ဗဟုသုတ

” စီးပွားဖြစ်စိုက်ပျိုးရေး စတင်မည့်သူများအတွက် အကြံပြုချက်များ “

စိုက်ပျိုးရေးကို စီးပွားဖြစ်စမ်းသပ်ချင်သူတွေ၊ ယခုမှစီးပွားဖြစ်စတင်စိုက်ပျိုးမယ့်လူများအအတွက် အကြုံပြုချက်လေးများကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

Business Plan အရင်ချပါ။

စိတ်ဝင်စားလို့ စိုက်ပျိုးရေးကို စမ်းသပ်ချင်တာ ကောင်းပါတယ်။ ဒါပေမဲ့ အစီအစဉ်မရှိပဲနဲ့တော့ အဆင်ပြေရာရာကို စိုက်ပျိုးနေရင် ရေရှည်မှာ အဆင်မပြေပါဘူး။ စိုက်ပျိုးနေရင်းနဲ့မှ နားလည်ကျွမ်းဝင်လာပြီး အစီအစဉ်ချတာကောင်းသလို မစခင်ကတည်းက ကြိုတင်ပြီး အစီအစဉ်ချထားလည်း ပိုကောင်းပါတယ်။

စိတ်ရှည်ပါ။

ယခုမှစတင်ခြင်းဖြစ်တဲ့အတွက် ပထမဆုံးနှစ်တွေမှာ အမြတ်ရဖို့ရာခက်ခဲသလို တစ်ခါတလေမှာ လိုအပ်သော ပစ္စည်းကိရိယာများ ဝယ်ယူလိုက်တဲ့အတွက် အရှုံးပေါ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ပထမပိုင်းနှစ်တွေမှာ အဆိုးရွားဆုံးအခြေအနေတွေ အတွက်ကြိုတင် ပြင်ဆင်ထားဖို့၊ အစီအစဉ်တွေရှိဖို့ လိုအပ်ပါတယ်။

ချေးငွေလည်းအတတ်နိုင်ဆုံးမယူတာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ရရှိလာသောဝင်ငွေလည်ပတ်မှုမှာချေးငွေကို ပြန်ဆပ်နေရမှာ ဖြစ်တဲ့အတွက် အမြတ်ရဖို့အခွင့်အရေးနည်းပါတယ်။

စိုက်ပျိုးရေးကို စီးပွားရေးလို့ သတ်မှတ်ပြီးလုပ်ကိုင်ပါ။

ဝါသနာပါလို့၊ စမ်းသပ်ချင်လို့ စိုက်တာဆိုရင်တော့ ဥယျာဉ်ခြံစိုက်ခြင်း၊

မိမိအိမ်ခြံဝန်းထဲမှာ စိုက်ခြင်းတို့ကိုသာရွေးချယ်သင့်ပါတယ်။ စီးပွားဖြစ် စိုက်ပျိုးပြီဆိုရင်တော့ အရှုံးအမြတ်၊ လိုအပ်သောအတတ်ပညာ၊ လုပ်ဆောင်မှုတွေနဲ့
စျေးကွက်သဘော စတာတွေကိုနားလည်ထားဖို့လိုပါတယ်။

အကျိုးရှိအောင်စိုက်ပျိုးပါ။

အများကြီးစိုက်ပြီး မဖြစ်ထွန်းတာထက် နည်းနည်းစိုက်ပြီးများများဖြစ်ထွန်းတာပိုကောင်းပါတယ်။ ငွေလည်းအများကြီးမကုန်ပဲ တိကျသေချာတဲ့ ထွက်နှုန်းကို
ရရှိနိုင်မှာဖြစ်ပါတယ်။

မိမိငွေကြေးလည်ပတ်မှုကို အမြဲတမ်းဂရုစိုက်ဆန်းစစ်ပါ။

အသုံးစရိတ်ကိုထိန်းချုပ်ပါ။ လိုအပ်သောအရာများကို ဝယ်ယူရာတွင် မှန်ကန်စွာရွေးချယ်ပါ။ မိမိရဲ့ လစဉ်ဝင်ငွေ နဲ့ ထွက်ငွေကို သေချာမှတ်သားပြီး
ဆန်းစစ်ပါ။

မိမိရဲ့ရင်းနှီးမြှုပ်နှံမှုဟာ ရသင့်တဲ့အမြတ်ရနေရဲ့လား၊ မရရင်ဘယ်လိုအပိုကုန်ကျမှုတွေကိုလျှော့ချရမလဲ၊ ဘယ်လိုအမြတ်အများဆုံးရအောင်လုပ်နိုင်မလဲ စသည်ဖြင့်အမြဲတမ်းငွေလည်ပတ်မှုကို ထိန်းချုပ်ထားသင့်ပါတယ်။

စျေးကွက်ကိုနားလည်ခြင်း

စတင်မစိုက်ပျိုးခင်ကတည်း မိမိရောင်းချရမဲ့ စျေးကွက်အကြောင်းကို သေချာလေ့လာထားသင့်ပါတယ်။ ဘယ်လိုအချိန်တွေမှာ စျေးအတက်အကျတွေရှိမယ်၊ ရာသီဥတုကြောင့် (သို့) အခြားပြင်ပအကြောင်းတရားများကြောင့် စျေးကွက်ကဘယ်လိုပြောင်းလဲနိုင်တယ်၊ ရုတ်တရက်စျေးအတက်အကျ ရှိ၊မရှိ စတာတွေကို နားလည်ထားဖို့လိုပါတယ်။

စျေးနှုန်းကိုလေ့လာတာထက်စာရင် စျေးကွက်ကိုလေ့လာခြင်းဟာ ပိုမိုအထောက်အကူဖြစ်မှာပါ။

အချိန်ကိုစေ့စပ်သေချာစွာ အသုံးချခြင်းစီမံခန့်ခွဲမှု အပေါ်မှာ အာရုံစိုက်ပါ။ လုပ်ငန်းကျွမ်းကျင်သော အလုပ်သမားများကို အသုံးပြုပါ။ ဘယ်နေ့မှာ ဘယ်လုပ်ငန်းပြီးရမယ်စသည်ဖြင့် အချိန်ဇယားရေးဆွဲလုပ်ဆောင်ပါ။ ပုံမှန်နေ့စဉ်ပြုလုပ်ရမဲ့အရာများလည်း သတ်မှတ်ထားပါ။

ဒီလိုပြုလုပ်ခြင်းဖြင့် အချိန်ကိုအကျိုးရှိအောင်အသုံးချရာ ရောက်ပါတယ်။

ဝယ်ယူသူအတွက် အရည်အသွေးစံနှုန်းတစ်ခုဖန်တီးပေးပါ။

မိမိရဲ့ သီးနှံထွက်ကုန်တွေကို ဝယ်ယူမဲ့လူနေရာက စဉ်းစားပြီးသူ့အတွက် ဘယ်လိုစံနှုန်းထားပေးရမယ်စဉ်းစားပါ။ သီးနှံအရည်အသွေး၊ သီးနှံထွက်ကုန်များ သိုလှောင်ပုံ၊ သယ်ယူပို့ဆောင်ခြင်း စတဲ့အချက်တွေမှာ သူများနဲ့မတူကွဲပြားကောင်းမွန်အောင် ပြုလုပ်ပေးပါ။

ဥာဏ်ရှိပါ။

စိုက်ပျိုးပညာရှင်များ၊ အကြံပေးများနဲ့တိုင်ပင်ဆွေးနွေးပါ။ အခြားအောင်မြင်နေပြီးသော စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးနှင့်ဆက်စပ်နေသော နယ်ပယ်မှလုပ်ငန်းရှင်များနှင့် အဆက်အသွယ်ရအောင် ပြုလုပ်ပါ။ မိမိရဲ့ စီမံခန့်ခွဲနိုင်မှု၊ ဦးဆောင်နိုင်စွမ်း၊ ပြသနာဖြေရှင်းနိုင်စွမ်း စတာတွေကို မြှင့်တင်ပါ။

အနားယူပါ။

ဘယ်လောက်ပဲကြိုးစားကြိုးစား မိမိစိတ်အခြေအနေဟာ ရှုပ်ထွေးနေရင် ဆုံးဖြတ်ချက်များမှားယွင်းတတ်ပြီးတော့ အလုပ်လုပ်နိုင်စွမ်းလည်းကျဆင်းတတ်ပါတယ်။ ဒါကြောင့် အလွန်အကျွံအလုပ်လုပ်မိစေရန် သတိထားပြီး အရမ်းမွန်းကြပ်လာပါက မိမိကိုယ်မိမိအနားပေးသင့်ပါတယ်။

ဒီအချက်တွေအကုန်လုံးဟာ စိုက်ပျိုးရေးပြုလုပ်နေသူ၊ စတင်ရန်ကြိုးစားနေသူ တောင်သူများအတွက် အင်တာနက်ပေါ်မှဘာသာပြန်၍ ကောက်နုတ်တင်ပြခြင်း
ဖြစ်ပါတယ်။

#Credit