News

“တေးသံရှင်မနော ၏ သားနှင့်သမီး သာသာနာ့ဘောင်သို့ အပြီးဝင်ရောက်”

“သမီးလေး မေကြေးမုံ နှင့် သားလေး ဘုန်းပြည့်စုံ သာသနာ့ဘောင်မှာ အပြီးအပ်နှင်းလိုက်ပြီ။

မိဘတိုင်း သားသမီးများနှင့် ဘယ်ခွဲချင်ပါ့မလဲ။ သိပ်ကိုပင်ပန်းကြမှာပါ။

အမှန်တကယ် မေတ္တာအစစ်နဲ့ ပေးဆပ်ချစ်နိုင်ဖို့တော့လိုပါတယ်။ ဒီဘဝအတွက်လောက်ပဲ ချမ်းသာခြင်းကိုပေးတာ မဟုတ်ပါ။ သူတို့လေးတွေကို တန်ဖိုးထားသလို လေးစားဦးညွှတ်ပါတယ်။

ယခင် နှင့် ယခု ဘဝတွေက ကျနော်တို့မိဘနှစ်ပါးရဲ့ ဖန်တီးခဲ့သော အကြောင်းများကြောင့် ယခုဘဝမှာ သားလေးသမီးလေးတွေဆိုတဲ့ အကျိုးတရားတွေ သမုဒယတွေရရှိခဲ့ရပြီပေါ့။ နောင်ဘဝဆိုတာကြီးကို ပြန်မရစေဖို့ အကြောင်းတွေ မဖန်တီးဖြစ်အောင် ပြုလုပ်ရခြင်းသာဖြစ်ပါတယ်။

ခန္ဓာရခြင်းဟာ ဒုက္ခရခြင်းအတိဖြစ်ပါ၍ သမုဒယသစ္စာကို အရှင်းသားကြီး မြင်နိုင်မှာ ဖြစ်ပါတယ် ။

ဤကုသိုလ်များကြောင့် အားလုံးသော လူနတ်ဗြဟ္မာသတ္တဝါအပေါင်း ထပ်တူရပါစေခင်ဗျာ။

အများအမြင် ကိုယ်ချင်းမစာသူကြီး “မောင်မနော” ဆိုပြီး မနောက သူရဲ့ဖေ့ဘွတ်ခ်စာမျက်နှာ ထက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

#36Myanmar

#ManawFB