ဗဟုသုတ

ကိုယ်တိုင်ကျ လမ်းဘေးရှိပိုက်လိုင်းထဲတွင် အဆင်ပြေသလို နေခဲ့ပြီး အလုပ်မျိုးစုံလုပ်ကာ သားသမီး ၄ယောက်လုံးကို ပညာတတ်ကြီးဖြစ်အောင် ထောက်ပံ့ပေးခဲ့သော ဖခင်

ကိုယ်တိုင်ကျ လမ်းဘေးရှိပိုက်လိုင်းထဲတွင် အဆင်ပြေသလို နေခဲ့ပြီး အလုပ်မျိုးစုံလုပ်ကာ သားသမီး ၄ယောက်လုံးကို ပညာတတ်ကြီးဖြစ်အောင် ထောက်ပံ့ပေးခဲ့သော ဖခင်

မိဘတိုင်းကသူတို့ဧ။်သားသမီးလေးတွေကိုပညာတတ်ကြီးဖြစ်စေချင်ကြပြီးကိုယ်တိုင်ကျ မည်မျှခက်ခဲနေပါစေလုံးဝစွန့်လွှတ်အနစ်နာခံပြီးသားသမီးကောင်းစားရေးကိုသာ ဦးစားပေးတတ်ကြသည်။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ Huu Dinhအမည်ရှိသော အသက် ၅၀ကျော်အရွယ် ဖခင်တစ်ဦးသည် သားသမီး ၄ယောက်ရှိကာ အကုန်လုံးကို ပညာတတ်ကြီး ဖြစ်စေချင်သည့်အတွက် လမ်းဘေး ရှိ ပိုက်လိုင်းထဲတွင် ၁၀နှစ်ကြာ နေထိုင်ခဲ့ရသည်။

ဖခင်ဖြစ်သူသည် ပိုက်လိုင်းထဲတွင် အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့်အတူ နေပူမရှောင် မိုးရွာမရှောင် ဆိုင်ကယ်ပြင်ခြင်း ဓာတ်ဆီလိုက်ရောင်းခြင်းနှင့် ဆိုင်ကယ်ရေဆေး စသဖြင့် အလုပ်မျိုးစုံလုပ်ကာ ငွေရှာခဲ့သည်။အလုပ်ကြိုးစားပြီး ရသမျှငွေကြေးနှင့် သားသမီး ၄ယောက်ဧ။် နေစရိတ်စားစရိတ်နှင့် ကျောင်းစရိတ်တို့ကိုပါ အလုံအလောက်ထောက်ပံ့ပေးခဲ့ပြီး ကိုယ်တိုင်ကျ စျေးပေါသည့် ခေါက်ဆွဲခြောက်ထုပ်ပြုတ်ကိုသာ စားခဲ့သည်။

သားသမီး ၄ယောက်မှာ အကြီးဆုံးတစ်ယောက်က လူမှုသိပ္ပံတက္ကသိုလ် အလတ်မှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးတက္ကသိုလ် နှင့် အငယ်နှစ်ယောက်လုံးက အမှတ်ကောင်း၍ ဆေးတက္ကသိုလ်သို့ တက်ရောက်နေခြင်းဖြင့် ဖခင်ဖြစ်သူမှာ အလွန်အမင်း ရုန်းကန်နေရခြင်းဖြစ်သည်။

Zawgyi

ကိုယ္တိုင္က် လမ္းေဘးရွိပိုက္လိုင္းထဲတြင္ အဆင္ေျပသလို ေနခဲ့ၿပီး အလုပ္မ်ိဳးစုံလုပ္ကာ သားသမီး ၄ေယာက္လုံးကို ပညာတတ္ႀကီးျဖစ္ေအာင္ ေထာက္ပံ့ေပးခဲ့ေသာ ဖခင္

မိဘတိုင္းက သူတို႔ဧ။္ သားသမီးေလးေတြကို ပညာတတ္ႀကီး ျဖစ္ေစခ်င္ၾကၿပီး ကိုယ္တိုင္က် မည္မွ်ခက္ခဲေနပါေစ လုံးဝစြန္႔လႊတ္ အနစ္နာခံၿပီး သားသမီးေကာင္းစားေရးကိုသာ ဦးစားေပးတတ္ၾကသည္။သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ Huu Dinhအမည္ရွိေသာ အသက္ ၅၀ေက်ာ္အ႐ြယ္ ဖခင္တစ္ဦးသည္ သားသမီး ၄ေယာက္ရွိကာ အကုန္လုံးကို ပညာတတ္ႀကီး ျဖစ္ေစခ်င္သည့္အတြက္ လမ္းေဘးရွိ ပိုက္လိုင္းထဲတြင္ ၁၀ႏွစ္ၾကာ ေနထိုင္ခဲ့ရသည္။

ဖခင္ျဖစ္သူသည္ ပိုက္လိုင္းထဲတြင္ အဝတ္တစ္ထည္ ကိုယ္တစ္ခုႏွင့္အတူ ေနပူမေရွာင္ မိုး႐ြာမေရွာင္ ဆိုင္ကယ္ျပင္ျခင္း ဓာတ္ဆီလိုက္ေရာင္းျခင္းႏွင့္ ဆိုင္ကယ္ေရေဆး စသျဖင့္ အလုပ္မ်ိဳးစုံလုပ္ကာ ေငြရွာခဲ့သည္။အလုပ္ႀကိဳးစားၿပီး ရသမွ်ေငြေၾကးႏွင့္ သားသမီး ၄ေယာက္ဧ။္ ေနစရိတ္ စားစရိတ္ႏွင့္ ေက်ာင္းစရိတ္တို႔ကိုပါ အလုံအေလာက္ေထာက္ပံ့ေပးခဲ့ၿပီး ကိုယ္တိုင္က် ေစ်းေပါသည့္ ေခါက္ဆြဲေျခာက္ထုပ္ျပဳတ္ကိုသာ စားခဲ့သည္။

သားသမီး ၄ေယာက္မွာ အႀကီးဆုံးတစ္ေယာက္က လူမႈသိပၸံတကၠသိုလ္ အလတ္မွာ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးတကၠသိုလ္ ႏွင့္ အငယ္ႏွစ္ေယာက္လုံးက အမွတ္ေကာင္း၍ ေဆးတကၠသိုလ္သို႔ တက္ေရာက္ေနျခင္းျဖင့္ ဖခင္ျဖစ္သူမွာ အလြန္အမင္း ႐ုန္းကန္ေနရျခင္းျဖစ္သည္။

crd