News

“ထိုင်းမှာ ဆေးခြောက် တရားဝင်သုံးစွဲခွင့်ပြုပြီးနောက် အလွန်အကျွံသုံးစွဲလို့ လူ(၄) ဦး ဆေးရုံရောက်”

ဇွန်လ ၉ ရက်နေ့မှာ ဆေးခြောက်သုံးစွဲခွင့် အစိုးရတရားဝင်ခွင့်ပြုပြီးနောက် အမျိုးသားလေး ဦးဟာ ဆေးခြောက်သုံးစွဲမှု ဆေးလွန်ခဲ့ပြီး ဘန်ကောက်က ဆေးရုံတွေမှာ အရေးပေါ် ဆေးကုသမှုခံယူခဲ့ ရာကနေ နောက်ပိုင်းမှာ တစ်ဦးက နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရတဲ့လူ လေးဦးထဲ တစ်ဦးမှာ အသက် ၅၁ နှစ်အရွယ် ဖြစ်ပြီး ရင်ဘတ်အောင့်တဲ့ လက္ခဏာနဲ့ ချာဝန် ကရန် ပရာချရက်ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ်နဲ့ အခြား အသက် ၂၅ နှစ်အရွယ် အမျိုးသားတို့မှာတော့ ဆေးခြောက် သုံးစွဲပြီးနောက် နှလုံးတုန်ကာ တက်ဆင် ဆေးရုံမှာ တင်ထားရပါတယ်။ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်မှာတော့ ဆေးလွန်ခဲ့ပြီးနောက် လူအန် ဖော် တာဝီ ဆပ် ချူတီနာတာရို ယူသစ် ဆေးရုံအထူး ကြပ်မတ်ဆောင်မှာ ကုသမှု ခံယူလျှက်ရှိနေပါတယ်။

ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူး ချက်ဒ်ချက် ဆစ်တီပန့်က အင်္ဂါနေ့မှာ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ BMA ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု ဌာနကနေ လူ လေးဦးအား ဆေးရုံတွေကို ပို့လိုက်ကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

BMA ဟာ အခြေအနေကို စောင့်ကြည့်နေပြီး ကျောင်းသားတွေနဲ့ ကျောင်းဆရာတွေအား ဆေးခြောက်အကြောင်း ပညာပေးမယ်လို့ ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူး မစ္စတာ ချက်ဒ် ချက်က ပြောကြားခဲ့ပါတယ်။ အစိုးရက ကျောင်းတွေကို ဆေးခြောက်ကင်းစင်ရေးဇုန်အဖြစ် ကြေညာပေးဖို့ ပရောဂျက်ကိုလည်း စတင်ဆောင်ရွက်မှာဖြစ်ပြီးကြောင်း BMA အမှုဆောင် တွေနဲ့ တွေ့ဆုံစဉ်မှာ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

Ref:bangkokpost

#ဘန်ကောက်လမ်းညွန်က်ိုစိုင်း