ဗဟုသုတ

ပျောက်ဆုံးနေခဲ့သူက ကိုယ်မှန်းမသိဘဲ ရှာဖွေရေးအဖွဲ့နှင့်အတူ အချိန်အတန်ကြာသည်အထိ ဝင်ကူပြီးရှာပေးနေခဲ့တဲ့ အမျိုးသား

ပျောက်ဆုံးနေခဲ့သူက ကိုယ်မှန်းမသိဘဲ ရှာဖွေရေးအဖွဲ့နှင့်အတူ အချိန်အတန်ကြာသည်အထိ ဝင်ကူပြီးရှာပေးနေခဲ့တဲ့ အမျိုးသား

တူရကီနိုင်ငံတွင် ပျောက်ဆုံးနေခဲ့သူအမျိုးသားတစ်ဦး၏ဖြစ်ရပ်ဟာ ထူးဆန်းတဲ့လှည့်ကွက်တစ်ခုဖြစ်ခဲ့ပြီး အဆိုပါပျောက်ဆုံးနေသူဟာ သူ့အားရှာဖွေလိုရှာဖွေနေမှန်းမသိဘဲ ဒေသာခံရှာဖွေရေးအဖွဲ့ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်တောင် ပါဝင်ခဲ့ပါသေးတယ်။သတင်းဖော်ပြချက်များအရ Bayhan Mutlu အမည်ရှိအသက် ၅၀ အရွယ်အဆိုပါအမျိုးသားဟာ အရက်မူးပြီး လမ်းဘေးတောအုပ်များထဲသို့ ဝင်သွားပြီးနောက် သူတို့ထံ ပြန်မလာခဲ့ကြောင်းတိုင်ကြားခဲ့တဲ့ သူငယ်ချင်းများကြောင့် İnegöl မြို့အနီးရှိအာဏာပိုင်နေရာဖြစ်တဲ့ကျေးလက်တောတောင်ဒေသ၌ပျောက်ဆုံးသွားခဲ့တာပါ။

ထို့နောက် Bursa ဒေသမှကျွမ်းကျင်ပညာရှင်များအပြင်ကူညီပေးလိုသော ဒေသခံများပါဝင်တဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟာ ချက်ချင်းစုစည်းကာ ၎င်းဒေသသို့သွားခဲ့ကြပါတယ်။အစပိုင်းမှာတော့ ရှာဖွေရေးကမအောင်မြင်ခဲ့သလို ၎င်းတို့ဟာ အတော်လေးရယ်စရာတစ်ခုခုဖြစ်လာမဲ့အချိန်အထိ ရှာဖွေရေးအဖွဲ့က သူ့အားနောက်ဆုံးတွေ့ခဲ့တဲ့နေရာကိုအာရုံစိုက်ရှာနေခဲ့ကြပေမဲ့ Mutlu ရဲ့သဲလွန်စကိုရှာမတွေ့ခဲ့ပါကြဘူး။

အချိန်အတန်ကြာရှာဖွေပြီးနောက်မှာ ရှာဖွေရေးအဖွဲ့ဝင်များက ထိုအမျိုးသားအား အော်ဟစ်ပြီး ၎င်းတို့ရဲ့အသံကိုကြားပြီးတုံ့ပြန်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်ဖြင့် သူ့ရဲ့နာမည်ကိုကျယ်လောင်စွာအော်ဟစ်ခဲ့ကြပါတယ်။ထိုအချိန်မှာ ရှာဖွေရေးအုပ်စုတွင်းမှလူတစ်ယောက်က ရှေ့သို့တက်လာပြီး “ ငါတို့ဘယ်သူကိုရှာနေတာလဲ ၊ ငါဒီမှာရှိတယ်! ” ဆိုပြီးကြောင်ကြောင်နဲ့ မေးမြန်းနေခဲ့ပါတယ်။

သိသိသာသာအရက်မူးနေခဲ့တဲ့ Mutlu ဟာ သူ့ကိုယ်သူအားရှာဖွေခဲ့တဲ့ပါတီသို့၀ င်ခဲ့ပြီး အဖွဲ့သားအားလုံးနှင့်အတူရှိနေခဲ့သည်မှာသိသာထင်ရှားနေပါတယ်။ အချိန်ထိ အရက်မူးနေခဲ့တဲ့ Mutlu က သူ့အားရှာဖွေနေတဲ့အဖွဲ့ထဲကို ဘယ်လိုတွေ့ပြီး ဘယ်လိုဝင် join ခဲ့လဲ သို့မဟုတ် သူငယ်ချင်းဖြစ်သူတွေက ဘာလို့ သူ့ကိုတောင်သတိမထားမိခဲ့ကြလဲဆိုတာကိုတော့ ရှင်းလင်းစွာမသိခဲ့ရပါဘူး။

အဆုံးမှာတော့ Mutlu အား သူ့အိမ်နဲ့မိသားစုထံသို့ ဘေးကင်းစွာပြန်လည်ပို့ဆောင်ပေးခဲ့ပေမယ့် ဒီအဖြစ်အပျက်ဟာ ဒေသအာဏာပိုင်တွေကိုင်တွယ်ခဲ့တဲ့အထူးဆန်းဆုံးပျောက်ဆုံးနေသူဖြစ်ပျက်တစ်ခုဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဘယ်လိုလူကြီးလဲဗျာ ။ ကိုယ့်ကိုရှာလို့ရှာနေမှန်းတောင်မသိရတဲ့အထိပါလားဗျာ။

Zawgyi

ေပ်ာက္ဆုံးေနခဲ့သူက ကိုယ္မွန္းမသိဘဲ ရွာေဖြေရးအဖြဲ႕ႏွင့္အတူ အခ်ိန္အတန္ၾကာသည္အထိ ဝင္ကူၿပီးရွာေပးေနခဲ့တဲ့ အမ်ိဳးသား

တူရကီႏိုင္ငံတြင္ ေပ်ာက္ဆုံးေနခဲ့သူအမ်ိဳးသားတစ္ဦး၏ျဖစ္ရပ္ဟာ ထူးဆန္းတဲ့လွည့္ကြက္တစ္ခုျဖစ္ခဲ့ၿပီး အဆိုပါေပ်ာက္ဆုံးေနသူဟာ သူ႔အားရွာေဖြလိုရွာေဖြေနမွန္းမသိဘဲ ေဒသာခံရွာေဖြေရးအဖြဲ႕ရဲ႕အစိတ္အပိုင္းတစ္ခုအျဖစ္ေတာင္ ပါဝင္ခဲ့ပါေသးတယ္။ သတင္းေဖာ္ျပခ်က္မ်ားအရ Bayhan Mutlu အမည္ရွိအသက္ ၅၀ အ႐ြယ္အဆိုပါအမ်ိဳးသားဟာ အရက္မူးၿပီး လမ္းေဘးေတာအုပ္မ်ားထဲသို႔ဝင္သြားၿပီးေနာက္ သူတို႔ထံျပန္မလာခဲ့ေၾကာင္းတိုင္ၾကားခဲ့တဲ့သူငယ္ခ်င္းမ်ားေၾကာင့္ İnegöl ၿမိဳ႕အနီးရွိအာဏာပိုင္ေနရာျဖစ္တဲ့ေက်းလက္ေတာေတာင္ေဒသ၌ေပ်ာက္ဆုံးသြားခဲ့တာပါ။

ထို႔ေနာက္ Bursa ေဒသမွကြၽမ္းက်င္ပညာရွင္မ်ားအျပင္ကူညီေပးလိုေသာ ေဒသခံမ်ားပါဝင္တဲ့ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ဟာ ခ်က္ခ်င္းစုစည္းကာ ၎ေဒသသို႔သြားခဲ့ၾကပါတယ္။အစပိုင္းမွာေတာ့ ရွာေဖြေရးကမေအာင္ျမင္ခဲ့သလို ၎တို႔ဟာ အေတာ္ေလးရယ္စရာတစ္ခုခုျဖစ္လာမဲ့အခ်ိန္အထိ ရွာေဖြေရးအဖြဲ႕က သူ႔အားေနာက္ဆုံးေတြ႕ခဲ့တဲ့ေနရာကိုအာ႐ုံစိုက္ရွာေနခဲ့ၾကေပမဲ့ Mutlu ရဲ႕သဲလြန္စကိုရွာမေတြ႕ခဲ့ပါၾကဘူး။

အခ်ိန္အတန္ၾကာရွာေဖြၿပီးေနာက္မွာ ရွာေဖြေရးအဖြဲ႕ဝင္မ်ားက ထိုအမ်ိဳးသားအား ေအာ္ဟစ္ၿပီး ၎တို႔ရဲ႕အသံကို ၾကားၿပီးတုံ႔ျပန္လိမ့္မယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္ျဖင့္ သူ႔ရဲ႕နာမည္ကိုက်ယ္ေလာင္စြာေအာ္ဟစ္ခဲ့ၾကပါတယ္။ထိုအခ်ိန္မွာ ရွာေဖြေရးအုပ္စုတြင္းမွလူတစ္ေယာက္က ေရွ႕သို႔တက္လာၿပီး “ ငါတို႔ဘယ္သူကိုရွာေနတာလဲ ၊ ငါဒီမွာရွိတယ္! ” ဆိုၿပီးေၾကာင္ေၾကာင္နဲ႔ ေမးျမန္းေနခဲ့ပါတယ္။

သိသိသာသာအရက္မူးေနခဲ့တဲ့ Mutlu ဟာ သူ႔ကိုယ္သူအားရွာေဖြခဲ့တဲ့ပါတီသို႔၀ င္ခဲ့ၿပီး အဖြဲ႕သားအားလုံးႏွင့္အတူရွိေနခဲ့သည္မွာသိသာထင္ရွားေနပါတယ္။ အခ်ိန္ထိ အရက္မူးေနခဲ့တဲ့ Mutlu က သူ႔အားရွာေဖြေနတဲ့အဖြဲ႕ထဲကို ဘယ္လိုေတြ႕ၿပီး ဘယ္လိုဝင္ join ခဲ့လဲ သို႔မဟုတ္ သူငယ္ခ်င္းျဖစ္သူေတြကဘာလို႔ သူ႔ကိုေတာင္သတိမထားမိခဲ့ၾကလဲဆိုတာကိုေတာ့ ရွင္းလင္းစြာမသိခဲ့ရပါဘူး။

အဆုံးမွာေတာ့ Mutlu အား သူ႔အိမ္နဲ႔မိသားစုထံသို႔ ေဘးကင္းစြာျပန္လည္ပို႔ေဆာင္ေပးခဲ့ေပမယ့္ ဒီအျဖစ္အပ်က္ဟာ ေဒသအာဏာပိုင္ေတြကိုင္တြယ္ခဲ့တဲ့အထူးဆန္းဆုံးေပ်ာက္ဆုံးေနသူျဖစ္ပ်က္တစ္ခုျဖစ္ေကာင္းျဖစ္ေနႏိုင္ပါတယ္။ ဘယ္လိုလူႀကီးလဲဗ်ာ ။ ကိုယ့္ကိုရွာလို႔ရွာေနမွန္းေတာင္မသိရတဲ့အထိပါလားဗ်ာ။

crd