News

“နိမ့်ပါးတဲ့ အတွေးအခေါ်တွေကို ဆက်လက်ရှင်သန်အောင် မြှောက်ပေးသလိုဖြစ်နေတဲ့ ဂျမ်းတောမလေးရဲ့ ဖြစ်ရပ်..”

မိဘကို လုပ်ကျွေးတဲ့သမီးလေးဆိုပြီး လှူဒါန်းကြတာ ကြည်နူးစရာကောင်းပေမယ့်.. အလှူငွေတွေရပြီး အဆင်ပြေနေတာ မိဘကိုလုပ်ကျွေးလို့ဆိုတဲ့ကိစ္စက ဒီကလေးအရွယ်အတွက် ဘောင်မဝင်ဘူး.. အပေါစားမိဘတွေအတွက် ကလေးတွေကို ဆက်ခိုင်းစားလို့ကောင်းစေမယ့် မြှောက်ထိုးပင့်ကော်လုပ်ပေးနေတဲ့ စကားလိုပဲ.. တာဝန်မယူနိုင်ပဲ မွေးပြီးခိုင်းစားနေတာကို.. ဝိုင်းမြှောက်ပေးသလို ဖြစ်လို့..

ကိုယ်တော့ ကလေးပဲ သနားတယ်.. ကျောင်းနေရမယ့်အရွယ်.. လွတ်လွတ်လပ်လပ် ဆော့ကစားနေရမယ့်အရွယ်.. ဒါကို တစ်အိမ်လုံးကို ရှာကျွေးနေရတာ.. ဂုဏ်ယူတယ်ဆိုတော့.. နဂိုထဲက နိမ့်ပါးတဲ့အတွေးအခေါ်တွေကို ဆက်လက်ရှင်သန်အောင် မြှောက်ပေးနေသလိုပဲ.. ဒလိုနဲ့ ဒီလော့ဂျစ်အမှားကြီးကို တလွဲဆက်သုံးကြအုံးမယ်..

ဒီလိုနဲ့ အပေါစားမိဘတွေက ကလေးတွေကို အဲ့စကားနဲ့ ဆက်ခိုင်းစားအုံးမယ်..

သူ့အဖေကို ကြည့်တော့လဲ ယောကျာ်းရင့်မာကြီး ခြေကောင်းလက်ကောင်းကွယ်.. လူမမယ်ခလေး အရွယ်မရောက်တဲ့ခလေးကို ခိုင်းစားရက်တယ်.. ဘယ်လိုအဖေမျိုးလဲလို့.. ကိုယ်တွေလဲ ပြည့်စုံတဲ့ဘဝက မဟုတ်ရပါဘူး.. အဖေဆိုလဲ ရရာအလုပ်လုပ်တယ်.. အမေဆိုလဲ ရတဲ့အလုပ်လုပ်ပြီး ကျောင်းထားတယ်..

အမေပြောခဲ့တဲ့စကား “သူများနားတောင်းပြီးမှ စားရမယ်ဆိုရင်တောင် သားသမီးကို အိမ်မှာ ထမင်းဝအောင်ကျွေး နေခိုင်းပြီး တောင်းပြီးပြန်လာကျွေးမယ်” တဲ့..

ကလေးတော့ တပြွတ်ပြွတ်မွေးတတ်ပြီး ရှာမကျွေးတတ်တဲ့မိဘတွေရဲ့လက်အောက်မှာ ကလေးတွေဟာ ကလေးသူငယ်အခွင့်အရေးတွေ ဆုံးရှုံးပြီး အသက်မပြည့်သေးဘဲ အလုပ်တွေလုပ်ရတာကို သားသမီးအလိမ္မာလေးဆိုတဲ့ စကားလုံးလှလှတွေနဲ့ လုပ်ရက်ကြတာ.. ပညာသင်ယူရမယ့်အရွယ်မှာ မိဘကတာဝန်ယူ ပညာမသင်ပေးတဲ့အပြင် ဝိုင်းကူတယ်ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ ကိုယ့်ကလေးကို ကျွန်ဇာတ်သွင်းနေတယ်လို့ပဲမြင်မိတယ်..

ကလေးတွေကို အရွယ်နဲ့မမျှအောင် ခိုင်းစားလို့ကောင်းအောင် မြှောက်ပေးနေသလိုပါဘဲ.. (Y.P.T’s post and comments