ဗဟုသုတ

စာသင်ကျောင်းမှာ ၃တန်းအထိဘဲ သင်ယူရပေမဲ့ နိုင်ငံခြားဘာသာစကား ၁၁ မျိုးကို ကျွမ်းကျင်စွာပြောတက်တဲ့ အသက် ၇၇ နှစ်အရွယ် အဖွား

မကြာသေးမီက အင်တာနက်အသုံးပြုသူများကဘာသာစကား၁၁ မျိုးပြောတက်တဲ့ အသက် ၇၇ နှစ်အဘွားကြီးကိုတင်ပြလာခဲ့ပြီးအံ့အားသင့်ခဲ့ရပါတယ် ။ ကလစ်ကိုကြည့်ပြီးနောက် လူငယ်များစွာကပင် နိုင်ငံခြားဘာသာစကားသင်ယူခြင်းဆိုင်ရာ အကြံဉာဏ်များပေးရန် အဖွားဆီကို သင်ယူရမဲ့ပုံပေါ်နေပါပြီ ။ အဘွားကြီးကို Tu Tu Tran လို့ခေါ်ပြီး မာမာမွန်း လို့လည်းခေါ်ပါတယ် ။ အဘွားကြီးရဲ့ အဆိုအရ သူမက ၃ တန်းထိပဲ ပြီးတယ်လို့ ဆိုပါတယ် ။

အဘွားရဲ့ အဓိကအလုပ်မှာ တရုတ်နိုင်ငံတောင်ပိုင်း၊ Guangxi ပြည်နယ်ရှိ အပန်းဖြေမြို့ Yangshuo မှာ ပို့စကတ်များနဲ့ ပန်းပွင့်ရင်ထိုးများ ရောင်းချရန်ဖြစ်ပါတယ် ။ အဘွား Tu Tu Tran မွေးဖွားကြီးပြင်းခဲ့တဲ့ ရွာက တရုတ်နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်များ နေရာတစ်ခုဖြစ်ပါတယ် ။ ထို့ကြောင့် အဘွားဟာ ငယ်စဉ်ကတည်းက နိုင်ငံခြားဧည့်သည်များနဲ့ ပြောဆိုဆက်ဆံနိုင်စေရန် နိုင်ငံခြားဘာသာစကားဖြင့် တတ်မြောက်ခဲ့တာပါ ။

သင်ယူခြင်းရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားရာမှာ အဖွားက စကားလုံးအသစ်တစ်လုံးကို မှတ်သားရန်အတွက် အသံထွက်ကို အခြေခံပြီး တရုတ်စာလုံးအဖြစ်သို့ ပြောင်းလဲရမယ်လို့ ဆိုပါတယ် ။ အဘွားက အိပ်ယာမဝင်ခင်နဲ့ နိုးထပြီးနောက် စကားလုံးကို သူ့ကိုယ်သူပြန်ပြောလေ့ရှိပါတယ် ။ထိုအချိန်မှစပြီး သူမက သူမရဲ့ ဝေါဟာရကို တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပြီး နိုင်ငံတကာဧည့်သည်များနဲ့ သွက်လက်စွာ ပြောဆိုဆက်ဆံလာခဲ့ပါတယ် ။ အရည်အချင်းရှိရုံသာမက အဘွား Tu Tu Tran ကလည်း အလွန်ဖော်ရွေပါတယ် ။

လွန်ခဲ့သော ၁၀ နှစ်က သူမဟာ ကနေဒါကျောင်းသားတစ်ဦး အစာအိမ်ပြဿနာမှ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးခဲ့ဒါကြောင့် ခရီးသွားများက သူမကို အလွန်ချစ်ကြပါတယ် ။ လက်ရှိမှာ အဘွား Tu Tu Tran က ဧည့်လမ်းညွှန်အဖြစ် ၂၅ နှစ်ကြာ လုပ်ကိုင်နေပြီဖြစ်ကြောင်းသိရှိရပါတယ် ။ သူမစုဆောင်းထားတဲ့ငွေက သူ့ကလေး ၃ ယောက်ကို အိမ်ဆောက်ဖို့ ကူညီပေးချင်ခဲ့တာပါ ။

crd