ဗဟုသုတ

“သနပ်ခါးအတု ဂျင်းမမိကြစေဖို့၊ (သနပ်ခါး အတု/အစစ်ခွဲခြားနည်း။)”

နှစ်ကာလ များစွာတိုင်အောင် သနပ်ခါး အတုဝယ်မိနေတဲ့ မြန်မာတွေ အတွက် ဒီနေ့ သနပ်ခါး အတုနဲ့အစစ် ခွဲနည်းလေး တင်ပေးပါရစေ။

သနပ်ခါးပင်က ဈေးအသင့်အတင့် ပေးကြရတာမို့ အချို့ အကျင့်ပျက်တွေက သနပ်ခါးပင်နဲ့ ချွတ်စွပ်တူတဲ့ သစ်ပုလွေကို သနပ်ခါး ဆိုပြီး လိမ်လည် ရောင်းချလေ့ ရှိပါတယ်။ သစ်ပုလေပင်ကို ဖြတ်ပြီး သနပ်ခါး အစစ်တုံးလေးနဲ့အတူ ပြုတ်လိုက်ရင် ခဏယာယီ အားဖြင့်တော့ သနပ်ခါးနံ့လေး သင်းသွားတော့ အနံ့ရှုကြည့်ရုံနဲ့တော့ အတု အစစ် ခွဲခြားရ ခက်သွားတတ်ပါတယ်။

ခြားနားချက်များ

အရွက်၊

သစ်ပုလွေ အရွက်တွေက အရွက်ချောပါတယ်၊ အရွက် အရွယ် နည်းနည်း ကြီးပေမယ့် အရွက် ပါးပါတယ်။

သနပ်ခါး အရွက်ကတော့ အရွက်ကြမ်းပါတယ်၊ အရွက်သေးပေမယ့် အသားထူပါတယ်။

အရွက်ပုံတွေ ကြည့်ရင်တော့ မတူတာ ကွဲကွဲပြားပြား သိသွားမှာပါပဲ။

အပင်

သစ်ပုလွေ ပင်စည်က အပွေးညက်ပါတယ်။ အပွေးတွေကြား မြောင်းသိပ်မနက်သလို အပွေးတွေက မကြမ်းပါဘူး၊

အရောင်ကလည်း ဖျော့ပါတယ်။ အပင်ဆိုဒ် အရမ်း မကြီးပါဘူး။

သနပ်ခါး ပင်စည်က အပွေးညက်ပါတယ်။ အပွေးတွေကြား မြောင်းကလည်း နက်သလို အပွေးတွေက ကြမ်းပါတယ်။

ပင်စည်လုံးလည်း အသေးကနေ အတော်ကြီးကြီးအထိ ရှိပါတယ်။ အရောင်လည်း နက်ပါတယ်။

ဖြတ်ပိုင်း

သနပ်ခါးတုန်း ဖြစ်တဲ့အခါဆိုရင် အထက်က အချက်တွေအပြင် ဖြတ်ထားတဲ့ အတုံး အပိုင်းလေးတွေထဲကို ကြည့်ရပါမယ်။ ဖြတ်ထားတဲ့ သနပ်ခါးတုံး ပိုင်းလေးတွေထဲ သစ်ပုလွေကတော့ (အတွင်းအရစ်) တွေ ပါပါတယ်။ သနပ်ခါးက အတွင်း အရစ်တွေ မပါတာက သိသာစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

သနပ်ခါး အတုအစစ် ကွဲပြားမှုကို လူတိုင်းသာ သေသေချာချာ သိသွားရင်တော့ အတုရောင်းစားတဲ့သူတွေ လျှော့နည်း ပပျောက်သွားမှာပါပဲ။

အဖိုးတန် သနပ်ခါး အစစ်လေးတွေကို တန်ဖိုးထားကြသူတွေအတွက် မှတ်သားထား ထားသင့်လှပါတယ်။

SSS Forest Agri Services Ltd

ဓါတ်ပုံ- အင်တာနက်

မူလ ဓါတ်ပုံပိုင်ရှင်များကို လေးစားစွာဖြင့် Credit ပေးပါသည်။