ဒီရက်ပိုင်း လိုင်းပေါ်မှာ ပွဲဆူနေတဲ့ ပုဇွန်ခြောက်ဂယက် အကြောင်း တင်ပြလိုက်ရပါတယ်. .
ဒီလိုဂယက်ထအောင် စတင်ခဲ့သူကတော့ “ချဲလင်းနှိုက်စ်မေလင်း” ဆိုတဲ့ အကောင့်ပိုင်ရှင်ပါပဲ. . .သူမက အုတ်ဖိုမော်ကျေးရွာ.မှာ ပြုလုပ်နေတဲ့ ပုဇွန်ခြောက်ပြုလုပ်ပုံ အဆင့်ဆင့်ကို ရုပ်သံနှင့် တင်ပြခဲ့တာဖြစ်ပါတယ်
သူမက
“❤️❤️❤️ကျမတို့ စားသုံးနေကြနဲ့ ပုဇွန်ခြောက် လုပ်ပုံ အဆင့်ဆင့်ပါရှင့်❤️❤️❤️
ငယ်ငယ်လေးကတည်းက အဲလိုအသိုင်းဝိုင်းကြားမှာမွေးဖွားလာတာမို့ အဲအလုပ်ကိုတော့ကောင်းကောင်း လုပ်တတ်ပါတယ်တော့😇😜😜😜
အထက်ဘက်မြို့တွေကျတော့ ပုစွန်ခြောက်လုပ်ပုံအဆင့်ဆင့်ကို သိခွင့် မြင်ခွင့်ရစေချင်လိုပါရှင့်
တတ်😍သလောက်လေးရိုက်ထားတာမို့ အမှားအယွင်းပါပါတယ်ရှင့် 🙏🏼
အမှားအယွင်းတခုခုများပါခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်🙏🏼🙏🏼🙏🏼”ဆိုပြီး ရုပ်သံနှင့် တင်ပေးထားတာ ဖြစ်ပါတယ်
ရုပ်သံကြည့်ရန်
ဒီရုပ်သံကို FB အသုံးပြုသူတွေ ကြည့်မိပြီးတဲ့ နောက်မှာ တော့ ပွဲတွေ စဆူတော့တာပါပဲ…ရုပ်သံထဲမှာ ပုဇွန်ခြောက်လုပ်နေတဲ့ ပုံစံက အရမ်းကို ညစ်ပတ်နေပြီး ဖိနပ်တွေနဲ့ပါ တက်နင်းနေကြတာကြောင့် ဝေဖန်ပြီး ဂယက်ထကုန်တော့တာတာပဲ
ပုဇွန်ခြောက် ခိုးစားနေကြ မိန်းကလေးတစ်ဦးကတော့ “တစ်သတ်လုံးရေမဆေးပဲ လစ်ရင်လစ်သလို ခိုးစားခဲ့တာအကောင်း ခုဝင်ကြည့်မိမှစောက်ကျိုးနဲပြန်အန်လို့လဲမရ🤣🤣”ဆိုပြီး ကွန်မန့်ရေးထားတာကိုတွေ့ရပါတယ်
ဒီလို ညစ်ညစ်ပတ်ပတ် လုပ်နေတာနဲ့ ပတ်သတ်ပြီး တနေရာနဲ့ တနေရာ မတူပါဘူးဆိုပြီး ပြန်လည်ရှင်းပြီပြီး post တင်နေသူတွေကြောင့် ပုဇွန်ခြောက်ဂယက်က ပိုကြီးလာတာဖြစ်ပါတယ်
Thel Myat Sabal ဆိုတဲ့ အကောင့်ပိုင်ရှင်က ခုလို ပြန်ရှင်းပြထားတာကို တွေ့ ရပါတယ်
“ပုဇွန်ခြောက် ဂယက်ထနေလို့ ပြောပြမယ်နော်
ကျမလို့ရွာမှာတော့ ပုဇွန်ရလာပီဆို ပုဇွန်စိမ်းကို ရေထိုးပိုက်နဲ့တောင်ဆေးတာ ရေထိုးပိုက်နဲ့မဆေးဖစ်ရင် 5ခါ 6ခါလောက်ဆေးပီးမှ ပြုတ်တာပါ ပြုတ်ရင်လည်း ရေကို တအိုးမှာနှစ်ခါ တခါပဲ့ပြုတ်ပါတယ်
(ပုဇွန်မပြုတ်ခင် ပုဇွန်ပဲ့ကြည့် အဲတာမဆေးရသေးတဲ့ပုဇွန်နော်)
(အဲလိုအိုးကြီးအိုးငယ်နဲ့ပြုတ်တာပါ နံဘေးမီးဖောကြီးနှစ်ခုက မိုးရွာရင် မီးထည့်ပီး လှော်တာပါ)
(ပြုတ်ပြီးသားပုဇွန်တွေကို ဒီလိုခြင်းတွေနဲ့ထည့်ပီး ထမ်းပီးဖျာပေါ်မှာလှန်းပါတယ်)
(အဲလိုဖျာတွေနဲ့အများကြီးလှန်းတာပါ)
(လမ်းမှာလှန်းတာဆိုပေမဲ့ မလှန်းခင် အမှိုက်လှန်းပီးမှ လှန်းတာပါ ပြန်သိမ်းရင်လည်း ပုဇွန်အမှုန့်တွေမကျန်အောင် အမှိုက်တွေပြန်လှည်းထားပေးခဲ့ပါတယ်)
အိုကြီးအိုငယ်နဲ့ပြုတ်ပီး ခြင်းတွေနဲ့တလုံးပီးတလူံးထည့် ပီးမှ ဖျာပေါ်မှာလှန်းတာပါ ဖျာနဲ့မလှန်းခင် လှန်းတဲ့နေရာမှာ အမှိုက်တွေလှည်းပီးမှလှန်းတာပါနော်
ပုဇွန်ပုံကြီးကိုမိန်းကလေးတွေဆိူကျော်တောင်မကျော်ခိုင်းပါဘူးနော် ဖိနပ်နဲ့တင်းနင်းဖို့ဆိုတာအဝေး
ငါးခြောက်တွေလည်း။ဒီလိုပဲ့လှန်းတာပါ
စည်းနဲ့ကမ်းနဲ့လုပ်တာပါ ပုဇွန်ခြောက်ပြန့်ကျဉ်းနေရင်တောင်မှ တံမြက်စည်းမသုံးပါဘူး သစ်သားနဲ့လုပ်ထားတဲ့အပြားလေးတွေနဲ့ ပြန်စုရုံးတာပါ
ငါးပိတွေလည်းခြေနဲ့နင်းပြီးတခါမှမလုပ်ပါဘူးကျမတို့ရွာဘက်မှာပုလောမြို့နယ် တိုကျေးရွာကပါ
#ဒါတော့ကျမတို့အိမ်ရှေ့မာလုပ်နေတဲ့ပုဇွန်ခြောက်လုပ်နည်းလုပ်စဉ်တွေပါ
#ပုံကကျမကိုယ်တိုင်ရိုက်ထားတာပါ”ဆိုပြီး ပြရှင်းပြထားပါတယ်
ပရိတ်သတ်ကြီးထဲမှာလည်း ပုဇွန်ခြောက်ကြိုက်တဲ့သူတွေရှိမှာပါ. . .ကိုယ်စားမိတဲ့ ပုဇွန်ခြောက်က အောက်မှာဖော်ပြထားတဲ့ နည်းလမ်းအတိုင်း လုပ်ထားတာပဲဖြစ်ပါစေလို့ ဆုတောင်းရတော့မှာပါပဲ
ကံကောင်းကြပါစေ. . .
Credit Video : ချဲလင်းနှိုက်စ်မေလင်း
Credit Photo : Thel Myat Sabal
စွယ်စုံ သုတ