ဗဟုသုတ

“တစ်နေ့မှာ ခေါင်းဆောင်ဖြစ်မယ့်သူဆိုတာ ဖိနပ်တိုက်သမားဘဝကတည်းက အမြင်ကွာပါတယ်”

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

တေန႔မွာ ေခါင္းေဆာင္ျဖစ္မဲ့သူ ဆိုတာ

ဆင္းရဲတဲ့ လူငယ္ေလး(၃)ဦးဟာ ေက်ာင္းအားခ်ိန္ မွာ ဖိနပ္ တိုက္တဲ့ အလုပ္ကို လုပ္ၿပီး အိမ္ကိုေထာက္ပံ့ေနၾကတယ္။

တေန႔ေတာ့ သူတို႔ ထံကို လူဂုဏ္တန္တစ္ေယာက္ ဖိနပ္တိုက္ဖို႔ ေရာက္လာပါတယ္။သူတို႔သုံးေယာက္ရဲ႕ မ်က္လုံးအိမ္မွာေတာ့ ေမွ်ာ္လင့္ခ်က္ေတြ အျပည့္နဲ႔

အားလုံးဟာ ပိုက္ဆံလိုခ်င္လို႔ အလုပ္လုပ္ ေနၾကရတဲ့သူ ေတြကိုး ေရာက္လာတဲ့သူဟာ ဘယ္သူ႔ကို ဖိနပ္တိုက္ခိုင္းရမလဲ မသိဘဲ ျဖစ္ေနတယ္။

ေနာက္ဆုံးေတ့ာ သူဟာ သူ႔ရဲ႕ လက္ထဲမွာ ပိုက္ဆံ ႏွစ္ေထာင္ ကိုကိုင္ၿပီး ဖိနပ္တိုက္ခ ႏွစ္ေထာင္ေပးမယ္ ဘယ္သူတိုက္မလဲလို႔ ေမးလိုက္တယ္။

ဖိနပ္တခါတိုက္ရင္ ႏွစ္ရာပဲ ရတာ အခု သူေဌးႀကီးက ႏွစ္ေထာင္ေပးမယ္ဆိုေတာ့ လူငယ္ေလးသုံးေယာက္ရဲ႕ မ်က္လုံးေလးေတြဟာ ရခ်င္စိတ္ နဲ႔အေရာင္ေတြ ေတာက္လာပါတယ္။

လူငယ္ေလးတစ္ေယာက္က “ကြၽန္ေတာ္တိုက္ပါရေစ ကြၽန္ေတာ္မနက္ကတည္းက ဘာမွမစားရေသးပါဘူး ကြၽန္ေတာ္အစာမစားရရင္ ေသသြားႏိုင္ပါ တယ္” လို႔ ေျပာလိုက္ပါတယ္။

ေနာက္တစ္ေယာက္က “ကြၽန္ေတာ္တို႔ အိမ္မွာ ပိုက္ဆံျပတ္ေနတာ သုံးရက္ရွိသြားပါၿပီအေမလည္း ေနမေကာင္းဘူး ဒါေၾကာင့္ ဖိနပ္ကို ကြၽန္ေတာ္တိုက္ပါရေစ”လို႔ ေျပာလိုက္ပါတယ္။

သူဟာ ေနာက္ဆုံးလူငယ္ေလး ကိုၾကည့္လိုက္ပါတယ္လူငယ္ေလးဟာ သူ႔လက္ထဲက ပိုက္ဆံႏွစ္ေထာင္ ကို ေသခ်ာၾကည့္ၿပီး..

“တကယ္လို႔ ကြၽန္ေတာ္သာ ဖိနပ္တိုက္ခြင့္ ရခဲ့မယ္ဆိုရင္ သူတို႔ႏွစ္ေယာက္ကို တစ္ေယာက္တစ္ေထာင္ဆီေပးလိုက္ပါမယ္ သူတို႔က ကြၽန္ေတာ့ရဲ႕သူငယ္ခ်င္းေတြပါ

သူတို႔တကယ္ဒုကၡ ေရာက္ေနၾကတာပါ ကြၽန္ေတာ္ကေတာ့ မနက္က ထမင္းၾကမ္းေလး နည္းနည္း စားထားရလို႔ ဖိနပ္တိုက္ဖို႔ အားရွိပါတယ္ သူေဌးဖိနပ္ကို ကြၽန္ေတာ္တိုက္ပါရေစ” လို႔ ေျပာလိုက္ပါတယ္။

လူဂုဏ္တန္နဲ႔ လူငယ္ေလး ရဲ႕ သူငယ္ခ်င္းႏွစ္ေယာက္ဟာ အံ့အားသင့္ေနခ်ိန္မွာပဲ လူငယ္ေလးဟာ လူဂုဏ္တန္ စိတ္ေက်နပ္တဲ့အထိ ဖိနပ္ကို ေသခ်ာစြာ တိုက္ေပးလိုက္ပါတယ္

ၿပီးေတာ့ သူေပးလာတဲ့ ပိုက္ဆံ ႏွစ္ေထာင္ယူၿပီး သူ႔သူငယ္ခ်င္းႏွစ္ေယာက္ကို ခ်က္ခ်င္းဘဲ ခြဲေဝေပး လိုက္ပါတယ္။

အဲဒီ လူငယ္ေလးသုံးဦးဟာ အျမင္ မတူၾကပါဘူး ႏွစ္ေယာက္ ကေတာ့ သူေဌးႀကီးလက္ထဲက ပိုက္ဆံဟာသူတို႔ ဝမ္းေရးအတြက္

အေရးႀကီးဆုံးအရာ မရွိမျဖစ္ လိုအပ္ေနတဲ့ အရာလို႔ သူတို႔ျမင္ခဲ့တယ္ (သူတို႔အျမင္မွန္ပါတယ္..တကယ္လဲ ဒုကၡေရာက္ေနၾကတာကိုး)

က်န္တဲ့ လူငယ္ေလးကေတာ့ သူကိုယ္တိုင္လည္း ဆာေလာင္ ေနတာ မွန္ေပမဲ့ သူ႔အတြက္ထက္ သူတပါးအတြက္ကို အေလးထားၿပီးျမင္ေပးခဲ့တယ္

သူျမင္တာက ပိုက္ဆံ မဟုတ္ဘူး ဆာေလာင္ေနတဲ့ သူ႔သူငယ္ခ်င္းေတြကို ျမင္ခဲ့တာပါသူ႔ရဲ႕ အျမင္ဟာ က်န္တဲ့ ႏွစ္ေယာက္နဲ႔ မတူခဲ့ပါဘူး။

အဲဒီလူငယ္ေလးဟာ တခ်ိန္မွာ ဘရာဇီးႏိုင္ငံရဲ႕ ၃၅ ေယာက္ေျမာက္ သမၼတ (Luiz Inacio Lula da Silva) ျဖစ္လာ ခဲ့ပါတယ္။

Credit

Unicode
တနေ့မှာ ခေါင်းဆောင်ဖြစ်မဲ့သူ ဆိုတာ

ဆင်းရဲတဲ့ လူငယ်လေး(၃)ဦးဟာ ကျောင်းအားချိန် မှာ ဖိနပ် တိုက်တဲ့ အလုပ်ကို လုပ်ပြီး အိမ်ကိုထောက်ပံ့နေကြတယ်။

တနေ့တော့ သူတို့ ထံကို လူဂုဏ်တန်တစ်ယောက် ဖိနပ်တိုက်ဖို့ ရောက်လာပါတယ်။သူတို့သုံးယောက်ရဲ့ မျက်လုံးအိမ်မှာတော့ မျှော်လင့်ချက်တွေ အပြည့်နဲ့

အားလုံးဟာ ပိုက်ဆံလိုချင်လို့ အလုပ်လုပ် နေကြရတဲ့သူ တွေကိုး ရောက်လာတဲ့သူဟာ ဘယ်သူ့ကို ဖိနပ်တိုက်ခိုင်းရမလဲ မသိဘဲ ဖြစ်နေတယ်။

နောက်ဆုံးတေ့ာ သူဟာ သူ့ရဲ့ လက်ထဲမှာ ပိုက်ဆံ နှစ်ထောင် ကိုကိုင်ပြီး ဖိနပ်တိုက်ခ နှစ်ထောင်ပေးမယ် ဘယ်သူတိုက်မလဲလို့ မေးလိုက်တယ်။

ဖိနပ်တခါတိုက်ရင် နှစ်ရာပဲ ရတာ အခု သူဌေးကြီးက နှစ်ထောင်ပေးမယ်ဆိုတော့ လူငယ်လေးသုံးယောက်ရဲ့ မျက်လုံးလေးတွေဟာ ရချင်စိတ် နဲ့အရောင်တွေ တောက်လာပါတယ်။

လူငယ်လေးတစ်ယောက်က “ကျွန်တော်တိုက်ပါရစေ ကျွန်တော်မနက်ကတည်းက ဘာမှမစားရသေးပါဘူး ကျွန်တော်အစာမစားရရင် သေသွားနိုင်ပါ တယ်” လို့ ပြောလိုက်ပါတယ်။

နောက်တစ်ယောက်က “ကျွန်တော်တို့ အိမ်မှာ ပိုက်ဆံပြတ်နေတာ သုံးရက်ရှိသွားပါပြီအမေလည်း နေမကောင်းဘူး ဒါကြောင့် ဖိနပ်ကို ကျွန်တော်တိုက်ပါရစေ”လို့ ပြောလိုက်ပါတယ်။

သူဟာ နောက်ဆုံးလူငယ်လေး ကိုကြည့်လိုက်ပါတယ်လူငယ်လေးဟာ သူ့လက်ထဲက ပိုက်ဆံနှစ်ထောင် ကို သေချာကြည့်ပြီး..

“တကယ်လို့ ကျွန်တော်သာ ဖိနပ်တိုက်ခွင့် ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ထောင်ဆီပေးလိုက်ပါမယ် သူတို့က ကျွန်တော့ရဲ့သူငယ်ချင်းတွေပါ

သူတို့တကယ်ဒုက္ခ ရောက်နေကြတာပါ ကျွန်တော်ကတော့ မနက်က ထမင်းကြမ်းလေး နည်းနည်း စားထားရလို့ ဖိနပ်တိုက်ဖို့ အားရှိပါတယ် သူဌေးဖိနပ်ကို ကျွန်တော်တိုက်ပါရစေ” လို့ ပြောလိုက်ပါတယ်။

လူဂုဏ်တန်နဲ့ လူငယ်လေး ရဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အံ့အားသင့်နေချိန်မှာပဲ လူငယ်လေးဟာ လူဂုဏ်တန် စိတ်ကျေနပ်တဲ့အထိ ဖိနပ်ကို သေချာစွာ တိုက်ပေးလိုက်ပါတယ်

ပြီးတော့ သူပေးလာတဲ့ ပိုက်ဆံ နှစ်ထောင်ယူပြီး သူ့သူငယ်ချင်းနှစ်ယောက်ကို ချက်ချင်းဘဲ ခွဲဝေပေး လိုက်ပါတယ်။

အဲဒီ လူငယ်လေးသုံးဦးဟာ အမြင် မတူကြပါဘူး နှစ်ယောက် ကတော့ သူဌေးကြီးလက်ထဲက ပိုက်ဆံဟာသူတို့ ဝမ်းရေးအတွက်

အရေးကြီးဆုံးအရာ မရှိမဖြစ် လိုအပ်နေတဲ့ အရာလို့ သူတို့မြင်ခဲ့တယ် (သူတို့အမြင်မှန်ပါတယ်..တကယ်လဲ ဒုက္ခရောက်နေကြတာကိုး)

ကျန်တဲ့ လူငယ်လေးကတော့ သူကိုယ်တိုင်လည်း ဆာလောင် နေတာ မှန်ပေမဲ့ သူ့အတွက်ထက် သူတပါးအတွက်ကို အလေးထားပြီးမြင်ပေးခဲ့တယ်

သူမြင်တာက ပိုက်ဆံ မဟုတ်ဘူး ဆာလောင်နေတဲ့ သူ့သူငယ်ချင်းတွေကို မြင်ခဲ့တာပါသူ့ရဲ့ အမြင်ဟာ ကျန်တဲ့ နှစ်ယောက်နဲ့ မတူခဲ့ပါဘူး။

အဲဒီလူငယ်လေးဟာ တချိန်မှာ ဘရာဇီးနိုင်ငံရဲ့ ၃၅ ယောက်မြောက် သမ္မတ (Luiz Inacio Lula da Silva) ဖြစ်လာ ခဲ့ပါတယ်။

Credit