News

“ရှေးဟောင်းစေတီကို ပြုပြင်ဖို့ တူးဖော်ရာမှ ရှေးဟောင်းဘုရားဆင်းတုတော်များ တွေ့ရှိ”

ရေကြည်၊ ဇွန်လ ၉ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ကက္ကူကြီးကျေးရွာမှာ ဇွန် ၇ ရက် မနက်ပိုင်းက ရွာမှာရှိတဲ့ရှေ့ဟောင်းစေတီ ၉ ဆူကို ပြန်လည်ပြုပြင်ဖို့ စေတီပတ်လမ်းဖောက်လုပ်ရာကနေ ရှေးဟောင်းဘုရားဆင်းတု ၁၀ ဆူထက်မနည်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။​

” ရွာကဘုရားကို အလှူရှင်ကပြန်ပြင်မယ်ဆိုတော့ ရွာကလူတွေတူးရင်းနဲ့တွေ့တာပါ။ မြေကြီးထဲကတွေ့တာ။ ရုပ်ပွားတော်၁၁ဆူလောက်တော့ရှိမယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ​ပြောပါတယ်။

လက်ရှိမှာ တူးဖော်ရရှိတဲ့ ဘုရားဆင်းတုတွေဟာ နှစ်ပေါင်းရာချီတဲ့ ရှေးဟောင်းသမိုင်း၀င်ဖြစ်နိုင်တယ်လို့ ကျေးရွာမှာနေထိုင်တဲ့ သက်ကြီးဘိုးဘွားတွေက ဆိုပါတယ်။

တူးဖော်တွေ့ရှိတဲ့ ဘုရားရုပ်ပွားတော်တွေကို ပြည်သူတွေ ဖူးမြော်နိုင်အောင် ကက္ကူကြီးကျေးရွာ ရာဇသေန ဆုတောင်းပြည့်ကျောင်းတိုက်ကြီးမှာ စီစဥ်ထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဓာတ်ပုံ – CJ

ညီညီမင်း/ဧရာဝတီတိုင်းမ်

#Ayeyarwaddy_Times