News

“ဆယ်တန်းစာမေးပွဲကျလို့ ကြွက်သတ်ဆေးဘူးမှ ဆေးနှစ်ပြားကိုယူကာ ဝါးစားခဲ့ပြီးနောက်. . .see more…

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကုန်တန်းကျေးရွာမှ ကျောင်းသူတဦးသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံး၍ အဆိပ်သောက်သေဆုံးသည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာမှ အသက် (၁၉) နှစ်အရွယ် မခင်– သည် ယမန်နေ့ (ဇွန်လ ၁၇ ရက် ) နေ့လယ် ၁၂ နာရီအချိန်ခန့်က ကြွက်သတ်ဆေးဘူးမှ ဆေးနှစ်ပြားကိုယူကာ ဝါးစားခဲ့ပြီးနောက် အကြိမ်ရေအများအပြား အော့အန်လာခဲ့၍ မိဘများက ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ခေါ်ဆောင်သွားခဲ့ရကြောင်း ရခိုင်အခြေစိုက် နေရိဉ္စရာသတင်းဌာနက ဖော်ပြသည်။

ယင်းနောက် ယနေ့ (ဇွန်လ ၁၈ ရက်) နံနက် ၄ နာရီကျော်ခန့်တွင် ဆေးရုံတွင်ကွယ်လွန်ခဲ့ကြောင်း သိရသည်။

မခင်–သည် ဆယ်တန်းစာမေးပွဲကို ယခုနှစ်အပါအဝင် ၂ နှစ်ကျရှုံးခဲ့သူဖြစ်ကာ မိဘများအနေဖြင့် စာမေးပွဲကျသည့်အတွက် ဆူပူကြိမ်းမောင်းမှုပြုလုပ်ခြင်းမျိုးမရှိခဲ့ဟုဆိုသည်။

မ—၏ရုပ်လောင်းကို ရသေ့တောင်မြို့သုဿန်တွင် ဇွန် ၁၈ ရက် နေ့လယ် ၁ နာရီအချိန်ခန့်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

News Watch TV