ဗဟုသုတ

ကျောင်းသားများလှူပေးတဲ့ပန်းချီပစ္စည်းများဖြင့် အနုပညာမြောက်တဲ့ပန်းချီကားများစွာကို ရေးဆွဲပြသလေ့ရှိတဲ့ အိမ်ယာမဲ့ပန်းချီဆရာ

ကျောင်းသားများလှူပေးတဲ့ပန်းချီပစ္စည်းများဖြင့် အနုပညာမြောက်တဲ့ပန်းချီကားများစွာကို ရေးဆွဲပြသလေ့ရှိတဲ့ အိမ်ယာမဲ့ပန်းချီဆရာ

Tatay Edgardo Lam အမည်ရှိအမျိုးသားတစ်ဦးဟာ အိမ်ပိုင်မရှိဘဲ လမ်းပေါ်မှာသာ နေထိုင်ပေမဲ့ သူဟာ သူ့ရဲ့အခြေအနေကို ပြောင်းလဲရန် “ street gallery ” ကိုဖန်တီးကာ လူအများက သူ၏အနုပညာလက်ရာများကို ကြည့်ရှုရန် ၊ သူ့ရဲ့လိုအပ်ချက်များအားပံ့ပိုးရန် ပန်းချီများကိုဝယ်ယူပေးရန် ပန်းချီကားများစွာကို လမ်းဘေးတစ်နေရာမှာ ရေးဆွဲပြသခဲ့ပါတယ်။

လူတစ်ဦးက မနီလာမြို့၊ Ermita ရပ်ကွက် MH Del Pilar St. နှင့် Padre Faura St. လမ်း၏ထောင့်တွင် အသက်မွေးရန် အသေးစားစီးပွါးရေးသမားဖြစ်တဲ့ အသက်ကြီးတဲ့ပန်းချီဆရာ Tatay Edgardo ၏ဓာတ်ပုံများကို မျှဝေပေးခဲ့ပြီးနောက်မှာ အင်တာနက်သုံးစွဲသူများစွာက သူ့ရဲ့ပန်းချီကားများကိုစိတ်ဝင်စားလာခဲ့ကြပါတယ်။

အချိန်တွေကိုဖြတ်သန်းလာရင်း အသက် ၆၅ နှစ်အရွယ် Tatay Edgardo ဟာ ပန်းချီကားများကို အခါအားလျော်စွာ သူ့ဆီလာလည်လေ့ရှိတဲ့ကျောင်းသားများထံမှရရှိတဲ့ပစ္စည်းများဖြင့် ရေးဆွဲဖန်တီးလေ့ရှိပါတယ်။

Netizen တစ်ဦးဖြစ်တဲ့ Matthew Gan ၏အဆိုအရ Tatay Edgardoဟာ ပန်းချီဆွဲလာသည်မှာနှစ်ပေါင်း ၂၀ကျော်ပြီဖြစ်ပြီး သူဟာအတော်လေးထက်မြက်သော်လည်း သူ့ရဲ့ပန်းချီကားမိားနှင့်ဝင်ငွေအများကြီးမရတာကြောင့် သူဟာ ယခုချိန်ထိလမ်းပေါ်၌သာ နေထိုင်နေခဲ့ပါတယ်။

သို့သော် Tatay Edgardo ဟာ သူ့ရဲ့ကျပ်တင်းတဲ့ အခြေအနေအများစုကိုမေ့ထားပြီး ဖြတ်သွားဖြတ်လာသွားသူများအား သူ့၏ အနုပညာကို အခမဲ့ ခံစားနိုင်တဲ့လမ်းပြခန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။

အခါအားလျော်စွာ သူ့ဆီကို လာလည်ပြီး သူ့အားအနုပညာပစ္စည်းတွေပေးမယ့်ကျောင်းသားတွေရှိပေမဲ့ ၎င်းပစ္စည်းများကုန်သွားတဲ့အခါ သူဟာ ဆောက် လုပ်ရေးလုပ်ငန်းခွင်များသို့သွားပြီး ပြန်လည်လို့ရတဲ့ဆေးသုတ်ထားတဲ့သုံးထပ်သားများကို ကောက်ကာ အံ့ဩဖွယ်ကောင်းတဲ့ အနုပညာလက်ရာများအဖြစ်သို့ပြောင်းလဲခဲ့ပါတယ်။

Tatay Edgardo က သူ့အနုပညာလက်ရာအချို့အတွက် မျက်လုံးမှိတ်လိုက်ရင် သူ့စိတ်ကူးက သူ့ဆီရောက်လာပြီး အနုပညာလက်ရာသစ်ကိုဖန်တီးဖို့လှုံဆော်ပေးကြောင်း ၊ အနုပညာဆိုတာဟာ ဘယ်လိုနေရာမှလာတဲ့အရာမဆို အနုပညာဖြစ်လာနိုင်တယ်လို့ယုံကြည်ထားကြောင်း Matthew က ပြောပြခဲ့ပါတယ်။

Tatay Edgardo ကိုကူညီလိုသူများအား Padre Faura ရှိသူ၏ပုံမှန်နေရာ၌ သူ့ကိုအလွယ်တကူရှာနိုင်ကြောင်း Matthew က ဆက်ပြောပြခဲ့ပါတယ်။

သက်တမ်းရင့်ပန်းချီဆရာ Tatay Edgardo ဟာ ဆေးသုတ်ခြင်း၊ စုတ်တံများ၊ အခြားအနုပညာပစ္စည်းများနှင့် သေးငယ်တဲ့အလှူများကိုပင်တန်ဖိုးထားတတ်ပြီး သူ၏အနုပညာလက်ရာကို၀ယ်ယူနိုင်သလို ကိုယ့်စိတ်တိုင်းကျပုံကိုလည်း အပ်ထားနိုင်ပါသေးတယ်။

Zawgyi

ေက်ာင္းသားမ်ားလႉေပးတဲ့ပန္းခ်ီပစၥည္းမ်ားျဖင့္ အႏုပညာေျမာက္တဲ့ပန္းခ်ီကားမ်ားစြာကို ေရးဆြဲျပသေလ့ရွိတဲ့ အိမ္ယာမဲ့ပန္းခ်ီဆရာ

Tatay Edgardo Lam အမည္ရွိအမ်ိဳးသားတစ္ဦးဟာ အိမ္ပိုင္မရွိဘဲ လမ္းေပၚမွာသာ ေနထိုင္ေပမဲ့ သူဟာ သူ႔ရဲ႕အေျခအေနကို ေျပာင္းလဲရန္ “ street gallery ” ကိုဖန္တီးကာ လူအမ်ားက သူ၏အႏုပညာလက္ရာမ်ားကို ၾကည့္ရႈရန္ ၊ သူ႔ရဲ႕လိုအပ္ခ်က္မ်ားအားပံ့ပိုးရန္ ပန္းခ်ီမ်ားကိုဝယ္ယူေပးရန္ ပန္းခ်ီကားမ်ားစြာကို လမ္းေဘးတစ္ေနရာမွာ ေရးဆြဲျပသခဲ့ပါတယ္။

လူတစ္ဦးက မနီလာၿမိဳ႕၊ Ermita ရပ္ကြက္ MH Del Pilar St. ႏွင့္ Padre Faura St. လမ္း၏ေထာင့္တြင္ အသက္ေမြးရန္ အေသးစားစီးပြါးေရးသမားျဖစ္တဲ့ အသက္ႀကီးတဲ့ပန္းခ်ီဆရာ Tatay Edgardo ၏ဓာတ္ပုံမ်ားကို မွ်ေဝေပးခဲ့ၿပီးေနာက္မွာ အင္တာနက္သုံးစြဲသူမ်ားစြာကသူ႔ရဲ႕ပန္းခ်ီကားမ်ားကိုစိတ္ဝင္စားလာခဲ့ၾကပါတယ္။

အခ်ိန္ေတြကိုျဖတ္သန္းလာရင္း အသက္ ၆၅ ႏွစ္အ႐ြယ္ Tatay Edgardo ဟာ ပန္းခ်ီကားမ်ားကို အခါအားေလ်ာ္စြာ သူ႔ဆီလာလည္ေလ့ရွိတဲ့ေက်ာင္းသားမ်ားထံမွရရွိတဲ့ပစၥည္းမ်ားျဖင့္ ေရးဆြဲဖန္တီးေလ့ရွိပါတယ္။

Netizen တစ္ဦးျဖစ္တဲ့ Matthew Gan ၏အဆိုအရ Tatay Edgardo ဟာ ပန္းခ်ီဆြဲလာသည္မွာ ႏွစ္ေပါင္း ၂၀ ေက်ာ္ၿပီျဖစ္ၿပီး သူဟာ အေတာ္ေလးထက္ျမက္ေသာ္လည္း သူ႔ရဲ႕ပန္းခ်ီကားမိားႏွင့္ဝင္ေငြအမ်ားႀကီးမရတာေၾကာင့္ သူဟာ ယခုခ်ိန္ထိလမ္းေပၚ၌သာ ေနထိုင္ေနခဲ့ပါတယ္။

သို႔ေသာ္ Tatay Edgardo ဟာ သူ႔ရဲ႕က်ပ္တင္းတဲ့အေျခအေနအမ်ားစုကိုေမ့ထားၿပီး ျဖတ္သြားျဖတ္လာသြားသူမ်ားအား သူ႔၏အႏုပညာကိုအခမဲ့ခံစားႏိုင္တဲ့လမ္းျပခန္းတစ္ခုအျဖစ္ ေျပာင္းလဲခဲ့ပါတယ္။

အခါအားေလ်ာ္စြာ သူ႔ဆီကိုလာလည္ၿပီး သူ႔အားအႏုပညာပစၥည္းေတြေပးမယ့္ေက်ာင္းသားေတြရွိေပမဲ့ ၎ပစၥည္းမ်ားကုန္သြားတဲ့အခါ သူဟာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မ်ားသို႔သြားၿပီး ျပန္လည္လို႔ရတဲ့ေဆးသုတ္ထားတဲ့သုံးထပ္သားမ်ားကို ေကာက္ကာ အံ့ဩဖြယ္ေကာင္းတဲ့အႏုပညာလက္ရာမ်ားအျဖစ္သို႔ေျပာင္းလဲခဲ့ပါတယ္။

Tatay Edgardo က သူ႔အႏုပညာလက္ရာအခ်ိဳ႕အတြက္ မ်က္လုံးမွိတ္လိုက္ရင္ သူ႔စိတ္ကူးက သူ႔ဆီေရာက္လာၿပီး အႏုပညာလက္ရာသစ္ကိုဖန္တီးဖို႔လႈံေဆာ္ေပးေၾကာင္း ၊ အႏုပညာဆိုတာဟာ ဘယ္လိုေနရာမွလာတဲ့အရာမဆို အႏုပညာျဖစ္လာႏိုင္တယ္လို႔ယုံၾကည္ထားေၾကာင္း Matthew က ေျပာျပခဲ့ပါတယ္။ Tatay Edgardo ကိုကူညီလိုသူမ်ားအား Padre Faura ရွိသူ၏ပုံမွန္ေနရာ၌ သူ႔ကိုအလြယ္တကူရွာႏိုင္ေၾကာင္း Matthew က ဆက္ေျပာျပခဲ့ပါတယ္။

သက္တမ္းရင့္ပန္းခ်ီဆရာ Tatay Edgardo ဟာ ေဆးသုတ္ျခင္း၊ စုတ္တံမ်ား၊ အျခားအႏုပညာပစၥည္းမ်ားႏွင့္ ေသးငယ္တဲ့အလႉမ်ားကိုပင္ တန္ဖိုးထားတတ္ၿပီး သူ၏အႏုပညာလက္ရာကို၀ယ္ယူႏိုင္သလို ကိုယ့္စိတ္တိုင္းက်ပုံကိုလည္း အပ္ထားႏိုင္ပါေသးတယ္။

crd