ပါတယ်။” ငါအမေရိကန်ကိုယူသွားဖို့ အဖိုးတန်တဲ့အရာတွေမရှိဘူး၊ ဒါကြောင့် ငါကော်ဖီမုန့် ၃ ကီလိုဂရမ်ကိုလက်ဆောင်အဖြစ် ယူသွားမယ်” ဟု တကယ့်ကို အနစ်နာခံတတ်တဲ့ ဖခင် Duyen ကထိုကဲ့သို့ဆိုခဲ့ပါသေးတယ်။

Zawgyi

သမီးေတြကို ျပည္ပမွာေက်ာင္းထားေပးဖို႔ အိမ္ကိုပါေရာင္းပစ္ခဲ့ေပမဲ့ သမီးေတြရဲ႕ ၁၀ ႏွစ္ၾကာေမ့ေပ်ာက္ထားျခင္းခံခဲ့ရတဲ့ ဖခင္

မိဘမ်ားအားလုံးဟာ ၎တို႔၏သားသမီးမ်ားႏွင့္ပတ္သက္လာရင္ အရာအားလုံးကိုလိုလိုလားလားအနစ္နာခံတတ္ၾကပါတယ္။ ဗီယက္နမ္ရွိအေဖတစ္ဦးဟာ ယခင္ကအလြန္ေကာင္းတဲ့အလုပ္ႏွင့္ေကာင္းတဲ့အိမ္တစ္လုံးရွိခဲ့ေသာ္လည္း သူ၏သမီးႏွစ္ေယာက္ကို အေမရိကန္ရွိေက်ာင္းသို႔ပို႔ႏိုင္ရန္ သူ၏အိမ္ကိုပင္ ေရာင္းခဲ့ပါတယ္။

“ Duyen” ဟုလူသိမ်ားတဲ့ဤဖခင္ဟာ သူ႔ရဲ႕သမီးမ်ားကိုေကာလိပ္တက္ႏိုင္ရန္ သူ၏အိမ္ကိုေရာင္းရဖို႔ စိတ္ခုမေနခဲ့ပါဘူး။ ေနာက္ဆုံးေတာ့ သူဟာ သူ႔သမီးေတြက သူ႔ရဲ႕အားကိုးရာျဖစ္လာတာေၾကာင့္ သူတို႔အတြက္အရာအားလုံးကိုလုပ္ေပးမယ္လို႔အခိုင္အမာယုံၾကည္ထားခဲ့ပါတယ္။ သို႔ေပမယ့္ သမီးျဖစ္သူေတြက ေကာလိပ္ကဘြဲ႕ရၿပီးတဲ့အခါမွာ ၎တို႔ႏွစ္ေယာက္ဟာ ဖခင္ျဖစ္သူကို ေမ့ေပ်ာက္ထားခဲ့ၾကပါတယ္။

Duyen ရဲ႕သမီးမ်ားက US တြင္ အလုပ္အကိုင္မ်ားကိုရွာေဖြေတြ႕ရွိခဲ့ၾကၿပီး တစ္ေယာက္က ေအာင္ျမင္တဲ့ဆရာဝန္တစ္ဦးျဖစ္ၿပီး က်န္တစ္ေယာက္က ေအာင္ျမင္တဲ့ပါေမာကၡတစ္ဦးျဖစ္လာခဲ့ပါတယ္။သမီးျဖစ္သူတို႔ဟာ ၎တို႔ရဲ႕အလုပ္ေတြေၾကာင့္ အရမ္းအလုပ္မ်ားလာခဲ့ၾကၿပီး ဗီယက္နမ္ရွိ၎တို႔ရဲ႕ဖခင္ဆီသြားလည္ဖို႔ေတာင္ အခ်ိန္မေပးႏိုင္ခဲ့ၾကပါဘူး။

ယခုအသက္ ၇၄ ႏွစ္ရွိၿပီျဖစ္တဲ့ Duyen ဟာ သူ၏အလုပ္ေဟာင္းတြင္အလုပ္မလုပ္ႏိုင္ေတာ့ဘဲ သူ၏သမီးငယ္မ်ားအား အလည္အပတ္သြားလည္ႏိုင္ရန္ သူ၏အေမရိကန္ခရီးအတြက္စုေဆာင္းေငြအလုံအေလာက္ရရန္ ေမွ်ာ္လင့္ၿပီး ေန႔စဥ္လမ္းမ်ားေပၚတြင္ သူ႔ရဲ႕ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ ကဖင္းဓာတ္ပါတဲ့အေဖ်ာ္ယမကာမ်ားကို ေရာင္းခ်ေနရပါတယ္။

အရာရာကိုပုံအပ္ထားခဲ့တဲ့ဖခင္ျဖစ္သူဟာ သမီးေတြကိုေတြ႕ရဖို႔ လက္မေလ်ာ့ဘဲ အကယ္လို႔ သမီးေတြက ဗီယက္နမ္ကိုမျပန္လာႏိုင္ခဲ့ရင္ သူကိုယ္တိုင္ US သြားဖို႔စိတ္ပိုင္းျဖတ္ထားခဲ့ပါတယ္။အံ့ၾသစရာေကာင္းသည္မွာ ဤခ်စ္လွစြာေသာဖခင္ဟာ ေနာက္ဆုံးတြင္အေမရိကန္သို႔သြားမည့္ခရီးအတြက္လုံေလာက္တဲ့ေငြကို စုေဆာင္းႏိုင္ခဲ့ၿပီး သူေမာင္းႏွင္တဲ့ေမာ္ေတာ္ဆိုင္ကယ္ေပၚတြင္ ၂၀၁၉ ခုႏွစ္မတ္လ ၅ ရက္မွ ဧၿပီ ၂၁ ရက္ထိ ၄၈ ရက္အားလပ္ရက္ပိတ္မည္ဟု သူ၏သစၥာရွိေဖာက္သည္မ်ားအား ေၾကျငာခဲ့ပါတယ္။

သူဟာ သမီးေတြအတြက္ ဘာလက္ေဆာင္ယူသြားေပးရမလဲဆိုတာကို အနည္းငယ္စိုးရိမ္ေနခဲ့ေပမဲ့ ေသခ်ာတာတစ္ခုကိုေတာ့သိေနခဲ့ၿပီး သူဟာ သမီးေတြအတြက္ ေကာ္ဖီမုန႔္ေတြယူသြားေပးခဲ့ပါတယ္။” ငါအေမရိကန္ကိုယူသြားဖို႔ အဖိုးတန္တဲ့အရာေတြမရွိဘူး၊ ဒါေၾကာင့္ ငါေကာ္ဖီမုန႔္ ၃ ကီလိုဂရမ္ကိုလက္ေဆာင္အျဖစ္ ယူသြားမယ္” ဟု တကယ့္ကို အနစ္နာခံတတ္တဲ့ ဖခင္ Duyen ကထိုကဲ့သို႔ဆိုခဲ့ပါေသးတယ္။

crd