ဗဟုသုတ

“တစ်ဧက စိုက်ထားရင် တစ်နှစ် ဝင်ငွေ သိန်း(၆၀) ရနိုင်တဲ့ လေချူသီးပင် စိုက်ပျိုးနည်း”

လေချူသီးပင် စိုက်ပျိုးနည်းစနစ်

အပူပိုင်း အအေးပိုင်း၂မျိုးလုံး စိုက်ပျိုးနိုင်ပါတယ်။

အပင်စိုက်ရန် အကွာအဝေးမှာ

၁၃ ပေ × ၁၅ ပေ = ၂၀၀ ပင်/ဧက

၁၅ ပေ × ၁၅ ပေ = ၁၇၀ ပင်/ဧက

၂ ပေ ပတ်လည် ကျင်းတူးပြီး နွားချေး ၁ အိတ်မြေခံထည့် နှပ်ပေးရမည်။

၃ နှစ်သားတွင် အသီးစသီးမည်။ ၃-၅ ပိသာ/တစ်ပင်အပင်ပြုစုပုံ ရေလောင်း ပေါင်းရှင်း မြေဩဇာကျွေးချင်း သဘာဝမြေဩဇာ မြေဆွေးကို မိုးဦးနှင့်မိုးနှောင်းတွင် ၂ ကြိမ် ကြွေးပေးရမည်။

ဓာတ်မြေဩဇာကို ၁ နှစ်လျှင် ၃ ကြိမ် တစ်ကြိမ် တစ်ပင်လျှင် နို့ဆီဗူး ၁-၅ အထိ ကြွေးပေးရန်လိုအပ်သည်။

၄ နှစ်သားအရွယ်မှာ အသီးကောင်းကောင်းစတင်သီးပြီဖြစ်သည်။

တပင်ကို ၃၀-၅၀ ပိသာအထိ အသီးရရှိနိူင်မည်ဖြစ်ပါသည် ။

အသီးသီးချိန်တွင် ဓာတ်မြေဩဇာကို ၁ နှစ် လေးကြိမ်ခွဲကျွေးရန် လိုသည်။ တစ်ပင် ၅-၆ ဗူးအထိ ကျွေးရမည်

သဘာဝမြေဩဇာကို တစ်နှစ် ၂ ကြိမ်ကျွေးရမည်။

လုံလောက်စွာ ကျွေးပေးနိုင်ပါက ပို၍ကောင်းမွန်ပါသည်။

ပန်းစပွင့်ချိန်မှ အသီး ဆွတ်ခူးချိန်အထိ ၄-၅လ ကြာပါသည်။ အသီးခူးပြီးပါက ကိုင်းပြင် ကိုင်းဖြတ်ပြုလုပ်ပေးရမည်။

အပင်မြင့် ၁၀-၁၂ ပေ အထိသာ ထားရမည်

လေချူပင်မှာ ရာသီလွှဲ သီးနှံအဖြစ် ပြုလုပ်ရန်လွယ်ကူပါသည်။

အသီးကိုလည်းအစိုအခြောက် ၂မျိုးလုံး ရောင်းချနိူင်ပါတယ်

ကဲ ဝင်ငွေ အကျမ်းတွက်နည်း

တပင် ၃၀ပိသာ

တပိသာ၁၀၀၀ကျပ်နူံး

တဧက၂၀၀ပင်

၃၀×၁၀၀၀ ×၂၀၀=၆၀၀၀၀၀၀

အလွန်များတဲ့ဝင်ငွေပါ

များများမဟုတ်ပါ ဧက၅၀လောက်များ စိုက်လိုက်ရလျင် ၆၀၀၀၀၀၀×၅၀ဧက=၃၀၀၀၀၀၀၀၀

သိန်း၃ထောင်ပါ

သိန်း၃ထောင်မရလည်းတဝက်လောက်ပေါ့

သိန်း၁၅၀၀ဆိုလည်း နည်းလားဗျာတကြိမ်စိုက်ပျိုးပီးပါကလည်းနှစ်၅၀မှ ၈၀ထိ သက်တမ်းရှည်ပါတယ်။

စိုက်ပျိုးရေး နည်းပညာမှ

လေးစားစွာဖြင့် မျဝေပေးလိုက်ပါတယ်ဗျာ☑👍👈

#credit