ဗဟုသုတ

သမီးဖြစ်သူရဲ့မင်္ဂလာပွဲအတွက် ဖယ်ထားခဲ့တဲ့ဒေါ်လာ ၁၁ သန်းဖြင့် ဆင်းရဲသားများအတွက် အိမ်အလုံးပေါင်း ၉၀ ကိုဆောက်လုပ်ပေးခဲ့တဲ့ သူဌေးကြီး (ရုပ်သံ)

သမီးဖြစ်သူရဲ့မင်္ဂလာပွဲအတွက် ဖယ်ထားခဲ့တဲ့ဒေါ်လာ ၁၁ သန်းဖြင့် ဆင်းရဲသားများအတွက် အိမ်အလုံးပေါင်း ၉၀ ကိုဆောက်လုပ်ပေးခဲ့တဲ့ သူဌေးကြီး(ရုပ်သံ)

ဒီကမ္ဘာကြီးမှာ လူတိုင်းက ၎င်းတို့ရဲ့မင်္ဂလာပွဲကို အကောင်းတကာ့အကောင်ဆုံးပုံစံဖြင့် ပြုလုပ်ချင်တတ်ကြပါတယ်။ ၎င်းတို့ကိုယ်တိုင်၊ မိသားစု၀င်တစ်ဦး၊ သို့မဟုတ် နာမည်ကြီးများက ပန်းစည်းကိုပစ်ပေါက်ပေးတဲ့မင်္ဂလာပွဲအခမ်းအနားများနှင့်ပျော်ပွဲရွှင်ပွဲများဟာ ပျော်စရာအတွေ့အကြုံအပြင် အဆင့်အတန်းသင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရှိ သူဌေးကြီးတစ်ဦးဟာ သမီးဖြစ်သူအတွက် အသေးစိတ်ကျပြီး စျေးကြီးတဲ့မင်္ဂလာပွဲတစ်ခုကို စီစဉ်ထားခဲ့ပေမဲ့ သူဟာ လူအများစိတ်နှလုံးသားထိမိသွားမဲ့အရာကို ပြုလုပ်ခဲ့ပါတယ်။

ဖခင်ဖြစ်သူ Manoj Munot ဟာ သန်းကြွယ်သူဌေးကြီးဖြစ်သလို အိန္ဒိယတွင်အချမ်းသာဆုံးလူများထဲမှတစ်ဦးလည်းဖြစ်ပါတယ်။ Munot ဟာ သမီးဖြစ်သူရဲ့မင်္ဂလာဆောင်မှာ သူမလိုချင်တာဖြစ်ချင်တာမှန်သမျှကို ဖြည့်ဆည်းပေးဖို့ဆန္ဒရှိနေခဲ့ပါတယ်။ ထို့ကြောင့် Munot ဟာ သမီးဖြစ်သူရဲ့မင်္ဂလာဆောင်အတွက် ဒေါ်လာ ၁၁ သန်းကို ဘေးဖယ်ထားခဲ့ပါတယ်။

ဒီငွေပမာဏက ကိတ်အများကြီးကို ၀ယ်နိုင်သလို ကြီးမားတဲ့ဧည့်ခန်းမတစ်ခုငှါးရမ်းခြင်းနှင့် အခြားသောအရာများစွာကိုလည်း ပြုလုပ်နိုင်ပါတယ်။ သို့ပေမဲ့ သမီးဖြစ်သူ Shreya က မင်္ဂလာပွဲအား ကြီးကြီးလုပ်မယ်လို့ မဝန်ခံခဲ့ပါဘူး။ သူမဟာ သူမ၏မင်္ဂလာဆောင်အတွက်စုဆောင်းထားသောငွေအချို့ကိုအရေးကြီးသောအရာများအတွက်သုံးလိုက်ခြင်းက ပိုကောင်းမယ်လို့ ဖခင်ဖြစ်သူအား ပြောကြားခဲ့ပါတယ်။

ထို့နောက် Munot ဟာ စိတ်ပြောင်းသွားခဲ့ပြီး သမီးဖြစ်သူအားမင်္ဂလာပွဲအတွက်ငွေအများကြီးမသုံးတော့ဘဲ၎င်းအစားငွေများကိုကောင်းမွန်တဲ့နေရာမှာအသုံးချဖို့ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတွင် ဆင်းရဲသားများစွာ ယာယီဒုက္ခသည်စခန်းများ၌နေထိုင်နေရပြီး ပိုမိုသင့်တော်သောအိမ်ရာများလိုအပ်နေတာကြောင့် Munot ဟာ သမီးဖြစ်သူအတွက် စုထားခဲ့တဲ့ ဒေါ်လာ ၁၁ သန်းအား ထိုနေရာမှာအသုံးချဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။

သမီးဖြစ်သူ Shreya ကလည်း ဖခင်ဖြစ်သူရဲ့အကြံကို သဘောကျစွာ အသာတကြည်လက်ခံခဲ့ပါတယ်။ ထို့နောက် Munot ဟာ ဆင်းရဲနွမ်းပါးသူများအတွက် အိမ်အလုံးပေါင်း ၉၀ ကိုတည်ဆောက်ပေးခဲ့တာကြောင့် သမီးဖြစ်သူနှင့် ခင်ပွန်းတို့ကလည်း ဖခင်လှူဒါန်းပေးခဲ့တဲ့ ၎င်းမိသားစု ၉၀ ရဲ့အိမ်သစ်တက်ခြင်းနှင့်အတူ ၎င်းတို့ရဲ့အိမ်ထောင်ဘဝသစ်ကို စတင်ခဲ့ကြပါတယ်။

၎င်းအိမ်များကိုအိန္ဒိယနိုင်ငံ Maharashtra ပြည်နယ်ရှိ Aurangabad ဒေသတွင် တည်ဆောက်ပေးခဲ့တာပါ။ Shreya ၏မင်္ဂလာဆောင်နေ့မှာ သူမနှင့်သူမခင်ပွန်းတို့ဟာ ၎င်း အိမ်အလုံး ၉၀ တည်ဆောက်ခဲ့တဲ့ဖွံ့ဖြိုးရေး site သို့ သွားရောက်ခဲ့ကြပြီးသူမအဖေနှင့်အိမ်ရာဖွံ့ဖြိုးရေးအသစ်အတွက်သူအလွန်ဂုဏ်ယူကြောင်း ၊ ၎င်းဟာ သူမတို့စုံတွဲကို အမြဲအမှတ်ရစေမယ့်မင်္ဂလာလက်ဆောင်တစ်ခုလည်းဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့ပါတယ်။

နံရံလေးဖက်နှင့်အမိုးများအပြင် ၎င်းအိမ်များဟာ လျှပ်စစ်နှင့်ရေကဲ့သို့အခြေခံအသုံးအဆောင်များဖြင့် မိသားစုများကို ထောက်ပံ့ပေးခဲ့ပါတယ်။

Zawgyi

သမီးျဖစ္သူရဲ႕မဂၤလာပြဲအတြက္ ဖယ္ထားခဲ့တဲ့ေဒၚလာ ၁၁ သန္းျဖင့္ ဆင္းရဲသားမ်ားအတြက္ အိမ္အလုံးေပါင္း ၉၀ ကိုေဆာက္လုပ္ေပးခဲ့တဲ့ သူေဌးႀကီး(ရုပ်သံ)

ဒီကမာၻႀကီးမွာ လူတိုင္းက ၎တို႔ရဲ႕မဂၤလာပြဲကို အေကာင္းတကာ့အေကာင္ဆုံးပုံစံျဖင့္ ျပဳလုပ္ခ်င္တတ္ၾကပါတယ္။ ၎တို႔ကိုယ္တိုင္၊ မိသားစု၀င္တစ္ဦး၊ သို႔မဟုတ္ နာမည္ႀကီးမ်ားက ပန္းစည္းကိုပစ္ေပါက္ေပးတဲ့မဂၤလာပြဲအခမ္းအနားမ်ားႏွင့္ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားဟာ ေပ်ာ္စရာအေတြ႕အႀကဳံအျပင္ အဆင့္အတန္းသေကၤတတစ္ခုျဖစ္လာခဲ့ပါတယ္။ အိႏၵိယႏိုင္ငံရွိ သူေဌးႀကီးတစ္ဦးဟာ သမီးျဖစ္သူအတြက္ အေသးစိတ္က်ၿပီး ေစ်းႀကီးတဲ့မဂၤလာပြဲတစ္ခုကို စီစဥ္ထားခဲ့ေပမဲ့ သူဟာ လူအမ်ားစိတ္ႏွလုံးသားထိမိသြားမဲ့အရာကို ျပဳလုပ္ခဲ့ပါတယ္။

ဖခင္ျဖစ္သူ Manoj Munot ဟာ သန္းႂကြယ္သူေဌးႀကီးျဖစ္သလို အိႏၵိယတြင္အခ်မ္းသာဆုံးလူမ်ားထဲမွတစ္ဦးလည္းျဖစ္ပါတယ္။ Munot ဟာ သမီးျဖစ္သူရဲ႕မဂၤလာေဆာင္မွာ သူမလိုခ်င္တာ ျဖစ္ခ်င္တာမွန္သမွ်ကို ျဖည့္ဆည္းေပးဖို႔ ဆႏၵရွိေနခဲ့ပါတယ္။ ထို႔ေၾကာင့္ Munot ဟာ သမီးျဖစ္သူရဲ႕မဂၤလာေဆာင္အတြက္ ေဒၚလာ ၁၁ သန္းကို ေဘးဖယ္ထားခဲ့ပါတယ္။

ဒီေငြပမာဏက ကိတ္အမ်ားႀကီးကို ၀ယ္ႏိုင္သလို ႀကီးမားတဲ့ဧည့္ခန္းမတစ္ခုငွါးရမ္းျခင္းႏွင့္ အျခားေသာအရာမ်ားစြာကိုလည္း ျပဳလုပ္ႏိုင္ပါတယ္။ သို႔ေပမဲ့ သမီးျဖစ္သူ Shreya က မဂၤလာပြဲအား ႀကီးႀကီးလုပ္မယ္လို႔ မဝန္ခံခဲ့ပါဘူး။ သူမဟာ သူမ၏မဂၤလာေဆာင္အတြက္ စုေဆာင္းထားေသာေငြအခ်ိဳ႕ကို အေရးႀကီးေသာအရာမ်ားအတြက္သုံးလိုက္ျခင္းက ပိုေကာင္းမယ္လို႔ ဖခင္ျဖစ္သူအား ေျပာၾကားခဲ့ပါတယ္။

ထို႔ေနာက္ Munot ဟာ စိတ္ေျပာင္းသြားခဲ့ၿပီး သမီးျဖစ္သူအား မဂၤလာပြဲအတြက္ ေငြအမ်ားႀကီးမသုံးေတာ့ဘဲ ၎အစား ေငြမ်ားကို ေကာင္းမြန္တဲ့ေနရာမွာအသုံးခ်ဖို႔ ေျပာၾကားခဲ့ပါတယ္။ အိႏၵိယႏိုင္ငံတြင္ ဆင္းရဲသားမ်ားစြာယာယီဒုကၡသည္စခန္းမ်ား၌ေနထိုင္ေနရၿပီးပိုမိုသင့္ေတာ္ေသာ အိမ္ရာမ်ားလိုအပ္ေနတာေၾကာင့္ Munot ဟာ သမီးျဖစ္သူအတြက္ စုထားခဲ့တဲ့ ေဒၚလာ ၁၁ သန္းအား ထိုေနရာမွာအသုံးခ်ဖို႔ဆုံးျဖတ္ခဲ့ပါေတာ့တယ္။

သမီးျဖစ္သူ Shreya ကလည္း ဖခင္ျဖစ္သူရဲ႕အႀကံကို သေဘာက်စြာ အသာတၾကည္လက္ခံခဲ့ပါတယ္။ ထို႔ေနာက္ Munot ဟာ ဆင္းရဲႏြမ္းပါးသူမ်ားအတြက္ အိမ္အလုံးေပါင္း ၉၀ ကိုတည္ေဆာက္ေပးခဲ့တာေၾကာင့္ သမီးျဖစ္သူႏွင့္ ခင္ပြန္းတို႔ကလည္း ဖခင္လႉဒါန္းေပးခဲ့တဲ့ ၎မိသားစု ၉၀ ရဲ႕အိမ္သစ္တက္ျခင္းႏွင့္အတူ ၎တို႔ရဲ႕အိမ္ေထာင္ဘဝသစ္ကို စတင္ခဲ့ၾကပါတယ္။

၎အိမ္မ်ားကိုအိႏၵိယႏိုင္ငံ Maharashtra ျပည္နယ္ရွိ Aurangabad ေဒသတြင္ တည္ေဆာက္ေပးခဲ့တာပါ။ Shreya ၏မဂၤလာေဆာင္ေန႔မွာသူမႏွင့္သူမခင္ပြန္းတို႔ဟာ ၎ အိမ္အလုံး ၉၀ တည္ေဆာက္ခဲ့တဲ့ဖြံ႕ၿဖိဳးေရး site သို႔ သြားေရာက္ခဲ့ၾကၿပီး သူမအေဖႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးအသစ္အတြက္ သူအလြန္ဂုဏ္ယူေၾကာင္း ၊ ၎ဟာ သူမတို႔စုံတြဲကို အၿမဲအမွတ္ရေစမယ့္မဂၤလာလက္ေဆာင္တစ္ခုလည္းျဖစ္ေၾကာင္း မီဒီယာမ်ားသို႔ ေျပာၾကားခဲ့ပါတယ္။

နံရံေလးဖက္ႏွင့္အမိုးမ်ားအျပင္ ၎အိမ္မ်ားဟာ လွ်ပ္စစ္ႏွင့္ေရကဲ့သို႔အေျခခံအသုံးအေဆာင္မ်ားျဖင့္ မိသားစုမ်ားကို ေထာက္ပံ့ေပးခဲ့ပါတယ္။

crd