News

အဖွဲ့သားများအတွက်အသက်ပေးကာကွယ်ခဲ့သည့် ရဲဘော် 02 အမိန့်စာပြန် စျာပန

ဇွန် ၁၀၊ ၂၀၂၂

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့သားတွေရဲ့ကိုယ်စားခုခံတိုက်ခိုက်ရင်း ကျဆုံး ခဲ့တဲ့ရဲဘော်ဇီးတူး(02)အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့က အလေးနီပြုအမိန့်စာပြန်စျာပနပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၃)ရက်တုန်းက မန္တလေးတိုင်း၊မတ္တရာမြို့နယ်နဲ့စဥ့်ကူးမြို့နယ်ကြားက သ.စ.မ တပ်ပေါင်းစုစခန်း ကို ဒလန်တွေရဲ့အကူအညီနဲ့စစ်ကောင်စီကစစ်ကြောင်းလေးကြောင်းနဲ့ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး မြေပြင်ပျောက်ကြားမဟာမိတ်တပ်ပေါင်းစုတွေအနေနဲ့ လက်နက်အင်အား ၊လူအင်အားမမျှတာကြောင့် စခန်းမှာမိုင်းတွေဆင်ထားခဲ့ပြီး ဆုတ်ခွာဖို့လုပ်နေချိန်မှာရဲဘော်ဇီးတူးကိုကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။

ကျည်ထိမှန်ခဲ့တဲ့ရဲဘော်ဇီးတူးဟာသူ့ကိုဗုံးနှစ်လုံးပေးထားခဲ့ပြီး အားလုံးအမြန်ဆုတ်ခွာကြဖို့ပြောကာ စစ်ကောင်စီတပ်တွေကိုအသေခံခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Video

“အဖွဲ့သားများရဲ့အသက်ကို မိမိအသက်နဲ့လဲပြီး တိုင်းပြည်နဲ့ပြည်သူလူထုအ တွက် မြင့်မြတ်စွာအသက်ပေးကျဆုံးခဲ့သော သပိတ်ကျင်းမြို့နယ်၊ ဗိုလ်လင်း ယုန်Localပြောက်ကျားတပ်ဖွဲ့မှဒုတိယခေါင်းဆောင်02အား အလေးနီပြုအမိန့်တော်ပြန်မှတ်တမ်းတင်အပ်ပါတယ်”လို့ သပိတ်ကျင်း၊ စဉ့်ကူးနဲ့မတ္တရာညီ နောင်မဟာမိတ်သုံးဖွဲ့က ဆိုထားပါတယ်။

Video-စဉ့်ကူးမြေပြင်ပျောက်ကြားမဟာမိတ်တပ်ပေါင်းစု