ဗဟုသုတ

“ပျိုးထောင်ချိန်ကထဲက အဖိုပင် အမပင် ခွဲခြားနည်း နှင့် သင်္ဘောသီးပင် စိုက်ပျိုးနည်း”

စိုက်ပျိုးနိုင်သည့်ဒေသများ

သင်္ဘောပင်သည်အပူပိုင်းစာသုံးသီးပင်ဖြစ်၍အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသရှိတိုင်းပြည်များတွင်စိုက်ပျိုးကြပါသည်။မြန်မာနိုင်ငံတွင်လည်းနေရာအနှံ့အပြားတွင်းစိုက်ပျိုးကြပါသည်။

သင်္ဘောမျိုးများ

သင်္ဘောတွင်အဖိုပင် အမပင်နှင့်လိင်စုံပင်အဓိကသုံးမျိုးရှိပါသည်။အဖိုပင်မှအသီးသီးသည်ကိုတွေ့ရခဲယင်းလှပါသည်။အမနှင့်လိင်စုံပင်များမှသာအသီးသီးလေ့ရှိပါသည်။

အဖိုပင်= အဖိုပင်မှာများသောအားဖြငိ့ပန်းပွင့်စောထွက်လေ့ရှိပြီးအခိုင်လိုက်ပွင့်ပါသည်။အဖိုပင်မှပုံမှန်အားဖြင့်အသီးသီးလေ့မရှိသော်လည်းအပင်ကိုထိခိုက်ဒဏ်ရာရခြင်း ထိပ်ပိုင်းဖြတ်ပေးခြင်းဖြင့်အဖိုပွင့်များကြားတွင် အမပွင့်များပြောင်းလာကာအသီးငယ်များသီးလာတတ်သည်။ဤအပင်ကိုသင်္ဘောပဒေသာဟုခေါ်သည်။

အမပင်= အမပင်သီးပွင့်၍ပွင့်သီးလေ့ရှိသည်။ထိုကြောင့်မျိုးအောင်ရနိအတွက်အခြားအပင်းမှဝတ်မှုါကူးပေးရသည်။ရာသီဥတုမြေပြောင်းလဲခြင်းကြောင့်အပွင့်သဘာဝပုံသဏ္ဍန်ပြောင်းလဲမှုမရှိပေ။

လိင်စုံပင်= အပွင့်ပွင့်ရာတွင်ပွင်တံတစ်ခုမှအပွင့်နှစ်ပွင့်သုံးပံင့်ပွင့်တတ်သည်။အပွင့်များတွင်အဖိူပွင့်နှင့်အမပွင့်များရောပါတတ်သည်။

သင်္ဘောပင်ပျိုးထောင်နည်း

သင်္ဘောပင်ပျိုးထောင်ရန်အတွက် ပျိုးဘောင် ပျိုးဖြင်း ပလတ်စတစ်အိတ် ပုံး ခွက် စသည်တို့ကိုအသုံးပြုနိုင်ပါသည်။

ပျိုးထောင်မည့်မြေသည် နွားချေးဆွေး သဲ မြေကြီးတို့ကိုဆတူရောမွှေထားသောမြေမျိုးဖြစ်ရပါမယ်။သင်္ဘောစေ့ကိုပျိုးထောင်ရာတွင်မြေနက်နက်ဖုံးမိလျှင် အစေ့ပုတ်သွားပြီးအပင်ပေါက်ညံ့ဖျင်းတတ်သည်။အစေ့ကိုမြေပါးပါးလောက်ပဲဖုံးပါ အပေါ်မှကောက်ရိုးပါပါဖုံးအုပ်ထားပါ ရေလောင်းပေးပါ ကောက်ရိုးပါးပါးအုပ်မှလောင်းသည့်အခါအစေ့များပေါ်မလာအောင်ပါထိန်းရင် အပူဒဏ်လည်းကာကွယ်ပြီးသားပေါ့

သင်္ဘောပျိုးထောင်သူတချို့ကပျိုးထောင်ရာတွင်သွပ်ပြားကိုအောက်ခံပြီးမှယင်းအပေါ်မြေသားလေးလက်မခန့်အထူထည့်၍ပျိုးထောင်လေ့ရှိသည်။အဖိုသည်အမပင်ထက်ပိုမိုသန်စွမ်းသောကြောင့်အမြစ်သည်အောက်တွင်ခံထားသောသွပ်ပြားနှင့်မြန်ုမြန်ထိလွယ်ပေရာပြောင်းရွှေ့စိုက်ပျိုးချိန်တွင်အဖိုပင်များသည်ညှိုးနွမ်းလော့ရှိသည်။

အဖိုပင်နှင့်အမပင်ခွဲခြားရာတွင်ဤနည်းကိုအများဆုံးအသုံးပြုကြသညိ။ပျိုးသက်တစ်လခွဲမှနှစ်လသားခန့်ရှိလျှင်စိုကိခင်းသို့ပြောင်းရွေ့စိုက်ပျိုးနိုင်ပါသည်။

ပျိုးအိပ်ဖြငိ့လည်းတစ်ပင်ချင်းစီပျိုးနိုင်ပါသည်။

မြေပြုပြင်နည်း

စိုက်ကျင်းတူးမယ့်နေရာတွင်ရေမဝပ်နိုင်သောနေရာဖြစ်ရမည်။စိုက်ကျင်းတစ်ကျင်းနှင့်တစ်ကျင်းအကွာအဝေးမှာမျိုးကိုလိုက်၍8-12ပေအထိထားသင့်သည်။မိုးများသောဒေသများတွင်တစ်ပေပတ်လည်ကျင်းတူးသင့်သည်။စိုက်ကျင်းတစ်ကျင်းတွင်နွားချေးဆွေး သို့သစ်ရွက်ဆွေးမြေသြဇာစသည်သဘာဝမြေသြဇာများကိုခွဲတောင်းတစ်လုံးခန့်ထည့်ပေးသည်။သင်္ဘောပင်ကိုစိုက်ပျိုးရာတွင်လေးကွက်ကျားစနစ်ဖြင့်စိုက်ပါကအပင်အရေအတွက်15ရာခိုင်နှုန်းပိုဝင်သည်။လေးကွက်ကျားစနစ်ဖြင့် ရှစ်ပေ×ရှစ်ပေ အကွာစိုက်ပါကတစိဧကတွင်သင်္ဘောပင် 680ခန့်ဝင်၍ 12ပေ×12ပေအကွာစိုက်လျှင်တစ်ဧကတွင်301ပင်ဝင်ဆမည်။

ရွေ့ပြောင်းစိုက်ပျိုးနည်း

အသင်ပြင်ဖားသောစိုက်ကျင်းများ၌လိင်စုံပင်များကိုတစိကျင်းလျှငိတစ်ပင်ကျစိုက်၍ အဖိုအမမသေချာသည့်ရိုးရိုးပင်ဖြစ်ပါကတစ်ကျင်းလျှငိနှစိပင်ကျစိုက်ရမည်။သတိပြုရန်စည်ပိုင်းကိုမြေထဲမြုတ်အောင်မစိုက်မိရန်ဖြစ်သည်။စိုက်ပြီးလျှင်ရေကိုဝအောင်လောင်းပေးရသည်။ပျိုးမထောင်ပဲအပင်ကိုတိုက်ရိုက်စိုက်မည်ဆိုလျှငိစိုက်ကျင်းထဲသို့အစေ့များထည့်၍စိုက်ပျိုးရသည်။စီးပွားဖြစ်စိုက်ခင်းအနေဖြင့်စိုက်ပါကဝတ်မှုန်ကူးရန်အတွက်အမပင်20လျှင်အဖိုတစ်ပင်နှုန်းထားပေးရသည်။ရေမဝပ်စေရန်သတိထားရမည်။

မြေသြဇာကျွေးနည်း

ရွှေ့ပြောင်းစိုက်ပြီးအမြစ်စွဲံသည့်အချိန်မှစ၍ 6လတစ်ကြိမ်စိုက်ကျင်းတစ်ကျင်းလျှင်နွားချေးဆွေးတစ်တောင်ခန့်ကျွေးရပါသည်နွားချေးဆွေးမြေသြဇာကျွေးချိန်တွင်တစ်ဧကလျှင် ယူရီးယား 12ပေါင် တီစူပါ240ပေါင်နှင့် ပိုတ် 240ပေါင်နှုန်းကျွေးပေးရသည်။ဓာက်မြေသြဇာများကျွေးရာတွင်အမြစ်များ သွားသည့်အကွာအဝေးထိအနှံ့ပတ်ကျဲပေးရသည်။အမြစ်များသည်အပင်အမြင့်ထက်ပို၍ရှည်အောင်သွားနိုင်ကျသည်။ဓာက်ပြေသြဇာကျွေးပြီးချိန်တွင်ရေဝအောင်ဆလာင်းပေးရသည်။မက်ဂနီဆီယမ်ချို့တည့်သောမြေများတွင်သင်္ဘောပင်အောက်ရွက်များဝါကျင်ခြင်းအသီးတွင်သကြားဓာက်နည်းသွားခြင်းနှင့်အနံအရသာသိသိသာသာညံ့ဖျင်းသွားခြင်းတို့ဖြစ်တတ်သည်။ထိုသို့မက်ဂနီစီယမ်ဓာက်ချို့တည့်မှုဖြစ်ပါက မက်ဂနီစီယမ်ဆာလဖိတ်(ဓာက်ဆား)ကိုရေဖျော်၍အရွက်များပေါ်နှံ့အောင်ဖျန်းပေးရပါသည်။

ဆွတ်ခူးခြင်းနှင့်အထွက်

စိုက်ခင်းသိုပြောင်းရွေ့စိုက်ပျိုးပြီးလေးငါးလကြာလျှင်ပန်းစပွင့်၍ခြောက်လကြာလျှင်အသီးစတင်သီးသည် သုံးနှစ်သားအရွယ်ထိအသီးအထွက်ကောင်းသည်။မျိုးကိုလိုက်၍တစ်ပင်လျှင်အသီး50မှ100အထိသီးနိုင်သည်။သင်္ဘောပင်များကိုလေးကွက်ကျားစနစ်ဖြင့်စိုက်ပါကသင်္ဘောတစ်ပင်သည်ပျမ်းမျှ70ခန့်သီးလျှင်တစ်ဧမှအသီးပေါင်း47600ရနိုင်သည်။

မှတ်ချက်။ ။ ရေလုံးဝမဝပ်ရန်အရေးကြီးပါသည် ယခုပြောပြချက်များသည်ယေဘုယျအားဖြင့်ရေးသားခြင်းဖြစ်၍တကယ့်လက်တွေ့စိုက်ပျိုးရာတွင်နေရာဒေသအလိုက်စိုက်ပျိုးသူများမှနည်းလမ်းများကွဲလွဲနိုင်ပါသည်။နည်းလမ်းကောင်းလေးများလည်းအကြံပြုနိုင်ပါသည်။

အားလုံးအဆင်ပြေကြပါစေ။

စိုက်ပျိုးရေး နည်းပညာ