ဗဟုသုတ

“အရမ်းစားလို့ကောင်းတဲ့ လမ်းသရဲမုန့် (ခ) မုန့်ရေပါး လုပ်နည်း”

မြန်မာတွေပါးစပ်နဲ့ အစပ်အဟပ်တည့်သလို သရေစာအနေနဲ့ စားဖြစ်ကြတဲ့ လမ်းသရဲမုန့်ကို ကြိုက်တဲ့သူတွေအတွက် လုပ်နည်းလေးကို ဝေမျှချင်ပါတယ်။

လမ်းသရဲမုန့်လုပ်ရန် လိုအပ်သောပစ္စည်းများ….

(1)ဆန်အစိမ်းမှုန့် – ၁၀ ကျပ်သားတစ်ထုပ်

(2)ကုလားပဲအစိမ်းမှုန့် – ထမင်းစားဇွန်း ၃ ဇွန်း

(3)ကော်မှုန့် – ထမင်းစားဇွန်း ၄ ဇွန်း

(4)ကွကျဥ – ၁ လုံး

(5)ခရမ်းချဉ်သီး – ၃လုံး

(6) နနံပင် – ၁၀ ပင်

(7) ဂေါ်ဖီ – တစ်ခြမ်း

(😎 ငရုတ်သီးစိမ်း – ၁၀ တောင့်

(9) ပဲပင်ပေါက် – ၂၀၀ ဂရမ်

(10) ပဲပြုတ် – ၂၀၀ ဂရမ်

(11) ဆီ – ၅ ကျပ်သား

(12)ဆား – အနည်းငယ်

(13) ဟင်းခတ်မှုန့် အနည်းငယ်

(14)မဆလာ -အနည်းငယ်

#ပြုလုပ်ပုံအဆင့်ဆင့်

#ပုံမှန်ဆို ဆန်ကို ရေစိမ်ရ မုန့်ကြိတ်စက်နဲ့ကြိတ်ရ အလုပ်ရှုပ်လို့အလွယ်နည်းနဲ့ပဲလုပ်စားတာပါရှင့် ၊ မွှေး ဆန် အစိမ်းမှုန့် ၁၀ ကျပ်သား တစ်ထုပ်နဲ့ မွှေးကော်မှုန့် ထမင်းစားဇွန်း လေးဇွန်း ၊ မွှေး ကုလားပဲ အစိမ်းမှုန့် ထမင်းစားဇွန်းသုံးဇွန်း(မထည့်လဲရပါတယ်၊ ပဲပါတော့ ပိုစားကောင်းတယ်ထင်လို့ပါ) ကို ရော ဆား နည်းနည်း၊ ဟင်းခတ်မှုန့်နည်းနည်းထည့် ကြက်ဥ တစ်လုံးဖောက်ထည့်ပါ။

ပြီးရင် ရေ ထည့်ပြီးဖျော်ပါမယ်။ ရေကို ကျဲကျဲလေးဖျော်ပါ။ မုန့်သားကျွတ်ကျွတ်လေး ဖြစ်အောင်လို့ပါ။ ပဲမှုန့်လေးတွေက မပျော်ပဲကျန်နေတာလေးတွေကို ရသလောက်ဖျော်ပြီး စစ် ဇကာ နဲ့စစ်ချ လိုက်ပါ။ မုန့်ရည် ဖျော်ထားပြီးရင် အထဲက အစာ အတွက် ဂေါ်ဖီ ခပ်ပါးပါး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ပဲပင်ပေါက်၊ ပဲပြုတ် ကိုကြိုက်တာလေးတွေ ထည့်ဖို့ အဆင်သင့် လှီးထားပါ။ လမ်းသရဲမုန့်တစ်ခုစာ ဇွန်းနဲ့ခပ်ယူပါ။ မုန့်တစ်ခုလုပ်ပြီးနောက်တစ်ခုလုပ်ရင် မုန့်ရည်လေးကိုသေချာလေးမွှေပေးပါ။ အနည်ထိုင်တတ်လို့ပါ။ ဒယ်အိုးထဲဆီအနည်းငယ်သာထည့်အပူပေးပါ။

မုန့်ရည်လေးကို ထည့်တဲ့အခါ တစ်ခုစာအတွက် မှန်းပြီး ဇွန်းကြီးနဲ့ခပ် ဒယ်အိုးထဲထည့်ပြီးတာနဲ့ ချက်ချင်း ဒယ်အိုးလေးကို လက်ကိုင်ကနေ အလိုက်သင့်လေး စက်ဝိုင်းပုံ စောင်းပြီး အရည် လေးတွေ ဒယ်အိုးအနှံ့့ရောက်ပြီး မုန့်သားပါးပါးလေးရအောင် လုပ်ရပါမယ်။ ပြီးရင်အဆင်သင့်လှီးထားတဲ့ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ပဲပင်ပေါက်၊ ပဲပြုတ် စတာတွေကို ဖြူးလိုက်ပါ။

ပြီးလျှင် ဆားအနည်းငယ် ဟင်းခတ်မှုန့်အနည်းငယ် နှင့် မဆလာ လေး ဖြူး ဆီကို မုန့်သားဘေးလေးတွေ နှင့် အပေါ်ကနေ နည်းနည်းဖြူးပေးပါ။ (ဆီဆမ်းခြင်းအားဖြင့် မုန့်ကိုကျွတ်ကျွတ်လေးဖြစ်စေပါတယ်။) ထို့နောက် အဖုံးလေးခဏအုပ်ပါ။ ထည့်တားတဲ့အစာပလာတွေ ကျက်သွားအောင်ဖြစ်ပါတယ်။

#ကျက်ပြီဆိုရင်တော့ အလယ်ကနေ ခေါက်လိုက်ပါ ပြီးလျှင် ပိုကျွတ်သွားအောင် ခေါက်ထားတယ့်အတိုင်းလေး ဟိုဘက်ဒီဘက် လှန်ပေးပါ။ ဒါဆို လမ်းသရဲမုန့်လေးရပါပြီရှင်။ လုပ်ရတာလွယ်ကူတာမို့ လုပ်စားကြည့်ကျပါအုံးနော်။

Ref: Classic Suyee