News

“ဆယ်တန်း စာမေးပွဲကျတာကို အဖေကဆူလို့ ဘာမီတွန် အလုံး(၅၀) သောက်ပြီးနောက်. . .see more..

ညီညီမင်း/ဧရာဝတီတိုင်းမ်

ငပုတော၊ ဇွန်လ ၁၉ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ လင်စံတောင်ကျေးရွာမှာနေထိုင်တဲ့ တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး စာမေးပွဲကျလို့ ဇွန်လ ၁၇ ရက်နေ့က သေဆုံးခဲ့တယ် လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဒီနှစ်က တော်တော်များမျာ းအောင်ကြတယ်။ သူကရူံးတယ်။ အောင်စာရင်းကြည့်ပြီ းပြန်လာထဲက အော်ငိုပြီးပြန်လာတာ။ အိမ်ရောက်တော့ သူ့အဖေကအသုံးမကျဘူးလို့ တော်တော်ဆူတယ်။ ညနေ ၃ နာရီလောက်လည်းကျရော သေတယ်ကြားရတော့တာပဲ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

၎င်းရဲ့ အလောင်းကို ရင်ခွဲစစ်ဆေးရာမှတော့ ဘာမီတွန်ဆေးအလုံး ၅၀ခန့်ကို တပြိုင်ထဲ သောက်သုံးထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆေးစစ်ချက်တွေအရ သိရပါတယ်။

သေဆုံးသူဟာ မအိသက်မွန်ဖြစ်ပြီး မိဘတွေရဲ့ ဒုတိ​ယမြောက်သမီးဖြစ်ကာ ဆယ်တန်း စာမေးပွဲရူံးတာ​ကို အဆက်မပြတ်ငိုနေတာကြောင့် မိဘတွေက ဆူရာမှ အိမ်အပေါ်ထပ်ကိုတက်သွားပြီး ဆက်လက်ငိုနေပြီး ညနေ ၃နာရီခွဲခန့်မှာ မိဘများက ဆန်စက်မှာဖွဲကြုံးပြန်လာရာက ငိုသံမကြားလို့သွားနိုးရာက သေဆုံးနေတာကို သိရခဲ့ရတယ်လို့ ၎င်းမိသားစုနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင်လည်း ဇွန်လ ၁၇ ရက်နေ့က အသက် ၁၉ နှစ်အရွယ် မခင်ယုဝေမှာ ဆယ်တန်းစာမေးပွဲကျလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ – သေဆုံးသူ ဆယ်တန်းကျောင်းသူအားတွေ့ရစဥ်(ပေးပို့)

#ငပုတော #ဆယ်တန်းကျောင်းသူ #စာမေးပွဲကျ #သေဆုံးမှုဖြစ်ပွား

#Ayeyarwaddy_Times