ဗဟုသုတ

သမီးဖြစ်သူကွယ်လွန်သွားပြီးနောက် စားဝတ်နေရေးကြောင့် လမ်းပေါ်မှာ ရေခဲချောင်းပြန်ထွက်ရောင်းနေခဲ့ရတဲ့ အဘိုးအို (ရုပ်သံ)

သမီးဖြစ်သူကွယ်လွန်သွားပြီးနောက် စားဝတ်နေရေးကြောင့် လမ်းပေါ်မှာ ရေခဲချောင်းပြန်ထွက်ရောင်းနေခဲ့ရတဲ့ အဘိုးအို (ရုပ်သံ)

Illinois နိုင်ငံ Chicago မြို့ရဲ့လမ်းများပေါ်မှာ သူ့ရဲ့ရေခဲချောင်းတွန်းလှည်းကို ကတုန်ကရင်တွန်းနေခဲ့တဲ့ အဘိုးအိုတစ်ဦး ရဲ့ထင်ရှားတဲ့ဓာတ်ပုံဟာ လူများစွာရဲ့နှလုံးသားကိုနာကျင်သွားစေခဲ့ပါတယ်။ ထိုပုံရဲ့နောက်ကွယ်ကထိမိတဲ့ဇာတ်လမ်းကိုပြောပြတဲ့အခါမှာတစ်ကမ္ဘာလုံးရှိထောင်ပေါင်းများစွာတဲ့လူများက အဆိုပါအဘိုးအိုတို့မိသားစုအတွက် အလှူငွေများစွာလှူဒါန်းရန် စီစဉ်လာခဲ့ကြပါတယ်။

Joel Cervantes Macias အမည်ရှိအမျိုးသမီးက သူမရဲ့ဇာတိမြို့ရဲ့လမ်းမကြီးတစ်နေရာပေါ်မှာ ကားမောင်းနေစဉ် တောက်ပတဲ့အဝါရောင်ဦးထုပ်ကိုဆောင်းထားပြီး ကားလမ်းဘေးတစ်လျှောက်မှာ ရေခဲချောင်းကိုရောင်းရန် သူ့ရဲ့paleta တွန်းလှည်းကိုတုန်ရီစွာတွန်းရင်း ရုန်းကန်လုပ်စားနေရတဲ့ အဘိုးအိုတစ်ဦးကိုသတိထားမိသွားခဲ့ပြီး သူမဟာ အဆိုပါအဘိုးအိုနဲ့တွေ့ဆုံစကားပြောခဲ့ပါတယ်။

Macias ဟာ အသက် ၈၉ နှစ်အရွယ်ပြီဖြစ်တဲ့ Sanchezအမည်ရှိအဆိုပါအဘိုးအိုက မြို့ရဲ့ရပ်ကွက်တစ်ခုရဲ့အနီးတစ်ဝိုက်ပတ်လည်မှာရေခဲချောင်းများရောင်းချနေခဲ့တာကို သိရှိခဲ့ရတဲ့အပြင် အဘိုး Sanchez ရဲ့တစ်ဦးတည်းသောသမီးက လွန်ခဲ့တဲ့ရက်အနည်းငယ်က ကွယ်လွန်သွားခဲ့တာကြောင့် အဘိုးဟာ အလုပ်ပြန်လုပ်နေရကြောင်းကိုပါ သိခဲ့ရပါတယ်။

ထိုအချိန်မှာ Macias က အဘိုးအိုရဲ့ရေခဲချောင်းရောင်းနေတဲ့အခိုက်အတန့်ကို ဓာတ်ပုံရိုက်ခဲ့ပြီး နောက်ပိုင်းမှာ အဘိုးအတွက် GoFundMe ဆိုတဲ့ page တစ်ခုကို ဖန်တီးပေးကာ အလှူငွေများစုဆောင်းရန်စတင်ခဲ့ပါတယ်။ Macias က “ ကျွန်မ ရေခဲချောင်းအချောင်း၂၀ ဝယ်ပြီး အဘိုးကိုဒေါ်လာ ၅၀ ပေးခဲ့တယ် အဘိုးကို ဘုရားသခင်ကောင်းချီးပေးပါစေ လို့ပြောခဲ့သေးတယ် “ လို့ ၎င်း GoFundMe page မှာ ပထမဆုံး post ကို မျှဝေပေးခဲ့ပါတယ်။

နွေရာသီနဲ့အေးတဲ့ဆောင်းရာသီတွေမှာ လမ်းပေါ်မှာ ၎င်းအလုပ်လုပ်ရတာ တကယ်ကိုခက်ခဲကြောင်းနှင့် ရာသီဥတုဆိုးရင်တောင် ၎င်းတို့ကဈေးရောင်းထွက်ရပြီး ဇနီးဖြစ်သူ Eladia ရဲ့ ရောဂါက ပိုဆိုးရွားလာနေခဲ့ပါတယ်။ ထို့ကြောင့် အဘိုးတို့မိသားစုရဲ့ဘဝကို ပိုမိုလွယ်ကူသွားစေရန် Macias က social media အသုံးပြုသူများအား အလှူငွေလှူဒါန်းပေးရန် တောင်းဆိုခဲ့ပါတယ်။

အစက ရန်ပုံငွေကို ဒေါ်လာ ၃၀၀၀ အထိသာသတ်မှတ်ထားခဲ့ပေမဲ့လည်း တုန့်ပြန်မှုကကြီးမားခဲ့တာကြောင့် Macias ဟာအဘိုးနှင့်ဇနီးဖြစ်သူအတွက် ဒေါ်လာ ၃၈၄,၀၀၀ ကျော်အထိစုဆောင်းနိုင်ခဲ့ပါတယ်။ထို့နောက် အဘိုး Sanchez က ၎င်းတို့အား ကူညီပေးခဲ့တဲ့လူတစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိကြောင်းနှင့် သူအတော်လေးဝမ်းသာဝမ်းမြောက်ရကြောင်း ပြန်ပြောပေးခဲ့ပါတယ်။

ထို့နောက် Macias က “ တကယ့်ကိုပင်ပန်းနွမ်းနယ်နေပုံရတဲ့အဘိုးလည်း အခုတော့အငြိမ်းစားလို့ရသွားပြီ ၊ လူများစွာ အဘိုးတို့ကို အားလပ်ရက်အများကြီးပေးခဲ့တယ် ” ဟု ၎င်း GoFundMe page မှာ ရေးသားဖော်ပြခဲ့ပါတယ်။လူအများရဲ့ကျေးဇူးကြောင့် လက်ရှိအဘိုးတို့စုံတွဲဟာ အိမ်မှာသာ နားနားနေနေရှိနေပါပြီ။တစ်ကယ်လည်း တစ်စုံတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးဖို့ မေတ္တာနဲ့ဂရုဏာကိုဖြန့်ဝေတာထက် ပိုလှပတဲ့အရာမရှိဘူးလို့ ထင်မိပါတယ်ဗျာ။

Zawgyi

သမီးျဖစ္သူကြယ္လြန္သြားၿပီးေနာက္ စားဝတ္ေနေရးေၾကာင့္ လမ္းေပၚမွာ ေရခဲေခ်ာင္းျပန္ထြက္ေရာင္းေနခဲ့ရတဲ့ အဘိုးအို (႐ုပ္သံ)

Illinois ႏိုင္ငံ Chicago ၿမိဳ႕ရဲ႕လမ္းမ်ားေပၚမွာ သူ႔ရဲ႕ေရခဲေခ်ာင္းတြန္းလွည္းကို ကတုန္ကရင္တြန္းေနခဲ့တဲ့ အဘိုးအိုတစ္ဦး ရဲ႕ထင္ရွားတဲ့ဓာတ္ပုံဟာ လူမ်ားစြာရဲ႕ႏွလုံးသားကို နာက်င္သြားေစခဲ့ပါတယ္။ ထိုပုံရဲ႕ေနာက္ကြယ္က ထိမိတဲ့ဇာတ္လမ္းကိုေျပာျပတဲ့အခါမွာတစ္ကမာၻလုံးရွိေထာင္ေပါင္းမ်ားစြာတဲ့လူမ်ားက အဆိုပါအဘိုးအိုတို႔မိသားစုအတြက္ အလႉေငြမ်ားစြာလႉဒါန္းရန္ စီစဥ္လာခဲ့ၾကပါတယ္။

Joel Cervantes Macias အမည္ရွိအမ်ိဳးသမီးက သူမရဲ႕ဇာတိၿမိဳ႕ရဲ႕လမ္းမႀကီးတစ္ေနရာေပၚမွာ ကားေမာင္းေနစဥ္ ေတာက္ပတဲ့အဝါေရာင္ဦးထုပ္ကိုေဆာင္းထားၿပီး ကားလမ္းေဘးတစ္ေလွ်ာက္မွာ ေရခဲေခ်ာင္းကိုေရာင္းရန္ သူ႔ရဲ႕paletaတြန္းလွည္းကိုတုန္ရီစြာတြန္းရင္း႐ုန္းကန္လုပ္စားေနရတဲ့အဘိုးအိုတစ္ဦးကိုသတိထားမိသြားခဲ့ၿပီး သူမဟာ အဆိုပါအဘိုးအိုနဲ႔ေတြ႕ဆုံစကားေျပာခဲ့ပါတယ္။

Macias ဟာ အသက္ ၈၉ ႏွစ္အ႐ြယ္ၿပီျဖစ္တဲ့ Sanchez အမည္ရွိ အဆိုပါအဘိုးအိုက ၿမိဳ႕ရဲ႕ရပ္ကြက္တစ္ခုရဲ႕အနီးတစ္ဝိုက္ပတ္လည္မွာ ေရခဲေခ်ာင္းမ်ားေရာင္းခ်ေနခဲ့တာကို သိရွိခဲ့ရတဲ့အျပင္ အဘိုး Sanchez ရဲ႕တစ္ဦးတည္းေသာသမီးက လြန္ခဲ့တဲ့ရက္အနည္းငယ္က ကြယ္လြန္သြားခဲ့တာေၾကာင့္ အဘိုးဟာ အလုပ္ျပန္လုပ္ေနရေၾကာင္းကိုပါ သိခဲ့ရပါတယ္။

ထိုအခ်ိန္မွာ Macias က အဘိုးအိုရဲ႕ေရခဲေခ်ာင္းေရာင္းေနတဲ့အခိုက္အတန႔္ကို ဓာတ္ပုံ႐ိုက္ခဲ့ၿပီး ေနာက္ပိုင္းမွာ အဘိုးအတြက္ GoFundMe ဆိုတဲ့ page တစ္ခုကို ဖန္တီးေပးကာ အလႉေငြမ်ားစုေဆာင္းရန္စတင္ခဲ့ပါတယ္။ Macias က “ ကြၽန္မ ေရခဲေခ်ာင္းအေခ်ာင္း၂၀ ဝယ္ၿပီး အဘိုးကိုေဒၚလာ ၅၀ ေပးခဲ့တယ္ အဘိုးကို ဘုရားသခင္ေကာင္းခ်ီးေပးပါေစ လို႔ေျပာခဲ့ေသးတယ္ “ လို႔ ၎ GoFundMe page မွာ ပထမဆုံး post ကို မွ်ေဝေပးခဲ့ပါတယ္။

ေႏြရာသီနဲ႔ေအးတဲ့ေဆာင္းရာသီေတြမွာ လမ္းေပၚမွာ ၎အလုပ္လုပ္ရတာ တကယ္ကိုခက္ခဲေၾကာင္းႏွင့္ ရာသီဥတုဆိုးရင္ေတာင္ ၎တို႔ကေဈးေရာင္းထြက္ရၿပီး ဇနီးျဖစ္သူ Eladia ရဲ႕ ေရာဂါက ပိုဆိုး႐ြားလာေနခဲ့ပါတယ္။ ထို႔ေၾကာင့္ အဘိုးတို႔မိသားစုရဲ႕ဘဝကို ပိုမိုလြယ္ကူသြားေစရန္ Macias က social media အသုံးျပဳသူမ်ားအား အလႉေငြလႉဒါန္းေပးရန္ ေတာင္းဆိုခဲ့ပါတယ္။

အစက ရန္ပုံေငြကို ေဒၚလာ ၃၀၀၀ အထိသာသတ္မွတ္ထားခဲ့ေပမဲ့လည္း တုန႔္ျပန္မႈကႀကီးမားခဲ့တာေၾကာင့္ Macias ဟာ အဘိုးႏွင့္ဇနီးျဖစ္သူအတြက္ ေဒၚလာ ၃၈၄,၀၀၀ ေက်ာ္အထိစုေဆာင္းႏိုင္ခဲ့ပါတယ္။ထို႔ေနာက္ အဘိုး Sanchez က ၎တို႔အား ကူညီေပးခဲ့တဲ့လူတစ္ဦးခ်င္းစီကို ေက်းဇူးအထူးတင္ရွိေၾကာင္းႏွင့္ သူအေတာ္ေလးဝမ္းသာဝမ္းေျမာက္ရေၾကာင္း ျပန္ေျပာေပးခဲ့ပါတယ္။

ထို႔ေနာက္ Macias က “ တကယ့္ကိုပင္ပန္းႏြမ္းနယ္ေနပုံရတဲ့အဘိုးလည္း အခုေတာ့အၿငိမ္းစားလို႔ရသြားၿပီ ၊ လူမ်ားစြာ အဘိုးတို႔ကို အားလပ္ရက္အမ်ားႀကီးေပးခဲ့တယ္ ” ဟု ၎ GoFundMe page မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။လူအမ်ားရဲ႕ေက်းဇူးေၾကာင့္ လက္ရွိအဘိုးတို႔စုံတြဲဟာ အိမ္မွာသာ နားနားေနေနရွိေနပါၿပီ။ တစ္ကယ္လည္း တစ္စုံတစ္ေယာက္ရဲ႕ဘဝကိုေျပာင္းလဲေပးဖို႔ ေမတၱာနဲ႔ဂ႐ုဏာကိုျဖန႔္ေဝတာထက္ ပိုလွပတဲ့အရာမရွိဘူးလို႔ ထင္မိပါတယ္ဗ်ာ။

crd