ဗဟုသုတ

“ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဝက်အူချောင်းကို ကိုယ်တိုင်ပြုလုပ်နိုင်မယ့် နည်းလမ်း”

ဝက်အူချောင်း

ပါ၀င်ပစ္စည်းများ

ဝက်သား – ၁ ပိသာ(အဆီ အခေါက်တွဲလျှက်နုတ်နုတ်စင်းပါ)

ဝက်အူ – ၅၀ ကျပ်သား (ဝက်အူကိုဗီနီကာနဲ့မိနစ်အနည်း ငယ်လောက် စိမ်ထားပါ)

ကြက်သွန်ဖြူ – ၁၀ကျပ်သား(ညက်ညက်လေးထောင်းပါ)

ဂျင်း – ၁၀ကျပ်သား (ညက်ညက်လေး ထောင်းပါ)

ဟွာကြောင်စေ့ – ၃ ဇွန်း (ထမင်စားဇွန်း)(ကြိုက်မှထည့်ပါ မကြိုက်ရင် မထည့်ပါနဲ့ ၊ သူရဲ့ အရသာကပူလို့ ၊ အနံ့ ကမွှေးပါတယ်)

သကြား – ၁ ဇွန်း (ထမင်းစားဇွန်း)

အချိုမှုန့် – ၂ ဇွန်း (ထမင်းစားဇွန်း) (အချိုမှုန့် ကြိုက်လျှင် သုံးပါ ၊ မကြိုက်လျှင် မထည့်ပါနှင့် ၊ သကြားပိုထည့်ပါ)

ခနောကြက်သားမှုန့် – ၁ ဇွန်း (ထမင်းစားဇွန်း)

ငရုတ်ကောင်း – အနည်းငယ်

ဆား – အနည်းငယ်

ငရုပ်သီး – ၁၀ ကျပ်သား (နုတ်နုတ်စင်းပါ)

(အစပ်ကြိုက်မှ ထည့်ပါ)

ဆီ – ၁၀ ကျပ်သား

ပြုလုပ်နည်း

ဝက်သားကို နုတ်နုတ်စင်းပါ သွပ်မည့်ဝက်အူကိုရေပြောင်အောင် ဆေးပြီးဗီနီကာနဲ့မိနစ်အနည်းငယ်လောက် စိမ်ပြီးရေစစ်ထားပါ ။

နုတ်နုတ်စင်းထားသော ဝက်သားအထဲကို ဂျင်း ၊

ကြက်သွန်ဖြူ ညက်ညက်ထောင်းထားတာကို ထည့်ပါ ။ အရသာမှုန့်တွေပါ ထည့်ပြီးနယ်ပါ ။

အချို ကြိုက်လျှင်သကြားထည့်ပါမကြိုက်လျှင် မထည့်ပါနှင့် အစပ်ကြိုက်ရင်လည်း ငရုတ်သီး ပါထည့်ပါ ။

အစာပလာတွေ အကုန်ထည့်ပြီးလျှင် နယ်ပါ ။

သွပ်မယ့် ဝက်အူ ထိပ်ကို (ကတော့) တပ်ပြီး ဝက်သား စင်းထားတာတွေကို ထိုးထည့်ပါ ။ အားလုံးပြီးပြီဆိုရင် နှီး နဲ့ထုံးပြီး ပုံထဲကအတိုင်း ခွေပါ ။

ခွေထားတဲ့ပုံ မပျက်အောင်ဒုတ်နဲ့ကန့်လန်တွေထိုးထားပါ ထိုးပြီးသွားလျှင် မီးသွေးဖိုပေါ်မှာကင်ပါ ။ ကင်နေချိန်တွင် ဆီလေး သုတ်ပေးပါ ။ ဂျင်း အနံ့လေး ၊ ဟွာကြောင်စေ့ အနံလေး သင်းကြိုင်လာပါလိမ့်မယ် ။

ဝက်အူတွေအရောင်ပြောင်းပြီး ပုံထဲကအတိုင်း ဖြစ်လာပြီဆိုရင် ရပါပြီ ။ အဲ့ဒါကို ကြော်စားစား ၊ ချက်စားစား ၊

ရေနွေးကြမ်းနဲ့ပဲ မြည်းမြည်း အရမ်းကောင်းပါတယ် ။

အခွေကို ဆွဲဆန့်ရင် ၆ ပေနီးပါး ရှည်ပါတယ် ။ စျေးထဲမှာ ရောင်းချနေတဲ့ နီရဲရဲ ဝက်အူချောင်းတွေလို အီစိမ့်စိမ့်လည်းမရှိပါဘူး ။ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ် ။

မှတ်ချက် ။ ။ ဝက်အူချောင်း လုပ်နည်း အမျိုးမျိုးရှိပေမယ့် ဒီနည်းလေးကတော့ လူအရမ်းအကြိုက်များပါတယ် ။

စင်ကာပူက ဧည့်သည်တွေ ကြိုက်လွန်းလို့အထူးသီးသန့် လုပ်ကျွေးဘူးပါတယ် ။

Credit: Tay Za Htet Paing

#စုံစီနဖာ