News

“တောထဲမှာ သူ့ကို ဆေးကုပေးတဲ့ ဆေးမှူးလေးကို ငရုပ်သီးလေးတွေ ခူးလာပေးတဲ့ ကလေးငယ်လေး”

ဒီမနက် အမောဖောက်လို့ဆိုပြီး ဆေးကုပေးလိုက်တဲ့ကလေးပေါက်စလေးက သူ့ကိုဆေးကုပေးလို့ဆိုပြီး ပေးစရာပိုက်ဆံမရှိလို့ တောထဲပေါက်နေတဲ့ငရုတ်သီးစိမ်းလေးတွေခူးပြီးယူလာပေးရှာတယ်

ဘယ်ကနေဘယ်လိုသင်ယူနားလည်ထားကြလဲတော့မသိ

ဘာမဆို အလကားမယူဘူး ဆိုတဲ့အတွေးမျိုး ဒီအရွယ်လေးနဲ့ဒီလိုတွေးတတ်နေကြတာ စိတ်မကောင်းဖြစ်မိတယ်

ကျောင်းမနေရတဲ့ကလေးလေးတွေဆိုတော့ဗမာစကားလဲမတတ်

ကိုယ်ကလဲ ကရင်စကားဆို သရဖိုး ဆိုတာလောက်ပဲနားလည်တဲ့သူ

သူ့ဆီကတခွန်းတော့ထပ်ပြီးသင်ယူလိုက်ရတယ်

ငရုတ်သီးကို “မိုဟဲဿ” တဲ့လေ

ဒီလို အသွားအပြန်မေတ္တာတွေပြည့်နှက်နေတဲ့ ဒီလူမျိုးစုလေးကြောင့် တော်လှန်ရေးပြီးရင်တောင် ဆေးမှူးတစ်​ယောက် ဒီတော ဒီတောင် ဒီနယ်မြေကိုစွန့်ခွာဖိို့ အနိုင်နိုင်ဖြစ်ရဦးမယ်ထင်ပါရဲ့

ဆေးမှူး

Sitt Naing

ရုတ်တရက်တိုင်းပြည်ကနာဖျားကျလာတဲ့အခါ ကျနော်ဟာ ‌ေ‌ဆးထိုးအပ်ကိုလွှတ်ချလို့ thayနတ်ကိုဆုပ်ကိုင်ခဲ့ရတယ်

တိုင်းပြည်ရဲ့အဖျားဟာ လူတွေရဲ့အဖျားထပ် ပိုအရေးကြီးတယ်ဆိုတာသိပြီးနောက်ပေါ့

အဲ့ဒီ့ thayနတ်ကိုင်တဲ့လက်တွေ ဖျားနာလာတဲ့အခါ

ကျနော်ဟာ thayနတ်ကိုင်နေရင်းနဲ့ပဲ ဆေးထိုးအပ်ကိုင်ရပြန်ပါတယ်

ဆေးမှူး

(ရောင်နီတပ်ခွဲ)