ဗဟုသုတ

“လူတွေ သိပ်မသိကြသေးတဲ့ ပုဂံက ထူးခြားလှတဲ့ နေရာတစ်ခု”

ပုဂံသွားရင် ဒီနေရာလေးကလူတွေ မသိကြလို့ပါ 🙏🙏🙏

ပုဂံ ညောင်ဦးဖက်က လူအရောက်နည်းတဲ့ နေရာဆိုလည်းမမှားပါဘူး။

သဘာဝမြေကြီးကို ထွင်းထားတဲ့ ရှင်အရဟံသတင်းသုံးခဲ့တဲ့ဂူ လို့လည်းဆိုပါတယ်။

အချို့ကလည်း သူ့ဘာသူဖြစ်လာတဲ့ဂူလို့လည်း ပြောကြပါတယ်။

Google map နဲ့ရှာရင် မတွေ့ပါဖူးလို့ပြောပါတယ်။

ဒီဂူဘုရားလေးဟာ သမီးဝှက်ဥမင်အနီးမှာ ရှိတာပါ။

သမီးဝှက်ဥမင်ကိုတော့ Google map မှာ ရှာရင်ရ ပါတယ်။ ငှက်ပစ်တောင် နဲ့လည်းနီးပါတယ်။

သမီးဝှက်ဥမင် ငှက်ပစ်တောင်နားကို Goole Map ကနေသွားလို့ရောက်ရင်တော့ ဒေသခံများကိုမေးစမ်းသွားလျင်တော့ ရောက်ဖို့နီးစပ်သွားပါပြီ။

ဂူကို အပြင်ကကြည့်ရင် သေးတယ်ထင်ရပေမယ့် ဝင်ကြည့်ရင် တကယ်အံ့ဩဖို့လည်း ကောင်းပါတယ်။

ဂူအတွင်းပိုင်းဟာ နွေရာသီတောင်အေးတဲ့ အငွေ့အသက်တွေရှိနေပါတယ်။အဓိကတော့ ဘုရားရိပ် တရားရိပ်ကုသိုလ် အရိပ်တွေဟာအေးမြ အေးချမ်းတဲ့ ပကတိပင်ကိုယ် ဂုဏ်သတ္တိကြောင့်လည်းပါပါတယ်။

မူရင်း တင်သောစာနှင့်

Photoများကို Crd ပေးပါတယ်။