ဗဟုသုတ

“ခိုင်းမှာဆို Probox သာဝယ် ” လို့ ပြောကြတဲ့ Toyota Probox /Succeed အကြောင်း သိကောင်းစရာ”

မြန်မာနိုင်ငံမှာခိုင်းဖို့အသုံးများတဲ့Toyota Probox /Succeed အကြောင်း

ခိုင်းမှာဆို Probox သာဝယ်

ယနေ့ တော်တော်များများ ပြောကြသော ကားလောက အသံများ။

ပရိုဘောက်က ဘာကြောင့် စွတ်ခိုင်းလို့ ကောင်းနေရတာတုန်း, အများစု Probox ကို ရွေးဝယ်နေကြတာလဲ စသဖြင့် လေ့လာမိပါတော့တယ်။

အများစု အသိထပ်နေကြတာက Probox နဲ့ succeed အတူတူ ပဲ လို့ ထင်မြင်နေကြတာပါ။

ရုပ်ချင်း ဆင်တယ်ဆိုရင် ပိုမှန်မလား , အတွင်းပစ္စည်းကျတော့ရော တူနေပြန်ရော ,

ဒါပေမဲ့ နောက်မီးခွက် ကျတော့ ကွဲပြန်ရော ,

အဲ ရှေ့ မီးခွက်ကျ တူပြန်ရော။

ဘာတွေ မှန်းမသိ တော့ဘူး မောင်းကောင်းရင် ပြီးရော ကွာဆိုပြီး အလွယ်သာရွေးလိုက်ရပါလေရော။

Probox

First generation လို့ ခေါ်တဲ့ ပရိုဘောက်ကို ၂၀၀၂ မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။

Commercial compact car အမျိုးအစား

တံခါး ၅ ပေါက် နဲ့ ရှေ့ယက် သို့ 4WD နှစ်မျိုးထုတ်ပါတယ်။အင်ဂျင်ကတော့ ၂ မျိုးထုတ်ပါတယ် 1.3 L နဲ့ 1.5 L တွေပါ။

1.3 L 2NZ-FE I4

1.5 L 1NZ-FE I4 တွေတပ်ဆင် ထုတ်လုပ်ပါတယ်။

1.3 L အင်ဂျင်တပ် ပရိုဘောက်မှာ chassis အနေနဲ့ UA-NCP50 လို့ ထွက်ပြီး

1.5 L အင်ဂျင်တပ်ရင်တော့ UA-NCP58G / NCP55 / NCP51လို့ ထွက်ပါတယ်

( 4WD ဆိုရင် NCP59G )။

ဘာဂရိတ်မှ မဖေါ်ပြတဲ့ ကတုံး ဆိုရင်တော့ NCP50 နဲ့ ထွက်လေ့ရှိပြီး မှန်လက်လှည့်/ မှန်ချိုး မပါ/ ဘက်မှန်အသေး နဲ့ လာလေ့ရှိပါတယ်( DX လို့လည်းတပ်တတ်ပါတယ်)။

DX grade အမှန်အကန် ဆိုရင်တော့ ဒရိုင်ဘာ မှန်တစ်ပေါက် ပါဝါ ဖြစ်သွားမယ်,

မှန်ချိန် ပါလာမယ်, ဘက်မှန်အကြီး ဖြစ်လာမယ်,radio FM ပါပါတယ်။

GL grade ကတော့ ရှေ့တံခါး ၂ ပေါက် ပါဝါ ဖြစ်သွားမယ်,

မှန်ချိုး မှန်ခေါက် ခလုပ်လေး ပါလာမယ်,

နောက်wiper ပါလာမယ်,

ကျန်တာကတော့ DX နဲ့ အားလုံးတူပါတယ်။

F grade မှာတော့ 1.3 အနေနဲ့ မလာတော့ပဲ ၁.၅ သာလာတာတွေ့ရပါတယ်။

မန်နူရယ် ဂီယာ ၅ ချက်နဲ့လည်း ထုတ်သလို ကတုံးလည်း ထွက်ပါတယ်။

မှန်းရအခက်ဆုံး ဂရိတ် လို့တောင် ပြောချင်ပါတယ်။

F extra package မှာတော့ GL နဲ့ ဆင်တူ ပါတယ် ထူးခြားတာကတော့ နောက်ထိုင်ခုံ ခေါင်းမှီ ပါလာတာပါ။

F extra မှာ တံခါး ၄ ပေါက် ပါဝါနဲ့လည်း လာပါတယ်။

Succeed

Succeed မှာတော့ Probox ကို အဆင့်မြှင့်ထားတဲ့ လူစီး wagon အမျိုးအစား ဖြစ်သွားပါပြီ။ နောက်ဖုံးတံခါး , ရှေ့မီးခွက် , နောက်မီးခွက် နဲ့ အတွင်း ထိုင်ခုံတွေ မတူပါဘူး။

UL, ULX , TX, TXG ဆိုပြီး ဂရိတ် ၄ မျိုး လောက်တွေ့ရလေ့ရှိပြီးchassis ကတော့ Probox နဲ့ သွားတူနေပါတယ်။ Succeed မှာကတော့
အင်ဂျင်ပါဝါ 1.5L 1NZ-FE I4 ဟာ standard ပါပဲ( တခြား အင်ဂျင်မတပ်ပါ)။

UL ဂရိတ်မှာ က

အကွဲ ၂ မျိုးလောက်တွေ့ရပါတယ်။

ရှေ့ပါဝါ ၂ ပေါက် , မှန်ချိန် နဲ့ လာသလို , လက်လှည့်နဲ့လည်း လာပါတယ်။

ULX ကတော့

ရှေ့ပါဝါ ၂ ပေါက် သို့ ၄ ပေါက် ပါပြီး ကျန်တာကတော့ အားလုံး နီးပါးပါဝင်ပါတယ်။

TX grade ကတော့ ပါဝါ ၂ ပေါက် နဲ့ ထူးခြားချက် အဖြစ် မှန်ချိုး မပါဝင်ပါဘူး။

TXG ကတော့

အစုံဆုံး ဂရိတ်လို့သာ သတ်မှတ်ရမှာပါ။ ပါဝါ ၂ ပေါက် / ၄ ပေါက် , မှန်ချိုး, မှန်ချိန်, Alloy , back mirror heater စသဖြင့် တော်တော်စုံပါတယ်။

Succeed တိုင်း ရဲ့ ထူးခြားချက်

အနေနဲ့ကတော့ နောက်တုတ် ဂရိတ်တိုင်းမှာပါသလို / ပါဝါ တစ်ပေါက် မရှိပါဘူး

( လက်လှည့် သို့ ၂ ပေါက် သို့ ၄ ပေါက်)။

Succeed မှာ ဒီဇယ် အင်ဂျင်တပ် အမျိုးအစားလည်းထုတ်ပါတယ်

1.4L 1ND-TV I4 D4-D ဒီဇယ်အင်ဂျင်ကို မန်နူရယ် ဂီယာ ၅ ချက်နဲ့ တွဲလာပါတယ်။

Probox ရဲ့ ဆီစားနှုန်း ကလည်း သက်သာလှပါတယ်။ ယနေ့ ရန်ကုန်မြို့လို့ ယာဉ်ကြောကျပ်တည်းတဲ့ နေရာမှာ Probox ရဲ့ ဆီစားနှုန်းဟာ တခြားသော ကားအမျိုးအစားတွေထက် သာလွန် သက်သာနေပါတယ်။

အောက်မှာ ပျှမ်းမျှ ဆီစားနှုန်းလေးတွေ ယှဉ်ပြထားပါတယ်,

Probox 41.8 mpg

ADvan 39.9 mpg

Passo 44.8 mpg

Note 48.8 mpg

Fielder 42.8 mpg

Fit GD1 51.4 mpg

Fit GE6 52.3 mpg

Fit GP1 64.0 mpg ( hybrid)

Insight 64.2 mpg ( hybrid)

• 2014 July မှာတော့

ပုံပြောင်း Probox နဲ့ Succeed ကို စတင်ရောင်းချ ခဲ့ပါတယ်။ လက်ရှိ ဂျပန်မှာ ရောင်းချနေတဲ့ မော်ဒယ် ဖြစ်ပါတယ်။

F, GL, DX comfort , DX ဆိုပြီး ရောင်းချလျှက်ရှိပါတယ်,

chassis အနေနဲ့ကတော့ NCP50 / 51/55/58/59 စသဖြင့် သုံးစွဲနေပါသေးတယ်။

F grade မှာ ကတော့

ပါဝါ ၄ ပေါက် , နောက်ထိုင်ခုံ ခေါင်းမှီ, စီယာရင် logo နီကယ်, ဘီးဖုံး , တံခါးလက်ကိုင် ကားအရောင်တူ, ဘက်မှန် ကားအရောင်တူ, မှန်မည်း, remote key နဲ့ audio-less cover တွေ ပါဝင်မှာပါ။

GL မှာတော့ ဘီးဖုံး မပါတော့ပါဘူး, ပါဝါ ရှေ့တံခါး ၂ ပေါက်ပဲ ပါမယ်, FM radio ပါလာမယ်, နောက်ခေါင်းမှီမပါတော့ဘူး, စီယာရင် logo ကတော့ နီကယ် မပါတော့ပါဘူး။ ကျန်တာ အားလုံးကတော့ F grade အတိုင်းပါပဲ။

DX comfort မှာတော့

သံဂွေဘီးဖုံးမပါ, လက်ကိုင် နဲ့ နောက်တံခါး လက်ကိုင်, စီယာရင် လိုဂို အားလုံး အမည်းရောင် , ဘက်မှန် အမည်းရောင် ( အသေး) ဖြစ်သွားပြီး GL နဲ့ ကျန်တာ အားလုံးတူပါတယ်။

DX ကတော့ အနိမ့်ဆုံး ဂရိတ် ပါဝါ တစ်ပေါက် , ရိုးရိုးကီး , နဲ့ မှန်ချိုး မပါတော့ပါဘူး။

Dashboard မှာ

slide table, ABS , driver cup holder စတာတွေကတော့ ကားအားလုံးမှာပါဝင်ပါတယ်။

1.3L နဲ့ 1.5L အင်ဂျင် ၂ မျိုး ကို super CVT-i transmission တပ်ဆင်ထုတ်လုပ်ပါတယ်။ 1.5L အင်ဂျင်မှာသာ 4WD model ကိုရနိုင်ပါတယ်။

ဆီစားနှုန်းကတော့

F & GL ( 1.5L, 2WD) – 18.2 km/L

F & GL ( 1.5L,4WD) – 15.8 km/L

DX ( 1.3L, 2WD) – 17.6 km/L

အသီးသီးရှိတယ်လို့ တိုယိုတာ ဂျပန် မှာ ပြောထားပါတယ်။

Succeed အနေနဲ့ ထူးခြားသွားတာကတော့ ပုံပြောင်းချိန်မှာ လုံးဝ ပုံစံတူသွားတာပါပဲ။

ဂရိတ်လည်း ၄ မျိုး အတူတူ ထွက်ပါတယ်

TX, UL-X, UL နဲ့ U ပါ။

U = DX , UL= DX comfort, UL-X=GL, TX= F လို့ သတ်မှတ်လို့ ရပါတယ်။

တစ်ခုပါပဲ Succeed မှာ

1.5 L အင်ဂျင်နဲ့သာ ထုတ်ပါတယ်။

အရောင်အနေနဲ့ ၆ ရောင်ထိ ရရှိနိုင်ပြီးအဖြူ 058, အနက် 209, အစိမ်းနု 6U6 , ငွေမှင် 1E7, ဇီး 3R9 နဲ့ နက်ပြာ 8P4 တို့ ဖြစ်ပါတယ်

Credit original upload